[Zawgyi]

ခ်ယ္လ္ဆီးကေန ဟာဇက္ Hazard ထြက္ခြာခဲ႔ရင္ ဘယ္ကစားသမားနဲ႔ ျပန္လည္အစားထိုးမလဲ

ခ်ယ္လ္ဆီးအသင္း ေတာင္ပံတိုက္စစ္ကစား ကစားသမား ဟာဇက္ Hazard ကို ရီးယဲလ္မက္ဒရစ္အသင္းက ေခၚယူဖို႔ကာလရွည္ စိ္တ္၀င္စားေနျပီး ဟာဇက္ကိုယ္တိုင္ကလည္း ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခ်င္ေနတာ အားလံုးအသိပါပဲ။ ဟာဇက္ဟာ ခ်ယ္လ္ဆီးအသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ေနတဲ႔ ကစားသမားျဖစ္တာေၾကာင္႔ သူသာ အသင္းကေနထြက္သြားခဲ႔ရင္ သူ႔ရဲ႕ေနရာကို ဘယ္လိုကစားသမားနဲ႔ ျပန္လည္အစားထိုးမလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။ လက္ရိွမွာေတာ႔ Sportskeeda အားကစား၀က္ဆိုက္ဘ္က ဟာဇက္ရဲ႕ေနရာအစားထိုးသင္႔တဲ႔ ကစားသမား(၅)ဦးေဖာ္ျပခဲ႔တာေၾကာင္႔ Akhayar Sports ပရိသတ္ေတြ သိရိွေစဖို႔အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဇာဟာ Zaha

Zaha

Zaha

ခရစၥတယ္ပဲေလ႔စ္အသင္းရဲ႕ ေတာင္ပံကစားသမား ဇာဟာ Zaha ဟာ ဒီစာရင္းထဲမွာပါ၀င္ေနပါတယ္။ ဇာဟာဟာ လက္ရိွမွာ ေျခစြမ္းေကာင္းေတြျပသေနသူျဖစ္ျပီး ေတာင္ပံတိုက္စစ္သာမကပဲ တိုက္စစ္မႈးေနရာမွာလည္း ကစားႏိုင္သူုျဖစ္ပါတယ္။ ဇာဟာဟာ အသင္းၾကီးတစ္သင္းျဖစ္တဲ႔ မန္ယူအသင္းမွာ ကစားခဲ႔ခ်ိန္က ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ႔ရတာေၾကာင္႔ ဒီအေနအထားကို ေခ်ဖ်က္ျပဖို႔ အတြက္ ေနာက္ထပ္ အသင္းၾကီးတစ္သင္းကို ေျပာင္းေရႊ႕သြားမလားဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

(၂) လြန္ဇာႏို Lozano

Lozano

Lozano

ဥေရာပရဲ႕ ထြန္းေတာက္လာတဲ႔ လူငယ္ၾကယ္ပြင္႔ လြန္ဇာႏို Lozano အေနနဲ႔ ဒီစာရင္းထဲမွာပါ၀င္ေနတာဟာ သိပ္ျပီးထူးဆန္းတဲ႔ အရာေတာ႔မဟုတ္ပါဘူး။ PSV ကစားသမား လြန္ဇာႏို ကို ဘာစီလိုနာအသင္းကလည္းေခၚယူဖို႔ စိတ္၀င္စားေနတာေၾကာင္႔ ခ်ယ္လ္ဆီးအသင္း အေနနဲ႔ သူ႔ကိုေခၚယူခ်င္ရင္ေတာ႔ ခက္ခဲဖို႔ရိွပါတယ္။

(၃) အင္ဆစ္ဂ္နီ Insigne

Insigne

Insigne

နာပိုလီအသင္းရဲ႕ အဓိကတိုက္စစ္ကစားသမား အင္ဆစ္ဂ္နီ Insigne ဟာလည္း ဒီစာရင္းမွာပါ၀င္ေနပါတယ္။ အင္ဆစ္ဂ္နီဟာ ဖိအားေတြနဲ႔ ယဥ္ပါးေနတဲ႔ ကစားသမားတစ္ဦးျဖစ္ျပီး သူ႔ရဲ႕ အသက္အရြယ္နဲ႔ လက္ရိွေျခစြမ္းဟာလည္း အေကာင္းဆံုးမွာရိွေနတာေၾကာင္႔ ဟာဇက္ရဲ႕ေနရာမွာ တိုက္႐ုိက္အစားထိုးလို႔ ရႏိုင္တဲ႔ ကစားသမားမ်ိဳးပဲျဖစ္ပါတယ္။

(၄) သာအူဗင္ Thauvin

Thauvin

Thauvin

ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္အသင္းမွာ လာေရာက္ကစားတုနး္က ႐ုန္းကန္ခဲ႔ရတဲ႔ ျပင္သစ္ေတာင္ပံကစားသမား သာအူဗင္ Thauvin ဟာလည္း ဒီစာရင္းမွာပါ၀င္ေနပါတယ္။ နယူးကာဆယ္အသင္းမွာ လာေရာက္ကစားတုနး္ သာအူဗင္ဟာ ေျခစြမ္းမျပႏိုင္ခဲ႔တာေၾကာင္႔ အဲဒီအခ်ိန္တုန္းက သူ႔မွာလိုအပ္တဲ႔ အေတြ႕အၾကံဳေတြမရိွေသးဘူး လို႔ပဲယူဆရမွာပါ။ လက္ရိွမွာေတာ႔ သာအူဗင္ရဲ႕ ေျခစြမ္းဟာ တည္ျငိမ္တိုးတက္မႈေတြရိွလာခဲ႔ေပမယ္႔ ဟာဇက္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ကေတာ႔ သိပ္မလြယ္ဘူးလို႔ပဲ ေျပာရမွာပါ။

(၅) ေဘးလ္ Bale

Bale

Bale

ဒီစာရင္းမွာ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ေဘးလ္ Bale ပါ၀င္လာတာကေတာ႔ အံအားသင္႔စရာလို႔ ေျပာရမွာပါ။ ေဘးလ္ Bale ဟာ ဒဏ္ရာျပႆနာေတြ မၾကာခဏၾကံဳေတြ႕ရတတ္ေပမယ္႔ ကမၻာ႔အဆင္႔ရိွကစားသမားဆိုတာကိုေတာ႔ အားလံုးအသိပါပဲ။ ဒီကစားသမားႏွစ္ေယာက္ဟာ အလဲအထပ္ပံုစံနဲ႔ အေျပာင္းအေရႊ႕ျဖစ္သြားမလားဆိုတာကိုလည္း စိတ္ကူးယဥ္ဆန္ဆန္ေတြးရမွာပါ။

Ref: Sportskeeda
Photo: Gist Junction , El Horizonte , Napolicalciolive.com , HD Wallpapers Design , The Independent , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးကနေ ဟာဇက် Hazard ထွက်ခွာခဲ့ရင် ဘယ်ကစားသမားနဲ့ ပြန်လည်အစားထိုးမလဲ

ချယ်လ်ဆီးအသင်း တောင်ပံတိုက်စစ်ကစား ကစားသမား ဟာဇက် Hazard ကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ကာလရှည် စိတ်ဝင်စားနေပြီး ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ချင်နေတာ အားလုံးအသိပါပဲ။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နေတဲ့ ကစားသမားဖြစ်တာကြောင့် သူသာ အသင်းကနေထွက်သွားခဲ့ရင် သူ့ရဲ့နေရာကို ဘယ်လိုကစားသမားနဲ့ ပြန်လည်အစားထိုးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လက်ရှိမှာတော့ Sportskeeda အားကစားဝက်ဆိုက်ဘ်က ဟာဇက်ရဲ့နေရာအစားထိုးသင့်တဲ့ ကစားသမား(၅)ဦးဖော်ပြခဲ့တာကြောင့် Akhayar Sports ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(၁) ဇာဟာ Zaha

Zaha

Zaha

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဇာဟာ Zaha ဟာ ဒီစာရင်းထဲမှာပါဝင်နေပါတယ်။ ဇာဟာဟာ လက်ရှိမှာ ခြေစွမ်းကောင်းတွေပြသနေသူဖြစ်ပြီး တောင်ပံတိုက်စစ်သာမကပဲ တိုက်စစ်မှုးနေရာမှာလည်း ကစားနိုင်သူုဖြစ်ပါတယ်။ ဇာဟာဟာ အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ယူအသင်းမှာ ကစားခဲ့ချိန်က ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဒီအနေအထားကို ချေဖျက်ပြဖို့ အတွက် နောက်ထပ် အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့သွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

(၂) လွန်ဇာနို Lozano

Lozano

Lozano

ဥရောပရဲ့ ထွန်းတောက်လာတဲ့ လူငယ်ကြယ်ပွင့် လွန်ဇာနို Lozano အနေနဲ့ ဒီစာရင်းထဲမှာပါဝင်နေတာဟာ သိပ်ပြီးထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ PSV ကစားသမား လွန်ဇာနို ကို ဘာစီလိုနာအသင်းကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချယ်လ်ဆီးအသင်း အနေနဲ့ သူ့ကိုခေါ်ယူချင်ရင်တော့ ခက်ခဲဖို့ရှိပါတယ်။

(၃) အင်ဆစ်ဂ်နီ Insigne

Insigne

Insigne

နာပိုလီအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား အင်ဆစ်ဂ်နီ Insigne ဟာလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ အင်ဆစ်ဂ်နီဟာ ဖိအားတွေနဲ့ ယဉ်ပါးနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အသက်အရွယ်နဲ့ လက်ရှိခြေစွမ်းဟာလည်း အကောင်းဆုံးမှာရှိနေတာကြောင့် ဟာဇက်ရဲ့နေရာမှာ တိုက်ရိုက်အစားထိုးလို့ ရနိုင်တဲ့ ကစားသမားမျိုးပဲဖြစ်ပါတယ်။

(၄) သာအူဗင် Thauvin

Thauvin

Thauvin

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းမှာ လာရောက်ကစားတုန်းက ရုန်းကန်ခဲ့ရတဲ့ ပြင်သစ်တောင်ပံကစားသမား သာအူဗင် Thauvin ဟာလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ နယူးကာဆယ်အသင်းမှာ လာရောက်ကစားတုန်း သာအူဗင်ဟာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အဲဒီအချိန်တုန်းက သူ့မှာလိုအပ်တဲ့ အတွေ့အကြုံတွေမရှိသေးဘူး လို့ပဲယူဆရမှာပါ။ လက်ရှိမှာတော့ သာအူဗင်ရဲ့ ခြေစွမ်းဟာ တည်ငြိမ်တိုးတက်မှုတွေရှိလာခဲ့ပေမယ့် ဟာဇက်ရဲ့နေရာမှာ အစားထိုးဖို့အတွက်ကတော့ သိပ်မလွယ်ဘူးလို့ပဲ ပြောရမှာပါ။

(၅) ဘေးလ် Bale

Bale

Bale

ဒီစာရင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘေးလ် Bale ပါဝင်လာတာကတော့ အံအားသင့်စရာလို့ ပြောရမှာပါ။ ဘေးလ် Bale ဟာ ဒဏ်ရာပြဿနာတွေ မကြာခဏကြုံတွေ့ရတတ်ပေမယ့် ကမ္ဘာ့အဆင့်ရှိကစားသမားဆိုတာကိုတော့ အားလုံးအသိပါပဲ။ ဒီကစားသမားနှစ်ယောက်ဟာ အလဲအထပ်ပုံစံနဲ့ အပြောင်းအရွှေ့ဖြစ်သွားမလားဆိုတာကိုလည်း စိတ်ကူးယဉ်ဆန်ဆန်တွေးရမှာပါ။

Ref: Sportskeeda
Photo: Gist Junction , El Horizonte , Napolicalciolive.com , HD Wallpapers Design , The Independent , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com