[Unicode]
Stella (Akhayar)
www.Akhyar.com
[Unicode]
ပရိသတ်တွေစိတ်ဝင်စားကြတဲ့ Lady Gaga ရဲ့ အမိုက်စား တက်တူးများ
ပေါ့ဂီတလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ရပ်တည်နေတဲ့ အဆိုတော် (Lady Gaga) လေဒီဂါဂါ ကတော့ အမိုက်စားသီချင်းတွေနဲ့အတူ နိုင်ငံတကာထိ ထိုးဖောက်နိုင်တဲ့ ဒိတ်ဒိတ်ကျဲအဆိုတော်တစ်ဦးဖြစ်ပါတယ်။ လေဒီဂါဂါဟာ သီချင်းတွေအဆိုကောင်းရုံသာမက သူများနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့်လည်း နာမည်ကြီးလာတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ် ။ သူမဟာ ထူးထူးခြားခြားဒီဇိုင်းတွေဝတ်ဆင်ရတာသဘာကျသလို တက်တူးထိုးရတာကိုလည်း ဝါသနာထုံသူတစ်ဦးဖြစ်တယ်ဆိုတာ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာတွေ့ရတဲ့ တက်တူးတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် တက်တူးထိုးတယ်ဆိုတာ ဒီဘက်ခေတ်မှာ မထူးဆန်းတော့ပေမယ့် သူတို့လို နာမည်ကျော်အနုပညာရှင်တွေ တက်တူးထိုးရင်တော့ ပရိသတ်တွေအတွက် မျက်စိကျစရာတစ်ခုဖြစ်လို့နေပါတယ်။
တက်တူးခရေဇီ တစ်ဦးဖြစ်တဲ့ လေဒီဂါဂါဟာ သူမရဲ့ တင်ပါးနောက်မှာ နှင်းဆီပွင့်ပုံ တက်တူးတွေအပြင် လက် ၊ ပုခုံး ၊ ဂျိုင်းအောက်နဲ့ ရင်သားဘေးတွေမှာလည်း တက်တူးတစ်မျိုးစီထိုးထားတာကိုတွေ့ရပါတယ်။ ပခုံးထက်မှာတော့ သူမရဲ့ ဖခင်ဖြစ်သူကို ကိုယ်စားပြုတဲ့ Dad ဆိုတဲ့စာလုံးလေးကို တက်တူးထိုးထားတာဖြစ်ပါတယ်သူမဟာ ပှဲတကျတဲ့အခါ ၊ ရှိုးပွဲတွေမှာ ဖျော်ဖြေတဲ့အခါမျိုးမှာ ဝတ်ဆင်တဲ့ အဝတ်အစားတွေဟာ သူမရဲ့ ကိုယ်ပေါ်က တက်တူးတွေကို ထုတ်ကြွားထားသလိုဖြစ်နေပါတယ်။
အသက်(၃၂)နှစ်အရွယ် လေဒီဂါဂါဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဖွားဖြစ်ပြီး ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ချိန်ကတော့ (၂၀၀၀)ခုနှစ်က ဖြစ်ပါတယ်။ ထွက်ရှိသမျှ သူမရဲ့ သီချင်းအပုဒ်ရေအတိုင်းကလည်း Billboard မှာ စာရင်းဝင်ခဲ့သလို သူမရဲ့ အသားတင်ဝင်ငွေကလည်း အမေရိကန်ဒေါ်လာ (၂၇၅) သန်းခန့် ရှိတယ်လို့ သိရပါတယ်။
သီချင်းသီဆိုဖျော်ဖြေတိုင်းမှာ တက်တက်ကြွကြွနဲ့ခုန်ပေါက်ကခုန်ရင်း သီဆိုဖျော်ဖြေလေ့ရှိတာမို့ သူမရဲ့ ရှိုးပွဲတွေကို လာရောက်အားပေးသူပရိသတ်တွေကလည်း ဒုနဲ့ ဒေးပါပဲ။ အမြဲတမ်းလိုလို လန်းဆန်းတတ်ကြွနေတတ်တဲ့ လေဒီဂါဂါ ရဲ့ အမိုက်စားတက်တူးတွေထဲက တချို့ကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
Stella (Akhayar)
www.Akhyar.com