အလုပ်ကိစ္စနဲ့အပြင်သွားရင်း အရေးတကြီးပြောစရာရှိမှ ဖုန်းအားကုန်နေတာမျိုးကိုလူတိုင်းကြုံဖူးမှာပါ။ ခရီးသွားတဲ့အချိန် ၊ မီးပျက်နေတဲ့အချိန်ဆိုလည်း ဖုန်းအားသွင်းဖို့ခက်ပါတယ်။ ဒီတော့ လူတိုင်းအတွက် Battery Pack က မရှိမဖြစ် ဆောင်ထားဖို့လိုလာပါပြီ။ ဘယ်လို အမျိုးအစားတွေ အကောင်းဆုံးလည်းဆိုတာ မသိတဲ့သူတွေ အတွက် Akhayar.com ကနေ ဇန်န၀ါရီလအတွက် အကောင်းဆုံး အဖြစ် သတ်မှတ်ခြင်းခံရတဲ့ Portable Battery Pack တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

Anker PowerCore 20100 mAh

Anker Power Series ဟာ အကောင်းဆုံး Portable Battery Pack စာရင်းမှာ ၃ကြိမ်ပါပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ $40 ရှိပြီး အသုံးပြုရတာလည်း အဆင်ပြေစေပါတယ်။ Anker Website ရဲ့ အပြောအရကတော့ ဒီ Charger ဟာ 20100 mAh ရှိပြီး iPhone 6ကို ၇ကြိမ် ၊ Samsung Galaxy S6 ကို ၅ကြိမ် နဲ့ iPad Mini ကို ၂ကြိမ် အားသွင်းနိုင်ကြောင်းသိရပါတယ်။ USB Ports ၂ ပေါက်ပါရှိပြီး တစ်ပေါက်ချင်းစီက 2.4 Amps အထောက်အပံ့ပေးကြောင်းသိရပါတယ်။

Anker PowerCore 10000 mAh

ဒီမော်ဒယ်မှာ USB 3.0 Technology အထောက်အပံ့ပေးထားပြီး USB Type-A Port ပါဝင်ပါတယ်။  ဘေးဘက်မှာ ပါဝါ ခလုပ်ပါဝင်ပြီး အရှေ့ဘက်မှာ LED Light ၄ ခုပါဝင်ပါတယ်။ ဒီ ၄ခုဟာ အားသွင်းတဲ့အခါမှာ Battery ဘယ်လောက်ကျန်သေးလည်းဆိုတာကို ပြပေးပါတယ်။ အကြမ်းအားဖြင့်ပြောရရင်တော့ LED တခုချင်းစီးဟာ 25% ကိုကိုယ်စားပြုပါတယ်။ ၃၅ မိနစ်အတွင်း 80% ထိ အားဝင်ပြီး ဈေးနှုန်းအနေနဲ့ကတော့ $30 ရှိကြောင်းသိရပါတယ်။

Anker Power Core+ Mini

Anker Power Core +Mini ဟာ နှုတ်ခမ်းနီတောင့် အရွယ်အစား သာရှိတာကြောင့် ပိုက်ဆံအိတ် ဒါမှမဟုတ် အကျီအိတ်ထဲ ထည့်လို့ရတဲ့အထိ သေးငယ်တာကြောင့် သယ်ရအဆင်ပြေစေပါတယ်။  ဒီလအတွက်အကောင်းဆုံး Battery Pack စာရင်းမှာ ဈေးနှုန်း အချိုသာဆုံးဖြစ်ပါတယ်။ Capacity အနေနဲ့ 3350mAh ပါရှိပြီး အားသွင်းနေတဲ့အချိန်မှာ မီးအရောင်၃ မျိုးပြသပေးတဲ့ ဘတ္ထရီ သက်တမ်းတွေကတော့ Green : 50%-100% ၊ Yellow : 20%-50% ၊ Red : 5% – 20%တို့ဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ $9.99 ဖြစ်ပါတယ်။

RAVPower 20,100 mAh Portable Charger

RAVPower Battery Pack ဟာ Plastic Body ရှိပြီး LED 4 ခုပါဝင်ကာ 2.4A USB Port အထောက်အပံ့ပေးထားပြီ မြန်ဆန်စွာအားသွင်းနိုင်တဲ့ 3.0 / 2.0 Port တို့အပြင် USB Type-C Port လည်း ပါဝင်ပါတယ်။ဈေးနှုန်းအနေနဲ့တော့ $59.99 ဖြစ်ပါတယ်။

Lepow POKI Series 5000mAh

Lepow POKI Series ဟာ 5000mAh ရှိပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရကတော့ ဒီ Charger ဟာ တခြား 5000mAh Battery တွေထက် ပိုပါးလွှာပြီး ကျစ်လစ်ကြောင်းသိရပါတယ်။  Battery အမျိုးအစားအနေနဲ့ Lithium Ion အစား Lithium Polymer ကိုအသုံးပြုထားပါတယ်။ ဒီဇိုင်းလှပြီး သေးငယ်တာကြောင့်အိတ်ကပ်ထဲ အလွယ်တကူ သယ်ဆောင်သွားနိုငပါတယ်။ စမတ်ဖုန်းနဲ့ Tablet တွေအတွက်ပိုမိုသင့်လျော်ပြီး ဈေးနှုန်းအနေနဲ့ကတော့ $29.99 ရှိပါတယ်။

EasyAcc Solar Power Bank

EasyAcc ဟာ 8000mAh Battery ရှိပြီးနေရောင်ခြည်စွမ်းအင် အသုံးပြုပြီးအားသွင်း နိုင်တဲ့ Power Bank အမျိုးအစားလည်းဖြစ်ပါတယ်။ စွမ်းအားပြည့်တဲ့ Flashlight LEDs 32 ခုပါဝင်ပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်အားသွင်းတဲ့အခါ 350mA ထိ သွင်းနိုင်ပါတယ်။ အားသွင်းတဲ့ အခါမှာ ဖုန်း၂ခုကိုတပြိုင်တည်းအားသွင်းနိုင်ပြီး Two Out Put USB Ports 5V / 2.1 A ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ $39.99 ဖြစ်ပါတယ်။

 

Ref : Android Authority

Jan ( Akhayar )