[ZawGyi]

၂၀၁၈ အတြက္ေခတ္အစားဆံုး ေစ႔စပ္လက္စြပ္ဒီဇိုင္းမ်ား

ကိုယ္႔ခ်စ္သူနဲ႔ေရႊလက္တြဲဖုိ႔ ပထမအဆင္႔လုိ႔ဆုိႏိုင္တဲ႔ေစ႔စပ္ပြဲေလးလုပ္ေတာ႔မယ္၊ ေစ႔စပ္လက္စြပ္ေလးဝယ္ေတာ႔မယ္ဆုိရင္ အလွဆံုးေခတ္အမီဆံုးဒီဇိုင္းေလးေတြေရြးခ်ယ္ခ်င္ၾကပါတယ္။ အခုဆုိရင္ Pinterest ကေနျပီး ၂၀၁၈ အတြက္ေခတ္အစားဆံုး Engagement Ring Trends ေတြကိုေဖာ္ျပထားတာေတြ႔ရပါတယ္။ ကိုယ္႔ခ်စ္သူကို ပူဆာလို႔ရလုိရျငားေပါ႔၊ ကိုယ္႔အၾကိဳက္နဲ႔ကိုက္ညီ မညီ ၾကည္႔ၾကည္႔လုိက္ပါဦးေနာ္။

diamond-ring

diamond-ring

ဒီႏွစ္အတြက္ ေခတ္အစားဆံုးကေတာ႔ စိန္ကို ပတၱျမား ဒါမွမဟုတ္ နီလာနဲ႔ရံထားတဲ႔ လက္စြပ္ဒီဇိုင္းေတြျဖစ္ပါတယ္တဲ႔။

ring

ring

ဒီ ဒီဇိုင္းေလးကေတာ႔ ေရွးရိုးဆန္သလို ခမ္းနားတယ္လုိ႔လည္းဆုိႏိုင္ပါတယ္။ မိုးေရစက္ပံုထိဆက္ေနတဲ႔ ဒီ ဒီဇိုင္းေလးေတြကိုလည္း လူၾကိဳက္မ်ားေနပါတယ္။

oval-shape

oval-shape

စိန္ကို ဘဲဥပံုေလးျဖတ္ထားတာမို႔ တစ္မ်ိဳးေလးဆန္းသစ္လွပပါတယ္။ စိန္လက္စြပ္ဆုိရင္ အဝိုင္းေတြပဲေရြးေနမယ္႔အစား ဘဲဥပံုေလးကိုအေျပာင္းအလဲအေနနဲ႔ ေရြးခ်ယ္လာၾကတာျဖစ္ပါတယ္။

illusion

illusion

လက္ေလးတစ္ခ်က္ေဝ႔လုိက္တာနဲ႔ လက္ျဖာသြားေစမယ္႔ဒီ ဒီဇိုင္းမ်ိဳးကေတာ႔ ဘယ္ေတာ႔မွရိုးမသြားဘဲ လူၾကိဳက္မ်ားေနဆဲပါ။

elegant

elegant

ဒါကေတာ႔ ကိတ္မစ္ဒယ္တန္ဆင္ျမန္းခဲ႔ဖူးတဲ႔ လက္စြပ္ေလးပါ။ တင္႔တယ္ခမ္းနားမႈေတြအျပည္႔ဆိုတာကေတာ႔ ျငင္းမရပါဘူးေနာ္။

moissanite-gems

moissanite-gems

Silicon Carbide လုိ႔သိၾကတဲ႔ Moissanite Gems ေတြကလည္း အရမ္းေခတ္စားေနပါတယ္။ သူကစိန္လုိပဲေတာက္ပေနတာမုိ႔ ေတာ္တန္ရံုဆုိစိန္နဲ႔မကြာဟသလုိ ထင္ရေစပါတယ္။

moissanite

moissanite

ေစ်းကေတာ႔ေတာ္ေတာ္ေလးကြာပါတယ္။ ဒါေပမဲ႔ လူၾကိဳက္မ်ားပါတယ္။

art-deco

art-deco

ဒီလုိ Art deco ဒီဇိုင္းနဲ႔ Vintage ဒီဇိုင္းေလးေတြကလည္း လက္ရွိမွာေရြးခ်ယ္မႈေတြမ်ားေနပါတယ္တဲ႔။

vintage

vintage

ကဲ…ကိုယ္ၾကိဳက္တဲ႔ဒီဇိုင္းေလးေတြ ေရြးၾကည္႔လုိက္ပါဦး။ ၾကိဳက္တာေလးေတြေတြ႔ရင္ ဒီဇိုင္းခ်ည္းသီးသန္႔အပ္လုိ႔ရတာေပါ႔။ တကယ္လုိ႔မဝယ္ျဖစ္ခဲ႔ရင္လည္း စိတ္ကူးနဲ႔ေရြးတာက ပိုက္ဆံမေပးရဘူးေလေနာ္။

www.akhayar.com

[Unicode]

၂၀၁၈ အတွက်ခေတ်အစားဆုံး စေ့စပ်လက်စွပ်ဒီဇိုင်းများ

ကိုယ့်ချစ်သူနဲ့ရွှေလက်တွဲဖို့ ပထမအဆင့်လို့ဆိုနိုင်တဲ့စေ့စပ်ပွဲလေးလုပ်တော့မယ်၊ စေ့စပ်လက်စွပ်လေးဝယ်တော့မယ်ဆိုရင် အလှဆုံးခေတ်အမီဆုံးဒီဇိုင်းလေးတွေရွေးချယ်ချင်ကြပါတယ်။ အခုဆိုရင် Pinterest ကနေပြီး ၂၀၁၈ အတွက်ခေတ်အစားဆုံး Engagement Ring Trends တွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ကိုယ့်ချစ်သူကို ပူဆာလို့ရလိုရငြားပေါ့၊ ကိုယ့်အကြိုက်နဲ့ကိုက်ညီ မညီ ကြည့်ကြည့်လိုက်ပါဦးနော်။

diamond-ring

diamond-ring

ဒီနှစ်အတွက် ခေတ်အစားဆုံးကတော့ စိန်ကို ပတ္တမြား ဒါမှမဟုတ် နီလာနဲ့ရံထားတဲ့ လက်စွပ်ဒီဇိုင်းတွေဖြစ်ပါတယ်တဲ့။

ring

ring

ဒီ ဒီဇိုင်းလေးကတော့ ရှေးရိုးဆန်သလို ခမ်းနားတယ်လို့လည်းဆိုနိုင်ပါတယ်။ မိုးရေစက်ပုံထိဆက်နေတဲ့ ဒီ ဒီဇိုင်းလေးတွေကိုလည်း လူကြိုက်များနေပါတယ်။

oval-shape

oval-shape

စိန်ကို ဘဲဥပုံလေးဖြတ်ထားတာမို့ တစ်မျိုးလေးဆန်းသစ်လှပပါတယ်။ စိန်လက်စွပ်ဆိုရင် အဝိုင်းတွေပဲရွေးနေမယ့်အစား ဘဲဥပုံလေးကိုအပြောင်းအလဲအနေနဲ့ ရွေးချယ်လာကြတာဖြစ်ပါတယ်။

illusion

illusion

လက်လေးတစ်ချက်ဝေ့လိုက်တာနဲ့ လက်ဖြာသွားစေမယ့်ဒီ ဒီဇိုင်းမျိုးကတော့ ဘယ်တော့မှရိုးမသွားဘဲ လူကြိုက်များနေဆဲပါ။

elegant

elegant

ဒါကတော့ ကိတ်မစ်ဒယ်တန်ဆင်မြန်းခဲ့ဖူးတဲ့ လက်စွပ်လေးပါ။ တင့်တယ်ခမ်းနားမှုတွေအပြည့်ဆိုတာကတော့ ငြင်းမရပါဘူးနော်။

moissanite-gems

moissanite-gems

Silicon Carbide လို့သိကြတဲ့ Moissanite Gems တွေကလည်း အရမ်းခေတ်စားနေပါတယ်။ သူကစိန်လိုပဲတောက်ပနေတာမို့ တော်တန်ရုံဆိုစိန်နဲ့မကွာဟသလို ထင်ရစေပါတယ်။

moissanite

moissanite

ဈေးကတော့တော်တော်လေးကွာပါတယ်။ ဒါပေမဲ့ လူကြိုက်များပါတယ်။

art-deco

art-deco

ဒီလို Art deco ဒီဇိုင်းနဲ့ Vintage ဒီဇိုင်းလေးတွေကလည်း လက်ရှိမှာရွေးချယ်မှုတွေများနေပါတယ်တဲ့။

vintage

vintage

ကဲ…ကိုယ်ကြိုက်တဲ့ဒီဇိုင်းလေးတွေ ရွေးကြည့်လိုက်ပါဦး။ ကြိုက်တာလေးတွေတွေ့ရင် ဒီဇိုင်းချည်းသီးသန့်အပ်လို့ရတာပေါ့။ တကယ်လို့မဝယ်ဖြစ်ခဲ့ရင်လည်း စိတ်ကူးနဲ့ရွေးတာက ပိုက်ဆံမပေးရဘူးလေနော်။

www.akhayar.com