[Zawgyi]

အမွားလုပ္မိဖူးရင္ ဘာေတြတိုးတက္လာမလဲ

“အမွားလုပ္မိတယ္ဆိုတာ ဂုဏ္ယူစရာေကာင္းပါတယ္။ ဘာမွမလုပ္လို႔ ဘာမွမမွားတဲ႔သူထက္ ပိုသာလြန္တယ္” လို႔ George Bernard Shaw ကေျပာခဲ႔ဖူးပါတယ္။ လူတိုင္းမွာ အမွားေတြလုပ္မိတဲ႔အခ်ိန္ ၊ မွားယြင္းတဲ႔ ဆံုးျဖတ္ခ်က္ေတြခ်မိတဲ႔အခ်ိန္ဆိုတာရွိပါတယ္။ အမွားေတြလုပ္တာက ျပႆနာမဟုတ္ပါဘူး ဒီအမွားတစ္ခုအတြက္ ဘယ္လိုေျဖရွင္းမလဲဆိုတာကသာ အဓိကက်တဲ႔အရာျဖစ္ပါတယ္။ ဒါေၾကာင္႔ အမွားလုပ္တတ္သူေတြအေနနဲ႔ ဘာေတြတိုးတက္မႈရွိလာမလဲဆိုတာ ေလ႔လာၾကည္႔ရေအာင္။

ဆံုးျဖတ္ခ်က္ေတြမွန္လာမယ္

အမွားလုပ္ဖူးသူဟာ ေနာက္ပိုင္းမွာ ပိုေကာင္းတဲ႔ဆံုးျဖတ္ခ်က္ မွန္ကန္တဲ႔ဆံုးျဖတ္ခ်က္ေတြခ်မွတ္ႏိုင္လာပါတယ္။ အမွားလုပ္ဖူးသူကသာ အမွန္ အမွားကို ျပက္ျပက္ထင္ထင္သိျပီး အမွားထဲကေနသင္ခန္းစာယူရင္း ပိုတိုးတက္တဲ႔ ပိုေအာင္ျမင္တဲ႔ဘဝကိုရရွိတတ္ၾကတာအမွန္ပါ။

အမွားအၾကီးၾကီးကိုကာကြယ္ေပးတယ္

ကိုယ္လုပ္လုိက္တဲ႔ အမွားေသးေသးေလးဟာ အၾကီးၾကီးမမွားေစဖို႔ ကာဆီးေပးလိုက္တဲ႔အရာတစ္ခုပါ။  ဥပမာေက်ာက္ခဲကိုခလုတ္တိုက္လဲျပီး လမ္းေဘးက်သြားလို႔ ေနာက္ကဘရိတ္ေပါက္လာတဲ႔ကားကိုေရွာင္သလိုျဖစ္သြားတာမ်ိဳးေပါ႔။ ကံတရားက ကိုယ္႔ကိုကယ္တင္ေပးတယ္လို႔ေတာင္ေျပာရမွာပါ။ ဒါေၾကာင္႔ခပ္ေသးေသးအမွားတစ္ခုအတြက္ စိတ္မညစ္ပါနဲ႔။ ေနာက္ထပ္အမွားေတြထပ္မမွားဖို႔ ေလ႔က်င္႔ေပးတယ္လို႔မွတ္ယူပါ။

ေျဖရွင္းတတ္ရင္ ပိုေက်းဇူးမ်ားမယ္

သင္႔အမွားအတြက္ ခ်က္ခ်င္းေတာင္းပန္တတ္တာ ၊ သူတစ္ပါးအေပၚ မလႊဲခ်တာ ၊ ကိုယ္႔အမွားကိုယ္တာဝန္ယူတတ္တာ စတဲ႔အခ်က္ေတြေၾကာင္႔ လူေတြက သင္႔ကိုပိုျပီးေလးစားလာပါလိမ္႔မယ္။ ဒါေၾကာင္႔ မွားတာကျပႆနာမဟုတ္ပါဘူး။ အမွားတစ္ခုအေပၚျပန္ေျဖရွင္းတဲ႔ပံုစံကသာ အေရးၾကီးတာပါ။

တာဝန္ယူစိတ္ တာဝန္ခံစိတ္ တိုးလာမယ္

အမွားမ်ားတဲ႔သူေတြဟာ သူတို႔အမွားအတြက္ တာဝန္ယူေျဖရွင္းရင္းဘဝမွာ ပိုေနတတ္ထိုင္တတ္လာၾကပါတယ္။ တစ္ခါေသဖူးပ်ဥ္ဖိုးနားလည္ဆိုသလို ေနာက္ထပ္အမွားေတြၾကံဳရဖို႔နည္းသြားပါတယ္။ အမွားေတြေၾကာင္႔ တာဝန္ယူ စိတ္ တာဝန္ခံစိတ္တိုးလာျပီး ပိုုမိုအဆင္ေျပသာယာတဲ႔ဘဝကို ရရွိႏိုုင္တာေတာ႔အေသအခ်ာပါပဲ။ ဒါေၾကာင္႔ အမွားတစ္ခုုအတြက္ ဘယ္လိုေျပာစကားေလးေတြရွိလဲဆိုတာ ၾကည္႔ရင္းအားသစ္ေမြးလိုက္ရေအာင္။

“အမွားမလုပ္ဖူးဘူးဆိုတာ သင္ဘာကိုမွေသေသခ်ာခ်ာ မၾကိဳးစားဖူးဘူးဆိုတဲ႔ အဓိပၸါယ္ပဲ”

“အမွားမလုပ္ဖူးတဲ႔သူ တစ္ေယာက္ေယာက္မ်ားရွိရင္ ငါ႔ကိုေခၚျပစမ္းပါ။ အဲဒီလိုဆိုရင္ ဘာမွမလုပ္တဲ႔သူတစ္ေယာက္ကို ငါျပႏိုင္လိမ္႔မယ္”

“အမွားလုပ္တယ္ဆိုတာ အတုအေယာင္ျပီးျပည္႔စံုမႈထက္ေတာ႔ သာလြန္တယ္”

“အမွားေတြဆိုတာ သင္ဘယ္ေလာက္ၾကိဳးစားခဲ႔လဲဆိုတာရဲ႕ သက္ေသေတြပဲ”

“ သင္႔ဘဝရဲ႕အေကာင္းဆံုးဆရာဆိုတာ သင္လုပ္ခဲ႔ဖူးတဲ႔ အမွားေတြပဲ”

“ သူ႔ရဲ႕အမွားတစ္ခုကိုေတြ႔တာနဲ႔ အရင္ကေကာင္းခဲ႔ဖူးတာေတြကို ေမ႔မပစ္လိုက္ပါနဲ႔” တဲ႔။

ကဲ…ဒီေတာ႔ ဘဝမွာအမွားေတြလုပ္မိလို႔မရွက္ပါနဲ႔ ၊  စိတ္လည္းမညစ္ပါနဲ႔။ ေနာက္တစ္ခါထပ္မမွားဖို႔သာ အေရးအၾကီးဆံုးပါလို႔ အားေပးလိုက္ပါရေစ။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

အမှားလုပ်မိဖူးရင် ဘာတွေတိုးတက်လာမလဲ

“အမှားလုပ်မိတယ်ဆိုတာ ဂုဏ်ယူစရာကောင်းပါတယ်။ ဘာမှမလုပ်လို့ ဘာမှမမှားတဲ့သူထက် ပိုသာလွန်တယ်” လို့ George Bernard Shaw ကပြောခဲ့ဖူးပါတယ်။ လူတိုင်းမှာ အမှားတွေလုပ်မိတဲ့အချိန် ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေချမိတဲ့အချိန်ဆိုတာရှိပါတယ်။ အမှားတွေလုပ်တာက ပြဿနာမဟုတ်ပါဘူး ဒီအမှားတစ်ခုအတွက် ဘယ်လိုဖြေရှင်းမလဲဆိုတာကသာ အဓိကကျတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အမှားလုပ်တတ်သူတွေအနေနဲ့ ဘာတွေတိုးတက်မှုရှိလာမလဲဆိုတာ လေ့လာကြည့်ရအောင်။

ဆုံးဖြတ်ချက်တွေမှန်လာမယ်

အမှားလုပ်ဖူးသူဟာ နောက်ပိုင်းမှာ ပိုကောင်းတဲ့ဆုံးဖြတ်ချက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်လာပါတယ်။ အမှားလုပ်ဖူးသူကသာ အမှန် အမှားကို ပြက်ပြက်ထင်ထင်သိပြီး အမှားထဲကနေသင်ခန်းစာယူရင်း ပိုတိုးတက်တဲ့ ပိုအောင်မြင်တဲ့ဘဝကိုရရှိတတ်ကြတာအမှန်ပါ။

အမှားအကြီးကြီးကိုကာကွယ်ပေးတယ်

ကိုယ်လုပ်လိုက်တဲ့ အမှားသေးသေးလေးဟာ အကြီးကြီးမမှားစေဖို့ ကာဆီးပေးလိုက်တဲ့အရာတစ်ခုပါ။  ဥပမာကျောက်ခဲကိုခလုတ်တိုက်လဲပြီး လမ်းဘေးကျသွားလို့ နောက်ကဘရိတ်ပေါက်လာတဲ့ကားကိုရှောင်သလိုဖြစ်သွားတာမျိုးပေါ့။ ကံတရားက ကိုယ့်ကိုကယ်တင်ပေးတယ်လို့တောင်ပြောရမှာပါ။ ဒါကြောင့်ခပ်သေးသေးအမှားတစ်ခုအတွက် စိတ်မညစ်ပါနဲ့။ နောက်ထပ်အမှားတွေထပ်မမှားဖို့ လေ့ကျင့်ပေးတယ်လို့မှတ်ယူပါ။

ဖြေရှင်းတတ်ရင် ပိုကျေးဇူးများမယ်

သင့်အမှားအတွက် ချက်ချင်းတောင်းပန်တတ်တာ ၊ သူတစ်ပါးအပေါ် မလွှဲချတာ ၊ ကိုယ့်အမှားကိုယ်တာဝန်ယူတတ်တာ စတဲ့အချက်တွေကြောင့် လူတွေက သင့်ကိုပိုပြီးလေးစားလာပါလိမ့်မယ်။ ဒါကြောင့် မှားတာကပြဿနာမဟုတ်ပါဘူး။ အမှားတစ်ခုအပေါ်ပြန်ဖြေရှင်းတဲ့ပုံစံကသာ အရေးကြီးတာပါ။

တာဝန်ယူစိတ် တာဝန်ခံစိတ် တိုးလာမယ်

အမှားများတဲ့သူတွေဟာ သူတို့အမှားအတွက် တာဝန်ယူဖြေရှင်းရင်းဘဝမှာ ပိုနေတတ်ထိုင်တတ်လာကြပါတယ်။ တစ်ခါသေဖူးပျဉ်ဖိုးနားလည်ဆိုသလို နောက်ထပ်အမှားတွေကြုံရဖို့နည်းသွားပါတယ်။ အမှားတွေကြောင့် တာဝန်ယူ စိတ် တာဝန်ခံစိတ်တိုးလာပြီး ပိုမိုအဆင်ပြေသာယာတဲ့ဘဝကို ရရှိနိုင်တာတော့အသေအချာပါပဲ။ ဒါကြောင့် အမှားတစ်ခုအတွက် ဘယ်လိုပြောစကားလေးတွေရှိလဲဆိုတာ ကြည့်ရင်းအားသစ်မွေးလိုက်ရအောင်။

“အမှားမလုပ်ဖူးဘူးဆိုတာ သင်ဘာကိုမှသေသေချာချာ မကြိုးစားဖူးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”

“အမှားမလုပ်ဖူးတဲ့သူ တစ်ယောက်ယောက်များရှိရင် ငါ့ကိုခေါ်ပြစမ်းပါ။ အဲဒီလိုဆိုရင် ဘာမှမလုပ်တဲ့သူတစ်ယောက်ကို ငါပြနိုင်လိမ့်မယ်”

“အမှားလုပ်တယ်ဆိုတာ အတုအယောင်ပြီးပြည့်စုံမှုထက်တော့ သာလွန်တယ်”

“အမှားတွေဆိုတာ သင်ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာရဲ့ သက်သေတွေပဲ”

“ သင့်ဘဝရဲ့အကောင်းဆုံးဆရာဆိုတာ သင်လုပ်ခဲ့ဖူးတဲ့ အမှားတွေပဲ”

“ သူ့ရဲ့အမှားတစ်ခုကိုတွေ့တာနဲ့ အရင်ကကောင်းခဲ့ဖူးတာတွေကို မေ့မပစ်လိုက်ပါနဲ့” တဲ့။

ကဲ…ဒီတော့ ဘဝမှာအမှားတွေလုပ်မိလို့မရှက်ပါနဲ့ ၊  စိတ်လည်းမညစ်ပါနဲ့။ နောက်တစ်ခါထပ်မမှားဖို့သာ အရေးအကြီးဆုံးပါလို့ အားပေးလိုက်ပါရစေ။

ဂျူဂျူး(အခရာ)

www.akhayar.com