This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂုဏ္သိကၡာပိုင္းဆိုင္ရာ တိုက္ပြဲေတြနဲ႔ စမ္းသပ္ခံရမယ့္ ဥေရာပခ်န္ပီယံ ေပၚတူဂီအသင္း

ေပၚတူဂီအသင္း
သမိုင္းေအာင္ျမင္မႈ ႀကီးႀကီးမားမားမရွိေပမယ့္ တစ္ေခတ္တစ္ေယာက္လို႔ ေျပာႏိုင္တဲ့ တိုက္စစ္မွဴးေကာင္းေတြ ေပၚထြက္ခဲ့တဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။ အူစီဘီယို၊ ဖီဂိုတို႔လို ဂႏၳဝင္ေတြ ထြက္ေပၚခဲ့သလို အခုအခ်ိန္မွာလည္း စီေရာ္နယ္လ္ဒိုလို ကမၻာ႔အေကာင္းဆံုး တိုက္စစ္မွဴးကို ပိုင္ဆိုင္ထားတဲ့ အသင္းတစ္သင္းပါ။ ဥေရာပခ်န္ပီယံအျဖစ္ ၿပိဳင္ပြဲ၀င္လာမယ့္ ေပၚတူဂီအသင္းဟာ ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာ ခ်န္ပီယံဆု ရယူႏိုင္ခဲ့တာကလဲြလို႔ သမုိင္းမွာ ႀကီးမားတဲ့ ေအာင္ျမင္မႈမွတ္တမ္းကို ရရွိထားျခင္းမရွိတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ ၂၀၀၂ ကမၻာ႔ဖလား ကေနစၿပီး ေနာက္ပိုင္း ၿပိဳင္ပြဲေတြကို ေတာက္ေလွ်ာက္ ယွဥ္ၿပိဳင္ခြင့္ရတားတဲ့ အသင္းျဖစ္ေပမယ့္ သမိုင္းတစ္ေလွ်ာက္မွာေတာ့ (၆)ႀကိမ္သာ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါတယ္။ ယူရိုၿပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရတဲ့ အႀကိမ္တိုင္း အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ (၃)ႀကိမ္သာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ နည္းျပေဟာင္း ေပၚလိုဘန္တိုကုိ ရာထူးက ထုတ္ပယ္ၿပီး လက္ရွိနည္းျပ ဖာနန္ဒိုဆန္းတို႔စ္ နည္းျပျဖစ္လာတဲ့ေနာက္ပိုင္း ယူရိုခ်န္ပီယံဆုကိုပါ ရယူႏိုင္ခဲ့လို႔ အသင္းစြမ္းေဆာင္ရည္ေတြ ေကာင္းမြန္လာတယ္လို႔ ေျပာရမွာပါ။ ပံုစံေကာင္းေတြ ျပသေနေသးေပမယ့္ အသက္အရြယ္ အပိုင္းအျခားအရ အေကာင္းဆံုး အခ်ိန္ကို ေက်ာ္လြန္လာခဲ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕ လက္ေရြးစင္အသင္းအတြက္ ေနာက္ဆံုး ကစားေပးတဲ့ ၿပိဳင္ပြဲတစ္ရပ္ ျဖစ္လာႏိုင္တာေၾကာင့္လည္း သူ႔အေနနဲ႔ အသင္းကို ဘယ္အဆင့္ထိ ေရာက္ေအာင္ စြမ္းေဆာင္ေပးသြားမလဲဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

Portuguese-striker-Eusebio-in-tears-after-Portugals-defeat-to-England-in-the-semi-final-of-the-1966-World-Cup

Portuguese-striker-Eusebio-in-tears-after-Portugals-defeat-to-England-in-the-semi-final-of-the-1966-World-Cup

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ပထမဆံုးအႀကိမ္ က်င္းပတဲ့ ၿပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္း မရွိေပမယ့္ ေနာက္ပိုင္းမွာ ေျခစစ္ပြဲေတာက္ေလွ်ာက္ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး (၈)ႀကိမ္ေျမာက္အျဖစ္ အဂၤလန္ေျမမွာ က်င္းပတဲ့ ၿပိဳင္ပြဲမွ ပထမဆံုးအႀကိမ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ကို ရခဲ့ပါတယ္။ အသင္းဂႏၳ၀င္ တိုက္စစ္မွဴး အူဆီဘီယို နာမည္ေက်ာ္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး သူ႔ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ပထမဆံုးအႀကိမ္ ၀င္ေရာက္ယွဥ္ၿပိဳင္စဥ္မွာပဲ ဆီမီးဖိုင္နယ္အဆင့္အထိ ေရာက္ရွိခဲ့ေပမယ့္ အိမ္ရွင္ အဂၤလန္အသင္း ရံႈးနိမ့္ခဲ့လို႔ တတိယေနရာလုပြဲနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ တတိယလုပြဲမွာေတာ့ နာမည္ႀကီး ဆိုဗီယက္အသင္းကို အႏိုင္ယူၿပီး တတိယေနရာကို ရယူႏိုင္ခဲ့ပါတယ္။ အူဆီဘီယုိရဲ႕ စြမ္းေဆာင္မႈနဲ႔ တတိယေနရာကို ရရွိခဲ့တာဟာ ကမၻာ႔ဖလား သမိုင္းတစ္ေလွ်ာက္ ေပၚတူဂီအသင္းရဲ႕ အျမင့္ဆံုးေအာင္ျမင္မႈ ျဖစ္ခဲ့ပါတယ္။ ၁၉၈၆ မကၠ­ဆီကို ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဒုတိယအႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ေပမယ့္ အုပ္စုအဆင့္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ အာရွေျမမွာ ပထမဆံုးက်င္းပတဲ့ ၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ ဖီဂိုရဲ႕ ဦးေဆာင္မႈနဲ႔အတူ တတိယအႀကိမ္ေျမာက္ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာလည္း အုပ္စုကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ ဂ်ာမနီမွာ က်င္းပတဲ့ ၂၀၀၆ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ ဖီဂို၊ ေပၚလက္တာတို႔လို ၀ါရင့္ကစားသမားေတြ ဦးေဆာင္မႈနဲ႔ စီေရာ္နယ္လ္ဒို၊ ပိုစတီဂါ၊ တီယာဂိုတို႔လို လူငယ္ကစားသမားေတြ ပါ၀င္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ကာ ဆီမီးဖိုင္နယ္အဆင့္အထိ ေရာက္ရွိခဲ့ေပမယ့္ ျပင္သစ္အသင္းကို ရံႈးနိမ့္ခဲ့လို႔ တတိယလုပြဲနဲ႔ပဲ ေက်နပ္ခဲ့ရျပန္ပါတယ္။ တတိယေနရာလုပြဲမွာလည္း အိမ္ရွင္ ဂ်ာမနီအသင္းကို ရံႈးနိမ့္ခဲ့လို႔ စတုတၳေနရာသာ ရရွိခဲ့ပါတယ္။ ၂၀၁၀ နဲ႔ ၂၀၁၄ ၿပိဳင္ပြဲေတြမွာ ဆက္တိုက္ဆိုသလို ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ေပမယ့္ ၂၀၁၀ ၿပိဳင္ပြဲသာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

Portugal-World-Cup-Squad

Portugal-World-Cup-Squad

ေျခစစ္ပြဲ ျဖတ္သန္းမႈ
ယူရိုခ်န္ပီယံအသင္းရဲ႕ ကမၻာ႔ဖလားေျခစစ္ပြဲက ခက္ခဲမႈမရွိခဲ့ပါဘူး။ ဆြစ္ဇာလန္အသင္းေလာက္သာ ၿပိဳင္ဘက္ေကာင္းျဖစ္ခဲ့ၿပီး က်န္အသင္းေတြက သာမန္အဆင့္သာရွိလို႔ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ အုပ္စုထိပ္ဆံုးေနရာကေန တိုက္ရိုက္ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာ ျဖစ္ေပမယ့္ အုပ္စုတြင္း ၿပိဳင္ဘက္ ဆြစ္ဇာလန္အသင္းကို အသာစီးရယူႏိုင္ျခင္းမရွိဘဲ ဂိုးကြာျခားခ်က္ေၾကာင့္သာ အုပ္စု ပထမေနရာကို ရယူႏိုင္ခဲ့ၿပီး တိုက္ရိုက္ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာပါ။ ေျခစစ္ပြဲ (၁၀)ပြဲ ကစားခဲ့ၿပီး ဆြစ္ဇာလန္အသင္းကိုသာ အုပ္စုအဖြင့္ ပြဲစဥ္မွာ ရံႈးနိမ့္ခဲ့ၿပီး လက္က်န္ပြဲစဥ္ေတြ အားလံုးကို အႏိုင္ယူကာ အုပ္စုပထမေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။ ကမၻာ႔အေကာင္းဆံုး တိုက္စစ္မွဴး တစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒိုက ေျခစစ္ပြဲမွာ (၁၅)ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အန္ဒေရေဆးလ္ဗားက (၉)ဂိုး သြင္းယူေပးခဲ့ပါတယ္။

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
စီေရာ္နယ္လ္ဒိုလို ကမၻာ႔အေကာင္းဆံုး တိုက္စစ္မွဴးကို ပိုင္ဆိုင္ထားေပမယ့္ အေကာင္းဆံုးအခ်ိန္ကို ေက်ာ္လြန္လာခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္လို႔ သူ႔ဆီကေန အမ်ားႀကီး ေမွ်ာ္လင့္လို႔ေတာ့ မရေတာ့ပါဘူး။ ေပၚတူဂီအသင္းရဲ႕ အဓိက ျပသနာက အရြယ္လြန္ ကစားသမားေတြ အမ်ားအျပားပါ၀င္ေနတာ ျဖစ္ၿပီး အသက္ (၃၀)ေက်ာ္ ကစားသမား (၉)ဦးအထိ ပါ၀င္ေနတာ ျဖစ္ပါတယ္။ ပီပီ၊ ဘရူႏိုအဲဗက္စ္၊ ဖြန္ေတ၊ ဖာနန္ဒက္စ္၊ စီေရာ္နယ္လ္ဒို၊ ကြာရက္စ္မာတို႔လို ၀ါရင့္ကစားသမားေတြကို အေျချပဳတည္ေဆာက္ထားတဲ့ အသင္းျဖစ္လို႔ လွ်င္ျမန္မႈအပိုင္းမွာ ၿပိဳင္ဘက္အသင္းေတြထက္ ခက္ခဲမႈေတြရွိလာႏိုင္ပါတယ္။ ဂယ္ဟယ္ရို၊ ယာအုိမာရီယုိ၊ ၀ီလီယံကာဗယ္လ္ဟိုတို႔လို အသက္အရြယ္ပိုင္းအရ အေကာင္းအခ်ိန္ကို ေရာက္ေနတဲ့ ကစားသမားေတြ ပါ၀င္ေနေပမယ့္ ၿပိဳင္ဘက္အသင္းေတြအတြက္ ထိန္းခ်ဳပ္ရခက္ခဲတဲ့ ကစားသမားမ်ိဳးေတြေတာ့ မဟုတ္ပါဘူး။ ေပၚတူဂီအသင္းမွာ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနတဲ့ ကစားသမားေတြကေတာ့ ၿပီးခဲ့တဲ့ ေျခစစ္ပြဲမွာ အသင္းအတြက္ (၉)ဂိုးအထိ သြင္းယူေပးခဲ့တဲ့ လူငယ္တိုက္စစ္မွဴး အန္ဒေရေဆးလ္ဗားနဲ႔ မန္စီးတီးအသင္းမွာ ကစားေနတဲ့ ဘာနာဒိုေဆးလ္ဗားတို႔ပဲ ျဖစ္ပါတယ္။ အသက္အရြယ္ပိုင္းအရ ငယ္ရြယ္ေသးေပမယ့္ ေျခစြမ္းပိုင္း ေကာင္းမြန္တဲ့ ကစားသမားေတြျဖစ္လို႔ ရုရွားေျမမွာ ေပၚတူဂီအသင္းအတြက္ ဘယ္ေလာက္ထိ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္သြားရမယ့္ ကစားသမားေတြ ျဖစ္ပါတယ္။

REF:Wikipedia
Photo:Sportswallah, Football24, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တိုက်ပွဲတွေနဲ့ စမ်းသပ်ခံရမယ့် ဥရောပချန်ပီယံ ပေါ်တူဂီအသင်း

ပေါ်တူဂီအသင်း
သမိုင်းအောင်မြင်မှု ကြီးကြီးမားမားမရှိပေမယ့် တစ်ခေတ်တစ်ယောက်လို့ ပြောနိုင်တဲ့ တိုက်စစ်မှူးကောင်းတွေ ပေါ်ထွက်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အူစီဘီယို၊ ဖီဂိုတို့လို ဂန္ထဝင်တွေ ထွက်ပေါ်ခဲ့သလို အခုအချိန်မှာလည်း စီရော်နယ်လ်ဒိုလို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းပါ။ ဥရောပချန်ပီယံအဖြစ် ပြိုင်ပွဲဝင်လာမယ့် ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာကလွဲလို့ သမိုင်းမှာ ကြီးမားတဲ့ အောင်မြင်မှုမှတ်တမ်းကို ရရှိထားခြင်းမရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလား ကနေစပြီး နောက်ပိုင်း ပြိုင်ပွဲတွေကို တောက်လျှောက် ယှဉ်ပြိုင်ခွင့်ရတားတဲ့ အသင်းဖြစ်ပေမယ့် သမိုင်းတစ်လျှောက်မှာတော့ (၆)ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အကြိမ်တိုင်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ (၃)ကြိမ်သာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြဟောင်း ပေါ်လိုဘန်တိုကို ရာထူးက ထုတ်ပယ်ပြီး လက်ရှိနည်းပြ ဖာနန်ဒိုဆန်းတို့စ် နည်းပြဖြစ်လာတဲ့နောက်ပိုင်း ယူရိုချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့လို့ အသင်းစွမ်းဆောင်ရည်တွေ ကောင်းမွန်လာတယ်လို့ ပြောရမှာပါ။ ပုံစံကောင်းတွေ ပြသနေသေးပေမယ့် အသက်အရွယ် အပိုင်းအခြားအရ အကောင်းဆုံး အချိန်ကို ကျော်လွန်လာခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်အသင်းအတွက် နောက်ဆုံး ကစားပေးတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်လာနိုင်တာကြောင့်လည်း သူ့အနေနဲ့ အသင်းကို ဘယ်အဆင့်ထိ ရောက်အောင် စွမ်းဆောင်ပေးသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Portuguese-striker-Eusebio-in-tears-after-Portugals-defeat-to-England-in-the-semi-final-of-the-1966-World-Cup

Portuguese-striker-Eusebio-in-tears-after-Portugals-defeat-to-England-in-the-semi-final-of-the-1966-World-Cup

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေမယ့် နောက်ပိုင်းမှာ ခြေစစ်ပွဲတောက်လျှောက် ယှဉ်ပြိုင်ကစားခဲ့ပြီး (၈)ကြိမ်မြောက်အဖြစ် အင်္ဂလန်မြေမှာ ကျင်းပတဲ့ ပြိုင်ပွဲမှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရခဲ့ပါတယ်။ အသင်းဂန္ထဝင် တိုက်စစ်မှူး အူဆီဘီယို နာမည်ကျော်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်စဉ်မှာပဲ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ပေမယ့် အိမ်ရှင် အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့လို့ တတိယနေရာလုပွဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တတိယလုပွဲမှာတော့ နာမည်ကြီး ဆိုဗီယက်အသင်းကို အနိုင်ယူပြီး တတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။ အူဆီဘီယိုရဲ့ စွမ်းဆောင်မှုနဲ့ တတိယနေရာကို ရရှိခဲ့တာဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပေါ်တူဂီအသင်းရဲ့ အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့ပါတယ်။ ၁၉၈၆ မက္က­ဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အာရှမြေမှာ ပထမဆုံးကျင်းပတဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဖီဂိုရဲ့ ဦးဆောင်မှုနဲ့အတူ တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း အုပ်စုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဂျာမနီမှာ ကျင်းပတဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဖီဂို၊ ပေါ်လက်တာတို့လို ဝါရင့်ကစားသမားတွေ ဦးဆောင်မှုနဲ့ စီရော်နယ်လ်ဒို၊ ပိုစတီဂါ၊ တီယာဂိုတို့လို လူငယ်ကစားသမားတွေ ပါဝင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် အုပ်စုအဆင့်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ပေမယ့် ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ တတိယလုပွဲနဲ့ပဲ ကျေနပ်ခဲ့ရပြန်ပါတယ်။ တတိယနေရာလုပွဲမှာလည်း အိမ်ရှင် ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့လို့ စတုတ္ထနေရာသာ ရရှိခဲ့ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ ပြိုင်ပွဲတွေမှာ ဆက်တိုက်ဆိုသလို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် ၂၀၁၀ ပြိုင်ပွဲသာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Portugal-World-Cup-Squad

Portugal-World-Cup-Squad

ခြေစစ်ပွဲ ဖြတ်သန်းမှု
ယူရိုချန်ပီယံအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲက ခက်ခဲမှုမရှိခဲ့ပါဘူး။ ဆွစ်ဇာလန်အသင်းလောက်သာ ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပြီး ကျန်အသင်းတွေက သာမန်အဆင့်သာရှိလို့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုထိပ်ဆုံးနေရာကနေ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပေမယ့် အုပ်စုတွင်း ပြိုင်ဘက် ဆွစ်ဇာလန်အသင်းကို အသာစီးရယူနိုင်ခြင်းမရှိဘဲ ဂိုးကွာခြားချက်ကြောင့်သာ အုပ်စု ပထမနေရာကို ရယူနိုင်ခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ ခြေစစ်ပွဲ (၁၀)ပွဲ ကစားခဲ့ပြီး ဆွစ်ဇာလန်အသင်းကိုသာ အုပ်စုအဖွင့် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး လက်ကျန်ပွဲစဉ်တွေ အားလုံးကို အနိုင်ယူကာ အုပ်စုပထမနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုက ခြေစစ်ပွဲမှာ (၁၅)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အန်ဒရေဆေးလ်ဗားက (၉)ဂိုး သွင်းယူပေးခဲ့ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမားများ
စီရော်နယ်လ်ဒိုလို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးကို ပိုင်ဆိုင်ထားပေမယ့် အကောင်းဆုံးအချိန်ကို ကျော်လွန်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်လို့ သူ့ဆီကနေ အများကြီး မျှော်လင့်လို့တော့ မရတော့ပါဘူး။ ပေါ်တူဂီအသင်းရဲ့ အဓိက ပြသနာက အရွယ်လွန် ကစားသမားတွေ အများအပြားပါဝင်နေတာ ဖြစ်ပြီး အသက် (၃၀)ကျော် ကစားသမား (၉)ဦးအထိ ပါဝင်နေတာ ဖြစ်ပါတယ်။ ပီပီ၊ ဘရူနိုအဲဗက်စ်၊ ဖွန်တေ၊ ဖာနန်ဒက်စ်၊ စီရော်နယ်လ်ဒို၊ ကွာရက်စ်မာတို့လို ဝါရင့်ကစားသမားတွေကို အခြေပြုတည်ဆောက်ထားတဲ့ အသင်းဖြစ်လို့ လျှင်မြန်မှုအပိုင်းမှာ ပြိုင်ဘက်အသင်းတွေထက် ခက်ခဲမှုတွေရှိလာနိုင်ပါတယ်။ ဂယ်ဟယ်ရို၊ ယာအိုမာရီယို၊ ဝီလီယံကာဗယ်လ်ဟိုတို့လို အသက်အရွယ်ပိုင်းအရ အကောင်းအချိန်ကို ရောက်နေတဲ့ ကစားသမားတွေ ပါဝင်နေပေမယ့် ပြိုင်ဘက်အသင်းတွေအတွက် ထိန်းချုပ်ရခက်ခဲတဲ့ ကစားသမားမျိုးတွေတော့ မဟုတ်ပါဘူး။ ပေါ်တူဂီအသင်းမှာ စောင့်ကြည့်ချင်စရာကောင်းနေတဲ့ ကစားသမားတွေကတော့ ပြီးခဲ့တဲ့ ခြေစစ်ပွဲမှာ အသင်းအတွက် (၉)ဂိုးအထိ သွင်းယူပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး အန်ဒရေဆေးလ်ဗားနဲ့ မန်စီးတီးအသင်းမှာ ကစားနေတဲ့ ဘာနာဒိုဆေးလ်ဗားတို့ပဲ ဖြစ်ပါတယ်။ အသက်အရွယ်ပိုင်းအရ ငယ်ရွယ်သေးပေမယ့် ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ ကစားသမားတွေဖြစ်လို့ ရုရှားမြေမှာ ပေါ်တူဂီအသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမယ့် ကစားသမားတွေ ဖြစ်ပါတယ်။

REF:Wikipedia
Photo:Sportswallah, Football24, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com