This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေပၚတူဂီအသင္းကုိ အေကာင္းဆုံးရင္ဆုိင္ၿပီး သေရရလဒ္ ရယူႏုိင္ခဲ့တဲ့ အီရန္

ဥေရာပထိပ္သီး ေပၚတူဂီကို အေကာင္းဆုံးရင္ဆုိင္ခဲ့ၿပီး သေရက်ခဲ့တဲ့ အီရန္အသင္းရဲ႕စြမ္းေဆာင္မႈကေတာ့ ခ်ီးက်ဴးစရာပါပဲ။ ကုိယ့္ထက္ အစစအရာရာ ကြာျခားတဲ့အသင္းတစ္သင္း၊ ယူ႐ုိခ်န္ပီယံအသင္းကုိ ပဲြခ်ိန္အမ်ားစုမွာ ဖိအားေပးကစားႏုိင္ခဲ့သလုိ အုပ္စုအဆင့္ကေန တက္ေရာက္လုနီးပါးအေနအထားတစ္ရပ္ကုိလည္း ရရွိခဲ့တယ္။ ဒီပဲြမွာ ေပၚတူဂီရဲ႕ ကစားပုံက သာမန္ပါပဲ။ သိပ္ၿပီးလည္း အားထုတ္ကစားတာမ်ိဳးမရွိဘဲ တစ္ဂုိးေလာက္နဲ႔ ႏုိင္ရင္ေတာ္ၿပီဆုိတဲ့ပုံစံကစားခ့ဲတယ္။

ပထမပုိင္းမွာ ေပၚတူဂီ ေဘာလုံးပုိင္ဆုိင္မႈအသာရခဲ့ေပမယ့္ အပုိင္ဂုိးသြင္းခြင့္ေတာ့ မရခဲ့ဘူး။ ပထမပုိင္းၿပီးခါနီးမွာ ၀ါရင့္ေတာင္ပံကစားသမား ကြာရက္စ္မာ Quaresma က လွလွပပကန္သြင္းၿပီး ဦးေဆာင္ဂုိးသြင္းယူခဲ့တယ္။ အဓိက ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo (၅၃)မိနစ္မွာ ပယ္နယ္တီအခြင့္အေရးရခဲ့ေပမယ့္ အီရန္ဂုိးသမား ကာကြယ္ႏုိင္ခဲ့တယ္။ ဒုတိယပုိင္းတစ္ပုိင္းလုံး အီရန္အသင္းက ေပၚတူဂီကုိ ဖိအားေပးကစားခဲ့ၿပီး ဒီပဲြကုိ ကုိင္တြယ္ခဲ့တဲ့ ပါရာေဂြးကြင္းလယ္ဒုိင္ ကာဆာရက္စ္ Cáceres ရဲ႕ ဆုံးျဖတ္ခ်က္ေတြကလည္း Controversial ျဖစ္ခဲ့တယ္။ မလုိအပ္ဘဲ VAR ကုိ ခဏခဏၾကည့္တာက ပဲြရဲ႕အရွိန္ကုိ ရပ္တန္႔ေစသလိုျဖစ္ခဲ့ရတယ္။ အီရန္အသင္းရဲ႕ေခ်ပဂုိးကလည္း (၉၃)မိနစ္မွာ VAR ျပန္ၾကည့္ၿပီး ပယ္နယ္တီေပးခဲ့တာကေန ရရွိခဲ့တာပါ။ အဲဒီပယ္နယ္တီကုိ အီရန္တိုက္စစ္မွဴး အန္ဆာရီဖတ္ Ansarifard က ကန္သြင္းခဲ့တယ္။ တစ္ဖက္ပဲြမွာ စပိန္နဲ႔ေမာ္႐ုိကုိတို႔ သေရက်ေနတာေၾကာင့္ လက္က်န္မိနစ္ေတြမွာ အီရန္အသင္း အႏုိင္ဂုိးရဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အပုိင္အခြင့္အေရးတစ္ႀကိမ္ လဲြေခ်ာ္ခဲ့တာေၾကာင့္ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပေါ်တူဂီအသင်းကို အကောင်းဆုံးရင်ဆိုင်ပြီး သရေရလဒ် ရယူနိုင်ခဲ့တဲ့ အီရန်

ဥရောပထိပ်သီး ပေါ်တူဂီကို အကောင်းဆုံးရင်ဆိုင်ခဲ့ပြီး သရေကျခဲ့တဲ့ အီရန်အသင်းရဲ့စွမ်းဆောင်မှုကတော့ ချီးကျူးစရာပါပဲ။ ကိုယ့်ထက် အစစအရာရာ ကွာခြားတဲ့အသင်းတစ်သင်း၊ ယူရိုချန်ပီယံအသင်းကို ပွဲချိန်အများစုမှာ ဖိအားပေးကစားနိုင်ခဲ့သလို အုပ်စုအဆင့်ကနေ တက်ရောက်လုနီးပါးအနေအထားတစ်ရပ်ကိုလည်း ရရှိခဲ့တယ်။ ဒီပွဲမှာ ပေါ်တူဂီရဲ့ ကစားပုံက သာမန်ပါပဲ။ သိပ်ပြီးလည်း အားထုတ်ကစားတာမျိုးမရှိဘဲ တစ်ဂိုးလောက်နဲ့ နိုင်ရင်တော်ပြီဆိုတဲ့ပုံစံကစားခဲ့တယ်။

ပထမပိုင်းမှာ ပေါ်တူဂီ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တော့ မရခဲ့ဘူး။ ပထမပိုင်းပြီးခါနီးမှာ ဝါရင့်တောင်ပံကစားသမား ကွာရက်စ်မာ Quaresma က လှလှပပကန်သွင်းပြီး ဦးဆောင်ဂိုးသွင်းယူခဲ့တယ်။ အဓိက ကစားသမား စီရော်နယ်လ်ဒို C.Ronaldo (၅၃)မိနစ်မှာ ပယ်နယ်တီအခွင့်အရေးရခဲ့ပေမယ့် အီရန်ဂိုးသမား ကာကွယ်နိုင်ခဲ့တယ်။ ဒုတိယပိုင်းတစ်ပိုင်းလုံး အီရန်အသင်းက ပေါ်တူဂီကို ဖိအားပေးကစားခဲ့ပြီး ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ပါရာဂွေးကွင်းလယ်ဒိုင် ကာဆာရက်စ် Cáceres ရဲ့ ဆုံးဖြတ်ချက်တွေကလည်း Controversial ဖြစ်ခဲ့တယ်။ မလိုအပ်ဘဲ VAR ကို ခဏခဏကြည့်တာက ပွဲရဲ့အရှိန်ကို ရပ်တန့်စေသလိုဖြစ်ခဲ့ရတယ်။ အီရန်အသင်းရဲ့ချေပဂိုးကလည်း (၉၃)မိနစ်မှာ VAR ပြန်ကြည့်ပြီး ပယ်နယ်တီပေးခဲ့တာကနေ ရရှိခဲ့တာပါ။ အဲဒီပယ်နယ်တီကို အီရန်တိုက်စစ်မှူး အန်ဆာရီဖတ် Ansarifard က ကန်သွင်းခဲ့တယ်။ တစ်ဖက်ပွဲမှာ စပိန်နဲ့မော်ရိုကိုတို့ သရေကျနေတာကြောင့် လက်ကျန်မိနစ်တွေမှာ အီရန်အသင်း အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အပိုင်အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com