[Zawgyi]

ရဲအရာရွိတစ္ဦး အသက္ေပးခဲ့ရတဲ့ ပရိသတ္ရန္ပဲြ

ၿပီးခဲ့တဲ့ၾကာသပေတးည ဘီလ္ဘာအိုနဲ႔ စပါးတပ္ေမာ္စကိုတို႔ရဲ႕ ယူ႐ိုပါလိဂ္ပြဲမတိုင္မီမွာ ႏွစ္ဖက္ပရိသတ္ခိုက္ရန္ျဖစ္ပြားခ့ဲပါတယ္။ ဒီရန္ပြဲကို ၀င္ေရာက္ထိန္းသိမ္းခဲ့တဲ့ ရဲအရာရွိတစ္ဦးေသဆံုးသြားခဲ့ရပါတယ္။ အဲဒီရဲအရာရွိဟာ ရန္ပြဲကို၀င္ေရာက္ထိန္းသိမ္းခ်ိန္မွာ Heart Attack ျဖစ္ခဲ့ၿပီး ေဆး႐ုံကိုပို႔ေဆာင္ခဲ့ရကာ ေဆး႐ံုမွာဆံုးခဲ့တာပါပဲ။ ဘီလ္ဘာအိုနဲ႔ စပါးတပ္ေမာ္စကိုပရိသတ္ေတြရဲ႕ လမ္းေပၚကရန္ပြဲဟာအားပါျပင္းထန္ခဲ့ၿပီး ရဲတပ္ဖြဲ႕၀င္ေတြဟာ၀တ္စံုအျပည့္၊ အဓိက႐ုဏ္းႏွိမ္နင္းေရးပစၥည္းမ်ားနဲ႔ ထိန္းသိမ္းခဲ့ရပါတယ္။ ရန္ပြဲအၿပီးမွာပရိသတ္ငါးဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

႐ုရွားပရိသတ္ေတြဟာ အတိတ္မွာဆိုးသြမ္းရမ္းကားတဲ့လုပ္ရပ္ေတြနဲ႔ နာမည္ပ်က္ခဲ့သလုိ၊ လက္ရွိအခ်ိန္မွာလည္း ႐ုရွားပရိသတ္ေတြရဲ႕ လုပ္ရပ္ဆုိးေတြဟာမရပ္တန္႔ေသးဘူး။ လာမယ့္၂၀၁၈ ႐ုရွားကမၻာ့ဖလားမွာ ဆိုးသြမ္းပရိသတ္ေတြရဲ႕ ရန္ကိုဘယ္လိုထိန္းသိမ္းမလဲဆိုတာ စိုးရိမ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲမွာလည္း႐ုရွားပရိသတ္ေတြရဲ႕ ရန္ရွာတုိက္ခုိက္မႈေတြဟာ ထင္ရွားခဲ့ပါတယ္။ ႐ုရွားပရိသတ္ေတြဟာ ရန္ပြဲေတြကိုစတင္ေလ့ရွိသူေတြျဖစ္ၿပီး အဂၤလန္ပရိသတ္ေတြနဲ႔ျဖစ္ပြားတဲ့ မာေဆးလ္ၿမိဳ႕ရန္ပြဲမွာဆုိရင္ တုိက္ခုိက္ေရးပညာကိုစနစ္တက်သင္ယူထားသလုိ ပံုစံမ်ဳိးေတြနဲ႔ပါ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရဲအရာရှိတစ်ဦး အသက်ပေးခဲ့ရတဲ့ ပရိသတ်ရန်ပွဲ

ပြီးခဲ့တဲ့ကြာသပတေးည ဘီလ်ဘာအိုနဲ့ စပါးတပ်မော်စကိုတို့ရဲ့ ယူရိုပါလိဂ်ပွဲမတိုင်မီမှာ နှစ်ဖက်ပရိသတ်ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ ဒီရန်ပွဲကို ဝင်ရောက်ထိန်းသိမ်းခဲ့တဲ့ ရဲအရာရှိတစ်ဦးသေဆုံးသွားခဲ့ရပါတယ်။ အဲဒီရဲအရာရှိဟာ ရန်ပွဲကိုဝင်ရောက်ထိန်းသိမ်းချိန်မှာ Heart Attack ဖြစ်ခဲ့ပြီး ဆေးရုံကိုပို့ဆောင်ခဲ့ရကာ ဆေးရုံမှာဆုံးခဲ့တာပါပဲ။ ဘီလ်ဘာအိုနဲ့ စပါးတပ်မော်စကိုပရိသတ်တွေရဲ့ လမ်းပေါ်ကရန်ပွဲဟာအားပါပြင်းထန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာဝတ်စုံအပြည့်၊ အဓိကရုဏ်းနှိမ်နင်းရေးပစ္စည်းများနဲ့ ထိန်းသိမ်းခဲ့ရပါတယ်။ ရန်ပွဲအပြီးမှာပရိသတ်ငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ရုရှားပရိသတ်တွေဟာ အတိတ်မှာဆိုးသွမ်းရမ်းကားတဲ့လုပ်ရပ်တွေနဲ့ နာမည်ပျက်ခဲ့သလို၊ လက်ရှိအချိန်မှာလည်း ရုရှားပရိသတ်တွေရဲ့ လုပ်ရပ်ဆိုးတွေဟာမရပ်တန့်သေးဘူး။ လာမယ့်၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ ဆိုးသွမ်းပရိသတ်တွေရဲ့ ရန်ကိုဘယ်လိုထိန်းသိမ်းမလဲဆိုတာ စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာလည်းရုရှားပရိသတ်တွေရဲ့ ရန်ရှာတိုက်ခိုက်မှုတွေဟာ ထင်ရှားခဲ့ပါတယ်။ ရုရှားပရိသတ်တွေဟာ ရန်ပွဲတွေကိုစတင်လေ့ရှိသူတွေဖြစ်ပြီး အင်္ဂလန်ပရိသတ်တွေနဲ့ဖြစ်ပွားတဲ့ မာဆေးလ်မြို့ရန်ပွဲမှာဆိုရင် တိုက်ခိုက်ရေးပညာကိုစနစ်တကျသင်ယူထားသလို ပုံစံမျိုးတွေနဲ့ပါ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။