[Zawgyi] 
OLED Panels with Notch
Ref: Cnet
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
2018 အတွက် အဖြစ်နိုင်ဆုံး iPhone Design ပုံတွေထွက်ပေါ်လာ
Apple ရဲ့ iPhone Design က iPhone X မှာ သိသိသာသာပြောင်းသွားခဲ့ပါတယ်။ iPhone တွေအားလုံးထဲမှာ အဟောင်းဆုံး Design တစ်ခုအဖြစ်ကျန်ှရှိနေသေးတာကတော့ iPhone 8 Series တွေပါ။ Touch ID ပါတဲ့ Home Button ၊ LCD Retina Display နဲ့အတူ ဘေးဘောင်ထူထူကြီးတွေက iPhone ရဲ့ Original Design ကနေ ကွဲထွက်နေတာမျိုးမဟုတ်ဘဲ ရိုးရှင်းတဲ့ Design အနေနဲ့အခုချိန်အထိ ရှိနေတာပါ။
New Renders for 2018 iPhone
Apple က 2018 အတွက် iPhone သုံးမျိုးထုတ်မယ်လို့ သတင်းတွေထွက်ထားပြီးဖြစ်ပါတယ်။ iPhone အသစ် သုံးမျိုးအတွက်တော့ လက်ရှိ iPhone X မှာသုံးထားတဲ့ Design အသစ်ကိုပဲ အသုံးပြုသွားမယ်ဆိုတာကလည်း သေချာသလောက်ရှိနေပါပြီ။ လက်ရှိ iPhone 8 နဲ့ 8 Plus ကို အစားထိုးမယ့် နောက်ထပ် ဖုန်းအသစ်နှစ်လုံးကို iPhone X ရဲ့ Design အတိုင်း လာမယ့် စက်တင်ဘာ ဝန်းကျင်မှာတွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။ 
OLED Panels with Notch
အကောင်းဆုံးသတင်းကတော့ 2018 မှာထွက်မယ့် iPhone တွေအားလုံးကို LCD Display အစား OLED တစ်မျိုးတည်းကိုပဲ အသုံးပြပေးလာမယ်ဆိုတာပဲဖြစ်ပါတယ်။ Compact iPhone ဖြစ်တဲ့ iPhone SE အတွက်တော့ Apple ကဘယ်လို ဆက်လုပ်ပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ iPhone အသစ်တွေနဲ့ပတ်သက်လို့တော့  Display Size သုံးမျိုးမိတ်ဆက်မယ်လို့ သတင်းထွက်ထားတာကြောင့် iPhone 8 ရဲ့  4.7 Inch အရွယ် Display နဲ့ iPhone တစ်လုံးပျောက်သွားမှာကတော့ ဝမ်းနည်းစရာပါပဲ။ 2018 နောက်ပိုင်းမှာတော့ Original iPhone နဲ့ တူတဲ့ iPhone ဆိုတာ ရှိတော့မယ်မထင်ပါဘူး။
Ref: Cnet
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။