[Zawgyi]

လူျပက္ကြန္တီ (Conte) စိတ္ညစ္သြားသလား

ခ်ယ္လ္ဆီးနည္းျပ ကြန္တီ(Conte) ကို မန္ခ်က္စတာယူႏုိက္တက္နည္းျပ ေမာ္ရင္ဟို (Mourinho) က ေဘာလံုးကြင္းထဲက လူျပက္လို႔ ရည္ညႊန္းေခၚဆိုခဲ့ဖူးပါတယ္။ လြန္ခဲ့တဲ့ (၂)လေလာက္တုန္းက ကြန္တီနဲ႔ ေမာ္ရင္ဟိုၾကား အျပန္အလွန္စကားလံုးတုိက္ပြဲျဖစ္ပြားခဲ့ခ်ိန္မွာ ေမာ္ရင္ဟိုက လူျပက္ဆိုတဲ့အသံုးအႏႈန္းကို သံုးစြဲခဲ့တာပါပဲ။

ၿပီးခဲ့တဲ့ရက္ပုိင္းမွာ ေမာ္ရင္ဟိုေျပာတဲ့ လူျပက္ကေလး ကြန္တီဟာ လူျပက္ေတြရဲ႕ က်ီစယ္မႈကို ရင္ဆုိင္လုိက္ရပါတယ္။ အလက္ဆန္ဒ႐ိုအြန္နစ္ (Alessandro Onnis) နဲ႔ စတီဖာႏုိေကာ္တီ(Stefano Corti) လို႔အမည္ရတဲ့ အီတလီအစီအစဥ္တင္ဆက္သူႏွစ္ဦးက ဦးစီးၿပီး ကြန္တီကို က်ီစယ္ခဲ့တာပါပဲ။ ဟားလ္စီးတီးနဲ႔ အက္ဖ္ေအဖလားပြဲမတုိင္မီ သတင္းစာရွင္းလင္းပြဲမွာ မန္ခ်က္စတာယူႏုိက္တက္အသင္း၀တ္စံု ကုိင္ေဆာင္ထားသူလူျပက္တစ္ဦးဟာ ကြန္တီအနားေရာက္လာတယ္။ ၿပီးေတာ့ သူ႕လက္ထဲက Tablet က ဗီဒီယိုဖုိင္ကိုျပသလုိက္တယ္။ ဗီဒီယိုထဲမွာ အလက္ဆန္ဒ႐ိုအြန္နစ္နဲ႔ စတီဖာႏုိေကာ္တီတို႔က “ ကြန္တီေရ၊ မင္းရဲ႕ သူငယ္ခ်င္းအသစ္စက္စက္ႀကီး ဟိုေဆးေမာ္ရင္ဟိုဆီက လက္ေဆာင္ပို႔လုိက္ပါတယ္။ သူေျပာတာက ခင္ဗ်ားကို အရမ္းခင္တယ္ဆုိတာပဲ။ ၾကည့္လုိက္ပါဦး၊ မင္းဆီပို႔လိုက္တဲ့ မန္ခ်က္စတာယူႏုိက္တက္ ၀တ္စံုမွာ  သူငယ္ခ်င္းေမာ္ရင္ဟို ဆုိၿပီးလက္မွတ္ထိုးထားေသးတယ္ေလ။ ေနာက္တစ္ခါ ေမာ္ရင္ဟိုနဲ႔ ေတြ႕ရင္ အဆင္ေျပေျပေနၿပီး ၿငိမ္းခ်မ္းေရးယူပါ့မယ္လုိ႔ ကတိေပးပါလားဗ်ာ၊ လုပ္ပါ ကြန္တီရ၊ ေမာ္ရင္ဟိုနဲ႔ ထာ၀ရသူငယ္ခ်င္းလုိ ေနစမ္းပါ” လို႔ ေျပာဆုိခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲမွ ျမင္ကြင္း

သတင္းစာရွင္းလင္းပြဲမွ ျမင္ကြင္း

သူ႕အနားေရာက္လာၿပီး ဗီဒီယိုေတြျပ၊ သူၾကည့္မရတဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ ေမာ္ရင္ဟို လက္မွတ္ပါ၀တ္စံုကို ယူလာသူေၾကာင့္ ကြန္တီ အ့ံအားသင့္ေနရတယ္။ သူ႕ကိုေပးတဲ့ မန္ခ်က္စတာယူႏုိက္တက္၀တ္စံုကို ကြန္တီ လက္မခံခဲ့ပါဘူး။ သတင္းစာရွင္းလင္းပြဲမွာ ကြႏ္တီကို လာက်ီစယ္တဲ့ လူျပက္ကုိ  လံုၿခံဳေရးေတြက ေခၚေဆာင္သြားခဲ့ပါတယ္။ တကယ္ဆုိ ကြန္တီကို ေပးခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္၀တ္စံုမွာ ေမာ္ရင္ဟိုရဲ႕ လက္မွတ္မပါခဲ့ပါဘူး။ ေမာ္ရင္ဟိုနဲ႔ ကြန္တီၾကား တုိက္ပြဲကို ဟာသလုပ္ခ်င္လို႔သာ အကြက္က်က်စီမံခဲ့တာပါပဲ။ ၿပီးခဲ့တဲ့ဇန္န၀ါရီလတုန္းကလည္ အလက္ဆန္ဒ႐ိုအြန္နစ္နဲ႔ စတီဖာႏုိေကာ္တီတို႔က ေမာ္ရင္ဟိုကို ကြန္တီနာမည္ပါ မန္ခ်က္စတာယူႏုိက္တက္၀တ္စံု ေပးခဲ့ဖူးပါေသးတယ္။ အဲဒီတုန္းက ေမာ္ရင္ဟိုက ခပ္ၿပံဳးၿပံဳးရွိေနခဲ့ပါတယ္။ ဟန္ေဆာင္အၿပံဳးလား၊ ပကတိအၿပံဳးလားဆိုတာ သူပဲသိပါလိမ့္မယ္။

ဒီျဖစ္ရပ္ေၾကာင့္ ကြန္တီ ဘယ္လုိခံစားေနရမလဲ။ ႐ုပ္သံေတြမွာ ျမင္ရတဲ့ သူ႕မ်က္ႏွာႀကီးကေတာ့ အီလည္လည္ႀကီးျဖစ္ေနတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လူပြက်ကွန်တီ (Conte) စိတ်ညစ်သွားသလား

ချယ်လ်ဆီးနည်းပြ ကွန်တီ(Conte) ကို မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို (Mourinho) က ဘောလုံးကွင်းထဲက လူပြက်လို့ ရည်ညွှန်းခေါ်ဆိုခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ (၂)လလောက်တုန်းက ကွန်တီနဲ့ မော်ရင်ဟိုကြား အပြန်အလှန်စကားလုံးတိုက်ပွဲဖြစ်ပွားခဲ့ချိန်မှာ မော်ရင်ဟိုက လူပြက်ဆိုတဲ့အသုံးအနှုန်းကို သုံးစွဲခဲ့တာပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မော်ရင်ဟိုပြောတဲ့ လူပြက်ကလေး ကွန်တီဟာ လူပြက်တွေရဲ့ ကျီစယ်မှုကို ရင်ဆိုင်လိုက်ရပါတယ်။ အလက်ဆန်ဒရိုအွန်နစ် (Alessandro Onnis) နဲ့ စတီဖာနိုကော်တီ(Stefano Corti) လို့အမည်ရတဲ့ အီတလီအစီအစဉ်တင်ဆက်သူနှစ်ဦးက ဦးစီးပြီး ကွန်တီကို ကျီစယ်ခဲ့တာပါပဲ။ ဟားလ်စီးတီးနဲ့ အက်ဖ်အေဖလားပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဝတ်စုံ ကိုင်ဆောင်ထားသူလူပြက်တစ်ဦးဟာ ကွန်တီအနားရောက်လာတယ်။ ပြီးတော့ သူ့လက်ထဲက Tablet က ဗီဒီယိုဖိုင်ကိုပြသလိုက်တယ်။ ဗီဒီယိုထဲမှာ အလက်ဆန်ဒရိုအွန်နစ်နဲ့ စတီဖာနိုကော်တီတို့က “ ကွန်တီရေ၊ မင်းရဲ့ သူငယ်ချင်းအသစ်စက်စက်ကြီး ဟိုဆေးမော်ရင်ဟိုဆီက လက်ဆောင်ပို့လိုက်ပါတယ်။ သူပြောတာက ခင်ဗျားကို အရမ်းခင်တယ်ဆိုတာပဲ။ ကြည့်လိုက်ပါဦး၊ မင်းဆီပို့လိုက်တဲ့ မန်ချက်စတာယူနိုက်တက် ဝတ်စုံမှာ  သူငယ်ချင်းမော်ရင်ဟို ဆိုပြီးလက်မှတ်ထိုးထားသေးတယ်လေ။ နောက်တစ်ခါ မော်ရင်ဟိုနဲ့ တွေ့ရင် အဆင်ပြေပြေနေပြီး ငြိမ်းချမ်းရေးယူပါ့မယ်လို့ ကတိပေးပါလားဗျာ၊ လုပ်ပါ ကွန်တီရ၊ မော်ရင်ဟိုနဲ့ ထာဝရသူငယ်ချင်းလို နေစမ်းပါ” လို့ ပြောဆိုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှ မြင်ကွင်း

သတင်းစာရှင်းလင်းပွဲမှ မြင်ကွင်း

သူ့အနားရောက်လာပြီး ဗီဒီယိုတွေပြ၊ သူကြည့်မရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟို လက်မှတ်ပါဝတ်စုံကို ယူလာသူကြောင့် ကွန်တီ အံ့အားသင့်နေရတယ်။ သူ့ကိုပေးတဲ့ မန်ချက်စတာယူနိုက်တက်ဝတ်စုံကို ကွန်တီ လက်မခံခဲ့ပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ ကွန်တီကို လာကျီစယ်တဲ့ လူပြက်ကို  လုံခြုံရေးတွေက ခေါ်ဆောင်သွားခဲ့ပါတယ်။ တကယ်ဆို ကွန်တီကို ပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဝတ်စုံမှာ မော်ရင်ဟိုရဲ့ လက်မှတ်မပါခဲ့ပါဘူး။ မော်ရင်ဟိုနဲ့ ကွန်တီကြား တိုက်ပွဲကို ဟာသလုပ်ချင်လို့သာ အကွက်ကျကျစီမံခဲ့တာပါပဲ။ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည် အလက်ဆန်ဒရိုအွန်နစ်နဲ့ စတီဖာနိုကော်တီတို့က မော်ရင်ဟိုကို ကွန်တီနာမည်ပါ မန်ချက်စတာယူနိုက်တက်ဝတ်စုံ ပေးခဲ့ဖူးပါသေးတယ်။ အဲဒီတုန်းက မော်ရင်ဟိုက ခပ်ပြုံးပြုံးရှိနေခဲ့ပါတယ်။ ဟန်ဆောင်အပြုံးလား၊ ပကတိအပြုံးလားဆိုတာ သူပဲသိပါလိမ့်မယ်။

ဒီဖြစ်ရပ်ကြောင့် ကွန်တီ ဘယ်လိုခံစားနေရမလဲ။ ရုပ်သံတွေမှာ မြင်ရတဲ့ သူ့မျက်နှာကြီးကတော့ အီလည်လည်ကြီးဖြစ်နေတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။