[Zawgyi]

ကရင္မွ်စ္ခ်ဥ္ ၀က္လက္ခ်က္ [Recipe]

ပါ၀င္ပစၥည္းမ်ား

  • ၀က္လက္ – ၅၀ က်ပ္သား
  • မွ်စ္ခ်ဥ္နုနု – ၃၀ က်ပ္သား
  • ၾကက္သြန္နီ – ၃ ဥ
  • ၾကက္သြန္ၿဖူအၾကီး – ၁၀ မႊာ
  • ပဲငံၿပာရည္အေနာက္ – စားပြဲတင္ဇြန္း  ၁ ဇြန္း
  • ခ်င္း (ဂ်င္း) – လက္တစ္ဆစ္
  • စပါးလင္ – ၁ ေခ်ာင္း
  • ခရမ္းခ်ဥ္သီး – ၂ လံုး
  • တရုတ္နံနံပင္ – ၁၀ ပင္
  • ပင္စိမ္းရြက္ – ၁ စည္း
  • သၾကား၊ ဆား၊ အရသာမွုန္႕ – အနည္းငယ္
  • ပဲဆီေမႊး – ၂ က်ပ္ခြဲသား

 

ၿပင္ဆင္မယ္

  • ၀က္လက္ကို အေနေတာ္အတံုးေလးေတြတံုး၊ ေရေဆးၿပီး ပဲငံၿပာရည္အေနာက္၊ ဆား၊ သၾကားတို႕ၿဖင့္ သမေအာင္ နယ္ထားပါ။
  • မွ်စ္ခ်ဥ္ကို မၾကီးမေသးအရြယ္ လွီးၿဖတ္ၿပီး ေရေဆးပါ။
  • ၾကက္သြန္နီကို အလံုးလိုက္ ေရေဆးၿပီး ကန္႕လန္႕ၿဖတ္ အကြင္းေလးေတြရေအာင္ ကြင္းထားပါ။
  • ၾကက္သြန္ၿဖဴကို ဓါးၿပားရိုက္ပါ။
  • ခ်င္း(ဂ်င္း)ကို မညက္တညက္ ေထာင္းထားပါ။
  • စပါးလင္ကို ေရေဆးၿပီး အေခ်ာင္းလိုက္ ထုေပးၿပီး ထံုးထားပါ။
  • ခရမ္းခ်ဥ္သီးကို အလံုးလိုက္ ေရေဆးကာ အကြင္းလိုက္ လွီးေပးပါ။
  • တရုတ္နံနံပင္ကို ေရေဆး၊ ၃ ပိုင္းၿဖတ္ထားေပးပါ။
  • ပင္စိမ္းရြက္ကို အရြက္မ်ား ေၿခြကာ ေရေဆးပါ။

ခ်က္ၿပဳတ္မယ္

  • ဟင္းခ်က္ဖို႕အတြက္ အဆင္သင့္ၿဖစ္လွ်င္ ဒယ္အိုးခပ္ၾကီးၾကီးထဲကို ဆီထည့္ပါ။
  • ဆီပူလွ်င္ ၾကက္သြန္အနီ၊ အၿဖဴ၊ ၊ ခ်င္း(ဂ်င္း)ကို ဆီသတ္ပါ။ ၾကက္သြန္မ်ား အနည္းငယ္ နြမ္းသြားရင္ ၀က္လက္နဲ႕ စပါးလင္မွ်စ္ခ်ဥ္ကုိ ထည္ံၿပီး ေမႊေပးပါ။
  • ၿပီးလွ်င္ ငံၿပာရည္၊ ဆား၊ အခ်ိဳအရသာ အားလံုးထည့္၊ ေရထည့္ၿပီး မီးေအးေအးနဲ႕ ၀က္လက္အသားမ်ား နူးအိေနေအာင္ တည္ေပးရပါမယ္။
  • ၀က္လက္မ်ား နူးစၿပဳရင္ က်န္တဲ႕ ခရမ္းခ်ဥ္သီး၊ တရုတ္နံနံ၊ ပင္စိမ္းရြက္တို႕ကို ထည့္ေပးပါ။
  • ဟင္းအရည္ကိုေတာ့ မနည္းမမ်ား အေနေတာ္ထားခ်က္ပါ။ ဟင္းအရသာၿမည္းၿပီးလွ်င္ အနံ႕အရသာနဲ႕ ၿပီးၿပည့္စံုတဲ႕ ကရင္၀က္လက္မွ်စ္ခ်ဥ္ဟင္းလ်ာကို အရသာရွိရွိ ၿမိန္ရွက္စြာ သံုးေဆာင္လို႕ ရပါၿပီ။
  • စာဖတ္သူမ်ား ၾကိဳက္နွစ္သက္မယ့္ ဟင္းတစ္ခြက္ပါ။ အိမ္မွာ ခ်က္စားၾကည့္ေစခ်င္ပါတယ္။
၀က္လက္မွ်စ္ခ်ဥ္

၀က္လက္မွ်စ္ခ်ဥ္

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီးပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

==============
[Zawgyi]

ကရင်မျှစ်ချဉ် ဝက်လက်ချက် [Recipe]

ပါဝင်ပစ္စည်းများ

  • ဝက်လက် – ၅၀ ကျပ်သား
  • မျှစ်ချဉ်နုနု – ၃၀ ကျပ်သား
  • ကြက်သွန်နီ – ၃ ဥ
  • ကြက်သွန်ဖြူအကြီး – ၁၀ မွှာ
  • ပဲငံပြာရည်အနောက် – စားပွဲတင်ဇွန်း  ၁ ဇွန်း
  • ချင်း (ဂျင်း) – လက်တစ်ဆစ်
  • စပါးလင် – ၁ ချောင်း
  • ခရမ်းချဉ်သီး – ၂ လုံး
  • တရုတ်နံနံပင် – ၁၀ ပင်
  • ပင်စိမ်းရွက် – ၁ စည်း
  • သကြား၊ ဆား၊ အရသာမှုန့် – အနည်းငယ်
  • ပဲဆီမွှေး – ၂ ကျပ်ခွဲသား

 

ပြင်ဆင်မယ်

  • ဝက်လက်ကို အနေတော်အတုံးလေးတွေတုံး၊ ရေဆေးပြီး ပဲငံပြာရည်အနောက်၊ ဆား၊ သကြားတို့ဖြင့် သမအောင် နယ်ထားပါ။
  • မျှစ်ချဉ်ကို မကြီးမသေးအရွယ် လှီးဖြတ်ပြီး ရေဆေးပါ။
  • ကြက်သွန်နီကို အလုံးလိုက် ရေဆေးပြီး ကန့်လန့်ဖြတ် အကွင်းလေးတွေရအောင် ကွင်းထားပါ။
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ပါ။
  • ချင်း(ဂျင်း)ကို မညက်တညက် ထောင်းထားပါ။
  • စပါးလင်ကို ရေဆေးပြီး အချောင်းလိုက် ထုပေးပြီး ထုံးထားပါ။
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးပေးပါ။
  • တရုတ်နံနံပင်ကို ရေဆေး၊ ၃ ပိုင်းဖြတ်ထားပေးပါ။
  • ပင်စိမ်းရွက်ကို အရွက်များ ခြွေကာ ရေဆေးပါ။

ချက်ပြုတ်မယ်

  • ဟင်းချက်ဖို့အတွက် အဆင်သင့်ဖြစ်လျှင် ဒယ်အိုးခပ်ကြီးကြီးထဲကို ဆီထည့်ပါ။
  • ဆီပူလျှင် ကြက်သွန်အနီ၊ အဖြူ၊ ၊ ချင်း(ဂျင်း)ကို ဆီသတ်ပါ။ ကြက်သွန်များ အနည်းငယ် နွမ်းသွားရင် ဝက်လက်နဲ့ စပါးလင်မျှစ်ချဉ်ကို ထည်ံပြီး မွှေပေးပါ။
  • ပြီးလျှင် ငံပြာရည်၊ ဆား၊ အချိုအရသာ အားလုံးထည့်၊ ရေထည့်ပြီး မီးအေးအေးနဲ့ ဝက်လက်အသားများ နူးအိနေအောင် တည်ပေးရပါမယ်။
  • ဝက်လက်များ နူးစပြုရင် ကျန်တဲ့ ခရမ်းချဉ်သီး၊ တရုတ်နံနံ၊ ပင်စိမ်းရွက်တို့ကို ထည့်ပေးပါ။
  • ဟင်းအရည်ကိုတော့ မနည်းမများ အနေတော်ထားချက်ပါ။ ဟင်းအရသာမြည်းပြီးလျှင် အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့ ကရင်ဝက်လက်မျှစ်ချဉ်ဟင်းလျာကို အရသာရှိရှိ မြိန်ရှက်စွာ သုံးဆောင်လို့ ရပါပြီ။
  • စာဖတ်သူများ ကြိုက်နှစ်သက်မယ့် ဟင်းတစ်ခွက်ပါ။ အိမ်မှာ ချက်စားကြည့်စေချင်ပါတယ်။
ဝက်လက်မျှစ်ချဉ်

ဝက်လက်မျှစ်ချဉ်

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီးပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

==============