[Zawgyi]

ေမြးေန႔အမွတ္တရအျဖစ္ အုတ္ခြက္ဘုရားပင့္ေဆာင္ပူေဇာ္ေနတဲ့ တကၠသိုလ္ဂြမ္းပံု

ပရိသတ္အခ်စ္ေတာ္ေလး မမဂြမ္း (တကၠသိုလ္ဂြမး္ပံု) ရဲ႕ ေမြးေန႔ကေတာ့ ၾသဂုတ္လ ၃၁ ရက္ေန႔ပါတဲ့ေနာ္။ တကၠသိုလ္ဂြမ္းပံုဟာ သရုပ္ေဆာင္ေလာကကို ဝင္တဲ့အခ်ိန္က စျပီး အခုအခ်ိန္အထိ ရုပ္ရွင္ဇာတ္ကားေတြမ်ားစြာနဲ႔ ဗီဒီယုိဇာတ္ကားေပါင္းမ်ားစြာမွာ ပရိသတ္အလိုက် အသံုးေတာ္ခံ သရုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဇာတ္ပုိ႔ ဇာတ္ရံေနရာက သရုပ္ေဆာင္ရတာမ်ားေပမယ့္ ဇာတ္ေဆာင္မင္းသား၊ မင္းသမီးေတြေလာက္ အခ်စ္ခံရတဲ့ မမဂြမ္းပံုဟာ သူ႔ေမြးေန႔အၾကိဳအေနနဲ႔ သကၤန္းကၽြန္းေနအိမ္မွာ ‘ေအးခ်မ္းေအာင္ျမင္အုတ္ခြက္ဘုရားၾကီး’ ကို ၾသဂုတ္လ ၂၉ ရက္ေန႔ ညေန ၄ နာရီကေန ၾသဂုတ္လ ၃၀ ရက္ေန႔ ေန႔လည္ ၃ နာရီအထိ ပူေဇာ္ထားရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါတင္မဟုတ္ဘဲ လာေရာက္ဖူးေမွ်ာ္ၾကည္ညိုသူေတြကိုလည္း ဒန္ေပါက္၊ မုန္႔စတာေတြနဲ႔ ဧည့္ခံလွဴဒါန္းခဲ့ပါတယ္။

မဂြမ္းရဲ႕ ေမြးေန႔အတြက္ ေမြးေန႔ဆုေတာင္းေပးရင္း ေမြးေန႔အၾကိဳအလွဴကိုလည္း သာဓုေခၚလိုက္ရေအာင္ေနာ္။

www.akhayar.com

Photo Credit : Tekktho Goon Poon
[Unicode]

မွေးနေ့အမှတ်တရအဖြစ် အုတ်ခွက်ဘုရားပင့်ဆောင်ပူဇော်နေတဲ့ တက္ကသိုလ်ဂွမ်းပုံ

ပရိသတ်အချစ်တော်လေး မမဂွမ်း (တက္ကသိုလ်ဂွမ်းပုံ) ရဲ့ မွေးနေ့ကတော့ သြဂုတ်လ ၃၁ ရက်နေ့ပါတဲ့နော်။ တက္ကသိုလ်ဂွမ်းပုံဟာ သရုပ်ဆောင်လောကကို ဝင်တဲ့အချိန်က စပြီး အခုအချိန်အထိ ရုပ်ရှင်ဇာတ်ကားတွေများစွာနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပရိသတ်အလိုကျ အသုံးတော်ခံ သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဇာတ်ပို့ ဇာတ်ရံနေရာက သရုပ်ဆောင်ရတာများပေမယ့် ဇာတ်ဆောင်မင်းသား၊ မင်းသမီးတွေလောက် အချစ်ခံရတဲ့ မမဂွမ်းပုံဟာ သူ့မွေးနေ့အကြိုအနေနဲ့ သင်္ကန်းကျွန်းနေအိမ်မှာ ‘အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကြီး’ ကို သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီကနေ သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၃ နာရီအထိ ပူဇော်ထားရှိခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်ဘဲ လာရောက်ဖူးမျှော်ကြည်ညိုသူတွေကိုလည်း ဒန်ပေါက်၊ မုန့်စတာတွေနဲ့ ဧည့်ခံလှူဒါန်းခဲ့ပါတယ်။

မဂွမ်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးရင်း မွေးနေ့အကြိုအလှူကိုလည်း သာဓုခေါ်လိုက်ရအောင်နော်။

www.akhayar.com

Photo Credit : Tekktho Goon Poon