[ZawGyi]

တစ္ပတ္အတြင္းေရပန္းအစားဆံုး အႏုပညာရွင္တို႔ရဲ႕ပံုရိပ္မ်ား

Facebook လူမႈကြန္ရက္ေပၚမွာ ျမန္မာအႏုပညာရွင္ေတြေျမာက္ျမားစြာရွိေနျပီး ေန႔စဥ္ေန႔တိုင္းမွာ သူတို႔ရဲ႕ အေကာင္႔ေတြကေန စိတ္ဝင္စားစရာဓာတ္ပံုေတြနဲ႔ အေၾကာင္းအရာေတြျမင္ေတြ႔ေနရပါတယ္။ ဒီထဲကေနမွ ပရိသတ္ေတြစိတ္ဝင္စားမႈအမ်ားဆံုးျဖစ္ေစခဲ႔တဲ႔ဓာတ္ပံုေတြနဲ႔အေၾကာင္းအရာေတြကိုစုစည္းတင္ဆက္ေပးလိုက္ပါတယ္။

ေနျခည္ဦးသရုပ္ေဆာင္လုပ္ျပီ

nay chi oo

nay chi oo

Beauty Blogger အျဖစ္နဲ႔နာမည္ရလာခဲ႔ျပီး Fan ေတြအမ်ားၾကီးပိုင္ဆိုင္ထားတဲ႔ ခ်ီခ်ီက လက္ရွိမွာေတာ႔ သရုပ္ေဆာင္အျဖစ္နဲ႔ ဇာတ္ကားစတင္ရိုက္ကူးေနျပီျဖစ္ပါတယ္။ “ရန္သူ” လို႔နာမည္ရတဲ႔ရုပ္ရွင္ကားကို ဒါရိုက္တာမီးပြား၊ သရုပ္ေဆာင္ ေနမင္း ၊ ဝတ္မႈန္ေရႊရည္ တုိ႔နဲ႔အတူ တြဲဖက္ရိုက္ကူးေနတာပါ။ သူမက ဒီဇာတ္ကားမွာ ေလေျပႏု ဆုိတဲ႔နာမည္နဲ႔ UTYCC မွာေက်ာင္းတက္ေနတဲ႔ ပထမႏွစ္ေက်ာင္းသူေလးအျဖစ္သရုပ္ေဆာင္ထားပါတယ္။ သူမအတြက္ ပထမဆံုးေသာ သရုပ္ေဆာင္မႈဟာ လြယ္ကူေပါ႔ပါးတဲ႔ဇာတ္ရုပ္မဟုတ္ဘဲ လုပ္ကြက္ရတဲ႔ဇာတ္ရုပ္မ်ိဳးမို႔ သူမကေတာ႔ အေကာင္းဆံုးသရုပ္ေဆာင္သြားမယ္လုိ႔ သူမအေကာင္႔မွာေရးသားထားတာေတြ႔ရပါတယ္။ ဒီပံုကေတာ႔ ဇာတ္ကားရိုက္ကူးေနတဲ႔ သူမရဲ႕ပံုရိပ္ပါ။ “ရန္သူ” ရိုက္ကြင္းမွာ ေတြ႔ရတဲ႔ပံုရိပ္ေတြကို ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က သူမအေကာင္႔မွာတင္ထားခဲ႔ျပီး ဒီပံုေတြကို Like 26 K နဲ႔ Share 119 ရွိခဲ႔တာေတြ႔ရပါတယ္။ Comment မွာေတာ႔ သူမနဲ႔ထပ္တူစိတ္လႈပ္ရွားေပး အားေပးတဲ႔သူေတြအမ်ားၾကီးရွိတာလည္း ေတြ႔ရပါတယ္။

ေပ်ာ္စရာကမၻာေလးထဲက ႏိုင္းႏိုင္းတုိ႔မိသားစု

nine nine and sandi cho family

nine nine and sandi cho family

ႏိုင္းႏိုင္းကေတာ႔ လက္ရွိမွာ ဇနီးျဖစ္သူစႏၵီခ်ိဴ နဲ႔ အတူ ခ်စ္စရာ သားသမီးေလးေယာက္နဲ႔ ေတြ႔ဆံုေနပါတယ္။ ေနသာတဲ႔ေန႔ေလးမွာ ကေလးေတြနဲ႔အတူတူ အျပင္ထြက္လည္ဖုိ႔ျပင္ဆင္ေနတဲ႔ သူတုိ႔မိသားစုပံုရိပ္ေတြက ျမင္ရသူကိုအေပ်ာ္ေတြကူးစက္ေစခဲ႔ပါတယ္။ စတိုင္လ္က်လြန္းတဲ႔ ေဖေဖနဲ႔ေမေမအျပင္ ခ်စ္စရာ သားနဲ႔သမီးေတြကိုပါ ပို႔စ္အမ်ိဳးမ်ိဳးနဲ႔ပံုေတြတဝၾကီး ေတြ႔ရတာပါ။ ဒီမိသားစုပံုရိပ္ေတြကို စႏၵီခ်ိဳအေကာင္႔မွာ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ကတင္ထားခဲ႔တာျဖစ္ျပီး ၇ နာရီအတြင္းမွာ Like 10 K နဲ႔ Share 565 ရွိခဲ႔ပါတယ္။ ႏိုင္းႏိုင္းတုိ႔မိသားစုကိုခ်စ္တဲ႔သူေတြရဲ႕ Comment ေတြကိုလည္း စိတ္ခ်မ္းေျမ႕ဖြယ္ ေတြ႔ရပါတယ္။

ေမတၱာစစ္နဲ႔ၾကည္ႏူးႏိုင္သူ

Zen-Kyi and christina kyi

Zen-Kyi and christina kyi

ဒီလအတြင္းမွာေတာ႔ Deception ရုပ္ရွင္ေရာ ၊ အဖြဲ႔သားေတြပါ တစ္ႏိုင္ငံလံုးပတ္ျပီး ေအာင္ပြဲခံေနၾကတဲ႔ပံုေတြကို ျမင္ရေတြ႔ရတာ ၾကည္ႏူးစရာ ဝမ္းသာစရာေကာင္းေနခဲ႔ပါတယ္။ မင္းသား ဇာဏ္ခီကိုသာမက ဒါရိုက္တာခရစၥတီးနားခီကိုပါ ခ်စ္ၾကခင္ၾက အသိအမွတ္ျပဳအားေပးၾကတာလည္း ေတြ႔ရပါတယ္။ ခုေနာက္ပိုင္းမွာေတာ႔ ဒါရိုက္တာနဲ႔ မင္းသားဟာ ဇနီးေမာင္ႏွံေတြဆုိတာရယ္ ေပ်ာ္စရာေကာင္းတဲ႔မိသားစုေလးကိုပိုင္ဆုိင္ထားတယ္ဆုိတာကိုပါသိလာၾကျပီး တစ္မိသားစုလံုးကိုခ်စ္ခင္အားေပးေနၾကပါတယ္။ ဒီပံုကေတာ႔ ခင္ပြန္းျဖစ္သူ သရုပ္ေဆာင္ဇာဏ္ခီရဲ႕ ေအာင္ျမင္မႈအတြက္ ေဘးကေနျပံဳးေပ်ာ္ေနတဲ႔ ဇနီးသည္တစ္ေယာက္ရဲ႕ၾကည္ႏူးမႈကိုျမင္ရတဲ႔ပံုေလးျဖစ္ပါတယ္။ ဒီပံုကို Like & Share လုပ္ျပီး မွ်ေဝသူေတြမ်ားျပားခဲ႔တာမုိ႔ ေပၚျပဴလာျဖစ္တဲ႔ပံုေလးအျဖစ္ မွ်ေဝေပးလုိက္တာပါ။

ကြီးကစ္ကိုဝန္းရံပါ

wutt hmone shwe yi

wutt hmone shwe yi

ကစ္ လို႔ေခၚတဲ႔ ဝတ္မႈန္ေရြရည္ ေလးကေတာ႔ တစ္မူထူးျခားတဲ႔ဇာတ္ရုပ္နဲ႔ရုပ္ရွင္ကားၾကီးကို ရိုက္ကူးေနပါတယ္။ ဒီရုပ္ရွင္ကားမွာ ေယာက်္ားလ်ာပံုစံ သရုပ္ေဆာင္ထားတာေတြ႔ရျပီး တမ်ိဳးခ်စ္စရာေကာင္းေနခဲ႔တာကို ေတြ႔ရပါတယ္။ လက္ရွိမွာ သူမက ဒါရိုက္တာမီးပြား၊ ေနမင္း ၊ ေနျခည္ဦး တို႔နဲ႔ ရန္သူ ရုပ္ရွင္ကားကို ရိုက္ကူးေနတာျဖစ္ျပီး ဒီဇာတ္ဝင္ခန္းထဲက ပံုေလးေတြကို မွ်ေဝသူမ်ားေနခဲ႔ပါတယ္။ ကြီးကစ္လို႔ ခ်စ္စႏိုးေခၚၾကတဲ႔အေပၚ သူမကလည္း သေဘာတက်ရွိတာကို ေတြ႔ခဲ႔ရပါတယ္။

အျပိဳင္လွေနၾကတဲ႔ ခင္နဲ႔ခိုင္

khin sabal oo and khine thinn kyi

khin sabal oo and khine thinn kyi

သရုပ္ေဆာင္လူမင္းရဲ႕ဇနီးျဖစ္သူ ခင္စံပယ္ဦးနဲ႔ သရုပ္ေဆာင္ခိုင္သင္းၾကည္တုိ႔ႏွစ္ေယာက္ရဲ႕အလွပံုေလးေတြကလည္း ဒီတစ္ပတ္မွာ မွ်ေဝသူမ်ားခဲ႔တာေတြ႔ရပါတယ္။ အက်ီဆင္တူေလး လက္ေဆာင္ရထားတာမုိ႔ ဓာတ္ပံုရိုက္ျဖစ္ခဲ႔တယ္လုိ႔ သိရျပီး ႏွစ္ဦးစလံုးက ျပင္ဦးလြင္ကိုေရာက္ရွိေနတာျဖစ္ပါတယ္။ ခိုင္သင္းၾကည္က ေရႊအုိးေငြအိုးျပည္႔လွ်ံျဖိဳး ဆုိတဲ႔ရုပ္ရွင္ကို စတင္ရိုက္ကူးေနတာျဖစ္ပါတယ္။ ကေလးေမေမေတြျဖစ္ေပမယ္႔ က်က္သေရရွိစြာ လွေနတဲ႔သူမတို႔ပံုရိပ္ေတြကို ေတြ႔ျမင္ရမွာပါ။ ဒီပံုေတြကို ခိုင္သင္းၾကည္အေကာင္႔မွာလည္း ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ကတင္ထားတာေတြ႔ရျပီး Like လုပ္သူ 8K ရွိခဲ႔တာကိုေတြ႔ရပါတယ္။ မခိုင္ေလးလုိ႔ခ်စ္စႏိုးေခၚၾကတဲ႔ သရုပ္ေဆာင္ခုိင္သင္းၾကည္ရဲ႕ႏုပ်ိဳမႈကိုေတာ႔ အားလံုးက အသိအမွတ္ျပဳခ်ီးက်ဴးခဲ႔ၾကတာေတြ႔ရပါတယ္။

www.akhayar.com

[Unicode]

တစ်ပတ်အတွင်းရေပန်းအစားဆုံး အနုပညာရှင်တို့ရဲ့ပုံရိပ်များ

Facebook လူမှုကွန်ရက်ပေါ်မှာ မြန်မာအနုပညာရှင်တွေမြောက်မြားစွာရှိနေပြီး နေ့စဉ်နေ့တိုင်းမှာ သူတို့ရဲ့ အကောင့်တွေကနေ စိတ်ဝင်စားစရာဓာတ်ပုံတွေနဲ့ အကြောင်းအရာတွေမြင်တွေ့နေရပါတယ်။ ဒီထဲကနေမှ ပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးဖြစ်စေခဲ့တဲ့ဓာတ်ပုံတွေနဲ့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။

နေခြည်ဦးသရုပ်ဆောင်လုပ်ပြီ

nay chi oo

nay chi oo

Beauty Blogger အဖြစ်နဲ့နာမည်ရလာခဲ့ပြီး Fan တွေအများကြီးပိုင်ဆိုင်ထားတဲ့ ချီချီက လက်ရှိမှာတော့ သရုပ်ဆောင်အဖြစ်နဲ့ ဇာတ်ကားစတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ “ရန်သူ” လို့နာမည်ရတဲ့ရုပ်ရှင်ကားကို ဒါရိုက်တာမီးပွား၊ သရုပ်ဆောင် နေမင်း ၊ ဝတ်မှုန်ရွှေရည် တို့နဲ့အတူ တွဲဖက်ရိုက်ကူးနေတာပါ။ သူမက ဒီဇာတ်ကားမှာ လေပြေနု ဆိုတဲ့နာမည်နဲ့ UTYCC မှာကျောင်းတက်နေတဲ့ ပထမနှစ်ကျောင်းသူလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ သူမအတွက် ပထမဆုံးသော သရုပ်ဆောင်မှုဟာ လွယ်ကူပေါ့ပါးတဲ့ဇာတ်ရုပ်မဟုတ်ဘဲ လုပ်ကွက်ရတဲ့ဇာတ်ရုပ်မျိုးမို့ သူမကတော့ အကောင်းဆုံးသရုပ်ဆောင်သွားမယ်လို့ သူမအကောင့်မှာရေးသားထားတာတွေ့ရပါတယ်။ ဒီပုံကတော့ ဇာတ်ကားရိုက်ကူးနေတဲ့ သူမရဲ့ပုံရိပ်ပါ။ “ရန်သူ” ရိုက်ကွင်းမှာ တွေ့ရတဲ့ပုံရိပ်တွေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သူမအကောင့်မှာတင်ထားခဲ့ပြီး ဒီပုံတွေကို Like 26 K နဲ့ Share 119 ရှိခဲ့တာတွေ့ရပါတယ်။ Comment မှာတော့ သူမနဲ့ထပ်တူစိတ်လှုပ်ရှားပေး အားပေးတဲ့သူတွေအများကြီးရှိတာလည်း တွေ့ရပါတယ်။

ပျော်စရာကမ္ဘာလေးထဲက နိုင်းနိုင်းတို့မိသားစု

nine nine and sandi cho family

nine nine and sandi cho family

နိုင်းနိုင်းကတော့ လက်ရှိမှာ ဇနီးဖြစ်သူစန္ဒီချိူ နဲ့ အတူ ချစ်စရာ သားသမီးလေးယောက်နဲ့ တွေ့ဆုံနေပါတယ်။ နေသာတဲ့နေ့လေးမှာ ကလေးတွေနဲ့အတူတူ အပြင်ထွက်လည်ဖို့ပြင်ဆင်နေတဲ့ သူတို့မိသားစုပုံရိပ်တွေက မြင်ရသူကိုအပျော်တွေကူးစက်စေခဲ့ပါတယ်။ စတိုင်လ်ကျလွန်းတဲ့ ဖေဖေနဲ့မေမေအပြင် ချစ်စရာ သားနဲ့သမီးတွေကိုပါ ပို့စ်အမျိုးမျိုးနဲ့ပုံတွေတဝကြီး တွေ့ရတာပါ။ ဒီမိသားစုပုံရိပ်တွေကို စန္ဒီချိုအကောင့်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကတင်ထားခဲ့တာဖြစ်ပြီး ၇ နာရီအတွင်းမှာ Like 10 K နဲ့ Share 565 ရှိခဲ့ပါတယ်။ နိုင်းနိုင်းတို့မိသားစုကိုချစ်တဲ့သူတွေရဲ့ Comment တွေကိုလည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရပါတယ်။

မေတ္တာစစ်နဲ့ကြည်နူးနိုင်သူ

Zen-Kyi and christina kyi

Zen-Kyi and christina kyi

ဒီလအတွင်းမှာတော့ Deception ရုပ်ရှင်ရော ၊ အဖွဲ့သားတွေပါ တစ်နိုင်ငံလုံးပတ်ပြီး အောင်ပွဲခံနေကြတဲ့ပုံတွေကို မြင်ရတွေ့ရတာ ကြည်နူးစရာ ဝမ်းသာစရာကောင်းနေခဲ့ပါတယ်။ မင်းသား ဇာဏ်ခီကိုသာမက ဒါရိုက်တာခရစ္စတီးနားခီကိုပါ ချစ်ကြခင်ကြ အသိအမှတ်ပြုအားပေးကြတာလည်း တွေ့ရပါတယ်။ ခုနောက်ပိုင်းမှာတော့ ဒါရိုက်တာနဲ့ မင်းသားဟာ ဇနီးမောင်နှံတွေဆိုတာရယ် ပျော်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတယ်ဆိုတာကိုပါသိလာကြပြီး တစ်မိသားစုလုံးကိုချစ်ခင်အားပေးနေကြပါတယ်။ ဒီပုံကတော့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ဇာဏ်ခီရဲ့ အောင်မြင်မှုအတွက် ဘေးကနေပြုံးပျော်နေတဲ့ ဇနီးသည်တစ်ယောက်ရဲ့ကြည်နူးမှုကိုမြင်ရတဲ့ပုံလေးဖြစ်ပါတယ်။ ဒီပုံကို Like & Share လုပ်ပြီး မျှဝေသူတွေများပြားခဲ့တာမို့ ပေါ်ပြူလာဖြစ်တဲ့ပုံလေးအဖြစ် မျှဝေပေးလိုက်တာပါ။

ကွီးကစ်ကိုဝန်းရံပါ

wutt hmone shwe yi

wutt hmone shwe yi

ကစ် လို့ခေါ်တဲ့ ဝတ်မှုန်ရွေရည် လေးကတော့ တစ်မူထူးခြားတဲ့ဇာတ်ရုပ်နဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပါတယ်။ ဒီရုပ်ရှင်ကားမှာ ယောကျ်ားလျာပုံစံ သရုပ်ဆောင်ထားတာတွေ့ရပြီး တမျိုးချစ်စရာကောင်းနေခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာ သူမက ဒါရိုက်တာမီးပွား၊ နေမင်း ၊ နေခြည်ဦး တို့နဲ့ ရန်သူ ရုပ်ရှင်ကားကို ရိုက်ကူးနေတာဖြစ်ပြီး ဒီဇာတ်ဝင်ခန်းထဲက ပုံလေးတွေကို မျှဝေသူများနေခဲ့ပါတယ်။ ကွီးကစ်လို့ ချစ်စနိုးခေါ်ကြတဲ့အပေါ် သူမကလည်း သဘောတကျရှိတာကို တွေ့ခဲ့ရပါတယ်။

အပြိုင်လှနေကြတဲ့ ခင်နဲ့ခိုင်

khin sabal oo and khine thinn kyi

khin sabal oo and khine thinn kyi

သရုပ်ဆောင်လူမင်းရဲ့ဇနီးဖြစ်သူ ခင်စံပယ်ဦးနဲ့ သရုပ်ဆောင်ခိုင်သင်းကြည်တို့နှစ်ယောက်ရဲ့အလှပုံလေးတွေကလည်း ဒီတစ်ပတ်မှာ မျှဝေသူများခဲ့တာတွေ့ရပါတယ်။ အကျီဆင်တူလေး လက်ဆောင်ရထားတာမို့ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်လို့ သိရပြီး နှစ်ဦးစလုံးက ပြင်ဦးလွင်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ခိုင်သင်းကြည်က ရွှေအိုးငွေအိုးပြည့်လျှံဖြိုး ဆိုတဲ့ရုပ်ရှင်ကို စတင်ရိုက်ကူးနေတာဖြစ်ပါတယ်။ ကလေးမေမေတွေဖြစ်ပေမယ့် ကျက်သရေရှိစွာ လှနေတဲ့သူမတို့ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ ဒီပုံတွေကို ခိုင်သင်းကြည်အကောင့်မှာလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတင်ထားတာတွေ့ရပြီး Like လုပ်သူ 8K ရှိခဲ့တာကိုတွေ့ရပါတယ်။ မခိုင်လေးလို့ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့နုပျိုမှုကိုတော့ အားလုံးက အသိအမှတ်ပြုချီးကျူးခဲ့ကြတာတွေ့ရပါတယ်။

www.akhayar.com