[Zawgyi]



သူက ရယ်တာပေါ့



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ခွေးလေးကြောင့် ရှက်သွားတယ်လို့ ဆိုလိုက်တဲ့ ပိုပို

အဆိုတော်ပိုပိုက ခွေးလေးနဲ့ ရိုက်ထားတဲ့ သူမရဲ့ပုံတွေကို တင်ရင်း စာလေးတွေကိုလည်း အခုလိုရေးထားတာတွေ့ရပါတယ်။ သူမရေးထားတဲ့ စာလေးကတော့

“ကျမ ချစ်တဲ့ သဘာဝ နဲ့ကောင်းကင်ကြီးအောက်မှာ
ကျမ ကခွေးလေးတွေ ဆို သိပ်ချစ်တတ်တယ်လေ
သူတို့က အရမ်းလိမ္မာကြတယ်
အရာရာဟာ စိမ်းစို လှပပြီး လူတွေ နည်းတဲ့နေရာ
ဖုန်းတွေ မရှိတဲ့နေရာ မှာ
မင်း ကို သိပ်ချစ်ဖူးခဲ့တဲ့ အကြောင်းတွေကို
ခွေးလေး ကို ပြောပြလိုက်တော့
သူက ရယ်တာပေါ့
ကျမရှက် တောင် ရှက်သွားတယ်” ဆိုပြီးဖြစ်ပါတယ်။

ခွေးလေးတွေကို ချစ်တတ်သလို သူမသိပ်ချစ်ခဲ့ဖူးတဲ့ အကြောင်းတွေကိုလည်း အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အဆိုတော်ပိုပိုရဲ့ပုံရိပ်ကလေးတွေကို ပရိသတ်တွေ အတွက် အခုလိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit:Po Po Facebook Page

ကြည်သာ (Akhayar)

www.akhayar.com