ကျန်းမာလှပတဲ့ လူနေမှုဘဝကိုမက်မောသူတိုင်း စဉ်းစားမိကြတဲ့အထဲမှာ ယောဂဆိုတာပါပါတယ်။ ယောဂ ကျင့်စဉ်တွေဟာ ကလေးလေးကအစ အိုမင်းတဲ့အရွယ်ထိ အရွယ်စုံလေ့ကျင့်နိုင်တဲ့အတွက်ကြောင့် ယောဂ ကိုပိုပြီး ရွေးချယ်လာကြပါတယ်။ ဒီတော့ ယောဂလေ့ကျင့်ဖို့ စဉ်းစားနေသူတို့အတွက် ရန်ကုန်က နာမည်ကြီး Yoga Studioတွေကို မျှဝေပေးချင်ပါတယ်။

Yankin Yoga (ရန်ကင်းယောဂ)

နံမည်ရပြီးသား ယောဂဆရာ ဆရာမတွေ သင်ပေးနေတဲ့ လေးပါ။  လမ်းမတန်းမှာမဟုတ်လို့ ကားတဝီဝီသံတွေမရှိပဲ  ယောဂလေ့ကျင့်လို့ကောင်းတဲ့ နေရာလေးပါ။ Myanmar Plaza နဲ့ဆို ၅မိနစ်လောက်ပဲ ကားမောင်းရလို့ ရုံးကအပြန် ယောဂလေ့ကျင့်မယ်ဆို တအားအဆင်ပြေပါတယ်။Hatha ၊ Ashtanga စတဲ့ ယောဂစတိုင်အမျိုးမျိုးကို ကိုယ်နဲ့အဆင်ပြေတဲ့ ယောဂဆရာမဆီ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

လိပ်စာ – တိုက် (၂၆၆) ၊ အခန်း (၃) ၊ မြေညီထပ် ၊ ရန်အောင် (၅) လမ်း ၊ရန်ကင်းမြို့နယ်။

ဖုန်း   –  ၀၉ ၉၆၂၀ ၁၂၉၇၀

ဈေးနှုန်း – ၂၅၀၀၀ ကျပ် (၁ လ ၄ ကြိမ်)

– ၄၀၀၀၀ ကျပ် (၁ လ ၈ ကြိမ်)

– ၅၀၀၀၀ ကျပ် (၁ လ ၁၂ ကြိမ်)

– ၆၀၀၀၀ ကျပ် (၁ လ ၁၆ ကြိမ် )

– ၇၀၀၀၀ ကျပ် (၁ လ ၂၀ ကြိမ်)

အချိန် –  မနက် ၇ မှ ၈ နာရီခွဲ ထိ

– မနက် ၉ ခွဲမှ ၁၁ နာရီ ထိ

– နေ့လယ် ၂ မှ ၃ နာရီခွဲ ထိ

– ညနေ ၆ ခွဲ မှ ၇ နာရီ ခွဲ ထိ

 

Jenny Yoga

ယောဂနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ယောဂဆရာမတွေနဲ့ထိထိရောက်ရောက် လေ့ကျင့်ပေးနေပါတယ်။ယောဂရဲ့ အနှစ်သာရကို တကယ်သိရှိသွားစေမယ့် သင်တန်းကျောင်းပါပဲ။

လိပ်စာ – အမှတ်(၂၃၇) ၊ ၃ အေ ၊ အနော်ရထာလမ်း ၊ (၁၀)လမ်း ၊ လမ်းမတော်မြို့နယ်။

ဖုန်း      – ၀၉ ၉၇၂ ၈၀၅၁၇၅ ၊ ၀၉ ၉၇၂ ၈၀ ၅၁၇၅

ဈေးနှုန်း – ၁ လ ၆၈၀၀၀ ကျပ် (တစ်ပတ် ၂ ကြိမ်)၊ ၁လ ၈၀၀၀၀ ကျပ် (တစ်ပတ် ၃ ကြိမ်)

အချိန် –  မနက် ၇ မှ ၈ နာရီ

– မနက် ၁၀ မှ ၁၁ နာရီ

– နေ့လယ် ၃ မှ ၄ နာရီ

– ညနေ ၆ မှ ၇ နာရီ

 

နန်းဆုကေဆွမ်

ယောဂကို မြန်မာလူထုသိအောင် မိတ်ဆက်သယ်ဆောင်လာသူထဲမှာ ဆရာမ နန်းဆုကေဆွမ်လည်း ပါဝင်ပါတယ်။ ယောဂလေ့ကျင့်ရင်း စိတ်တည်ငြိမ်အေးချမ်းခြင်း၊ ခန္ဓာကိုယ်ကျန်းမာပေါ့ပါးလာခြင်းတွေကို လက်တွေ့ခံစားလာရမယ့် သင်တန်းပါပဲ။

လိပ်စာ – အမှတ်(၂၅၅ / အေ) ၊ ချန်မာဖီမှတ်တိုင် ၊ အလုံအပေါ်လမ်း၊ ကြည့်မြင်တိုင် ၊ အလုံမြို့နယ်။

ဖုန်း    – ၀၉ ၇၃၁ ၉၂၇၇၅

ဈေးနှုန်း – ၁ လ ၃၀၀၀၀ ကျပ် (တစ်ပတ် ၃ကြိမ်)၊ ၁လ ၂၅၀၀၀ ကျပ် (တစ်ပတ် ၂ ကြိမ်)

အချိန် – တင်္နလာ၊ ဗုဒ္ဓဟူး ၊ သောကြာ (မနက် ၇ မှ ၈ နာရီခွဲ ထိ)

– အင်္ဂါ ၊ ကြာသပတေး (မနက် ၁၀ မှ ၁၁နာရီခွဲ ထိ)(ညနေ ၅ခွဲမှ ၇နာရီ ထိ)

– ဗုဒ္ဓဟူး ၊ သောကြာ (မနက် ၆ မှ ၇ နာရီခွဲ ထိ)

– စနေ ၊ တနင်္ဂနွေ (မနက် ၉နာရီခွဲ မှ ၁၁ နာရီ ထိ) (ညနေ ၅ မှ ၆ နာရီခွဲ ထိ)

You May Also Like :ရန်ကုန်ရဲ့အကောင်းဆုံး Gym များ

York Yoga

ရန်ကုန်မှာသာမက နယ်ဘက်တွေပါလှည့်ပြီး ယောဂကို မိတ်ဆက်ပေးနေပါတယ်။ ယောဂဆရာ ဆရာမတွေကိုလည်း မွေးထုတ်ပေးနေတာတွေ့ရပါတယ်။ အနုပညာရှင်တချို့လည်း York မှာသွားရောက်ကစားကြပါတယ်။

လိပ်စာ – အမှတ်(၂၈) ၊ ၄ လွှာ ၊ ဗိုလ်ရာညွန့်လမ်း ၊ ယောမင်းကြီးရပ်ကွက် ၊ ဒဂုံမြို့နယ်။

ဖုန်း     – ၀၉ ၄၂၂ ၄၇၇ ၇၇၅ ၊ ၀၉ ၇၇၆  ၄၃၆ ၇၄၅

ဈေးနှုန်း – ၁ လ ၇၈၀၀၀ ကျပ် (တစ်ပတ် ၃ ကြိမ်)၊၁ လ ၆၈၀၀၀ ကျပ် (တစ်ပတ် ၂ ကြိမ်)

အချိန် –  အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ (မနက် ၇ မှ ၈ နာရီ ထိ) (ညနေ ၆ မှ ၇ နာရီ ထိ)

ဂျုဂျူး (အခရာ)

www.akhayar.com