Pornhub မွာ AI စနစ္တစ္ခု စတင္ထည့္သြင္း

Artificial Intelligence (သိဉာဏ္တု) ေတြ ဟာ ဓာတ္ပံု၊ ဗီဒီယိုေတြကို အလြန္ထက္ျမက္စြာ မွတ္သားသိျမင္ႏိုင္တာကို အားလံုးလည္း သိၾကမွာပါ။ စမတ္ဖုန္းေတြတြင္က်ယ္လာတာနဲ႕အမွ်၊ AI စနစ္ဟာလည္း တစ္ျဖည္းျဖည္း တြင္က်ယ္လာခဲ့ပါတယ္။ ဒီေန႔မွာ ကမာၻ့အႀကီးဆံုး Porn Website တစ္ခုျဖစ္တဲ့ Pornhub က machine learning ကို ဗီဒီယို ကတ္တေလာ့ဂ္ေတြမွာ အလိုအေလ်ာက္ထည့္သြင္းႏိုင္ေအာင္ ျပဳလုပ္ထားေၾကာင္း ထုတ္ေဖာ္လိုက္ပါတယ္။

ဆိုက္ဟာ Facial Recognition Software ကို အသံုးျပဳၿပီး သူတို႔ရဲ႕ Footage ေပၚမူတည္ၿပီးေတာ့ အျပာမင္းသား၊ မင္းသမီးေပါင္း ၁၀၀၀၀ ေက်ာ္ကို မွတ္သား၊ Tag လုပ္ေပးမွာ ျဖစ္ပါတယ္။ ဒီအစီအစဥ္ကို လက္ရွိ Pornhub မွာတင္ထားတဲ့ ဗီဒီယိုေပါင္း ၅သန္းေက်ာ္ကို “တစ္ႏွစ္အတြင္း” Scan လုပ္ဖို႔ စတင္ေနၿပီျဖစ္ၿပီး “public” “blonde” စတဲ့ Keywords ေတြေပၚမူတည္ၿပီးေတာ့ ပိုမိုရႈပ္ေထြးတဲ့ ရွာေဖြမႈေတြကို ထိထိေရာက္ေရာက္ရွာေဖြႏိုင္ဖို႔ ျပဳလုပ္ေပးမွာပါ။

ေဖာ္ျပခ်က္အရ Pornhub ဒုဥကၠဌ Corey Price ရဲ႕ ေျပာၾကားခ်က္အရ ကုမၸဏီဟာ AI သုံးတဲ့ Trend ကို အမွီလိုက္လာတာျဖစ္ၿပီး “ရႈပ္ေထြးတဲ့လုပ္ငန္းစဥ္ကို အလ်င္အျမန္ၿပီးျမာက္ေစတယ္” လို႔ တင္စားခဲ့ပါတယ္။ ဒါေပမယ့္၊ PornHub ရဲ႕ AI process ေတြဟာ လက္ရွိ လူထုအေျချပဳစနစ္ကို အဆင့္ႁမွင့္ႏိုင္ဖို႔အတြက္အသံုးျပဳတာေတာ့ မျဖစ္ႏိုင္ေၾကာင္း သတင္းေတြက ဆိုပါတယ္။ လက္ရွိ Beta အေနနဲ႕ စမ္းသပ္ထားတဲ့ Machine Learning စနစ္ေဆာ့ဖ္ဝဲဟာ ဗီဒီယိုေပါင္း ၅၀၀၀၀ ေက်ာ္ကို တစ္လအတြင္း Scan လုပ္ထားၿပီး ျဖစ္ပါတယ္။

Facial Technology နည္းပညာကို Porn ဆိုက္မွာ အသံုးျပဳတာဟာ Privacy ဆိုင္ရာ ရႈပ္ေထြးမႈေတြ ျဖစ္ေပၚလာႏိုင္ေပမယ့္ ဒီစနစ္နဲ႕ ပတ္သက္လို႔ Privacy ကို ထိခိုက္ေစႏိုင္မွာ မဟုတ္ေၾကာင္း Pornhub က ျပန္လည္ေျဖရွင္းခဲ့ပါတယ္။

Ref: The Verge

=============

[Unicode]

Pornhub မှာ AI စနစ်တစ်ခု စတင်ထည့်သွင်း

Artificial Intelligence (သိဉာဏ်တု) တွေ ဟာ ဓာတ်ပုံ၊ ဗီဒီယိုတွေကို အလွန်ထက်မြက်စွာ မှတ်သားသိမြင်နိုင်တာကို အားလုံးလည်း သိကြမှာပါ။ စမတ်ဖုန်းတွေတွင်ကျယ်လာတာနဲ့အမျှ၊ AI စနစ်ဟာလည်း တစ်ဖြည်းဖြည်း တွင်ကျယ်လာခဲ့ပါတယ်။ ဒီနေ့မှာ ကမ္ဘာ့အကြီးဆုံး Porn Website တစ်ခုဖြစ်တဲ့ Pornhub က machine learning ကို ဗီဒီယို ကတ်တလော့ဂ်တွေမှာ အလိုအလျောက်ထည့်သွင်းနိုင်အောင် ပြုလုပ်ထားကြောင်း ထုတ်ဖော်လိုက်ပါတယ်။

ဆိုက်ဟာ Facial Recognition Software ကို အသုံးပြုပြီး သူတို့ရဲ့ Footage ပေါ်မူတည်ပြီးတော့ အပြာမင်းသား၊ မင်းသမီးပေါင်း ၁၀၀၀၀ ကျော်ကို မှတ်သား၊ Tag လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လက်ရှိ Pornhub မှာတင်ထားတဲ့ ဗီဒီယိုပေါင်း ၅သန်းကျော်ကို “တစ်နှစ်အတွင်း” Scan လုပ်ဖို့ စတင်နေပြီဖြစ်ပြီး “public” “blonde” စတဲ့ Keywords တွေပေါ်မူတည်ပြီးတော့ ပိုမိုရှုပ်ထွေးတဲ့ ရှာဖွေမှုတွေကို ထိထိရောက်ရောက်ရှာဖွေနိုင်ဖို့ ပြုလုပ်ပေးမှာပါ။

ဖော်ပြချက်အရ Pornhub ဒုဥက္ကဌ Corey Price ရဲ့ ပြောကြားချက်အရ ကုမ္ပဏီဟာ AI သုံးတဲ့ Trend ကို အမှီလိုက်လာတာဖြစ်ပြီး “ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ကို အလျင်အမြန်ပြီးမြာက်စေတယ်” လို့ တင်စားခဲ့ပါတယ်။ ဒါပေမယ့်၊ PornHub ရဲ့ AI process တွေဟာ လက်ရှိ လူထုအခြေပြုစနစ်ကို အဆင့်မြှင့်နိုင်ဖို့အတွက်အသုံးပြုတာတော့ မဖြစ်နိုင်ကြောင်း သတင်းတွေက ဆိုပါတယ်။ လက်ရှိ Beta အနေနဲ့ စမ်းသပ်ထားတဲ့ Machine Learning စနစ်ဆော့ဖ်ဝဲဟာ ဗီဒီယိုပေါင်း ၅၀၀၀၀ ကျော်ကို တစ်လအတွင်း Scan လုပ်ထားပြီး ဖြစ်ပါတယ်။

Facial Technology နည်းပညာကို Porn ဆိုက်မှာ အသုံးပြုတာဟာ Privacy ဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်ပေမယ့် ဒီစနစ်နဲ့ ပတ်သက်လို့ Privacy ကို ထိခိုက်စေနိုင်မှာ မဟုတ်ကြောင်း Pornhub က ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Ref: The Verge