This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပိုလန္ကို ဂိုးျပတ္အႏိုင္ကစားၿပီး အုပ္စုကို ေက်ာ္ျဖတ္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိလာတဲ့ ကိုလံဘီယာ

(၂)သင္းစလံုးအတြက္ အႏိုင္လိုအပ္ေနတဲ့ ပြဲမွာ ပိုလန္အသင္းကို ဂုိးျပတ္အႏိုင္ကစားၿပီး ကိုလံဘီယာတို႔ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိလာခဲ့တယ္။ အုပ္စုအဖြင့္ပြဲမွာ ကစားသမားတစ္ေယာက္ေလ်ာ႔နဲ႔ ကစားခဲ့ရၿပီး ဂ်ပန္အသင္းကို ရံႈးနိမ့္ခဲ့တဲ့ ကိုလံဘီယာတို႔ ဒီေန႔ပြဲစဥ္မွာေတာ့ တိုက္စစ္ပိုင္းက ပံုစံေကာင္းျပကာ ပုိလန္အသင္းကို (၃-၀)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ အေရးပါတဲ့ ပြဲစဥ္ျဖစ္လို႔ (၂)သင္းစလံုး အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။ ဇုန္အလိုက္ ကမၻာ႔ဖလားေျခစစ္ပြဲအဆင့္မွာ ဂိုးအမ်ားဆံုး သြင္းယူခဲ့တဲ့ လီဝန္ေဒါစကီး Lewandowski ဦးေဆာင္လာတဲ့ ပိုလန္တိုက္စစ္ပိုင္းက အဓိက ၿပိဳင္ပြဲမွာေတာ့ ေလာက္ေလာက္လားလား မစြမ္းေဆာင္ျပႏိုင္ခဲ့ဘဲ အုပ္စုအဆင့္ကေန ေစာေစာစီးစီးပဲ ထြက္ခြာခဲ့ရတယ္။

Yerry-Mina-with-the-header

Yerry-Mina-with-the-header

ပြဲအစကတည္းက ကိုလံဘီယာ တိုက္စစ္ကို ပိုလန္တို႔ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရၿပီး ပြဲကစားခ်ိန္ (၃၂)မိနစ္ ဒဏ္ရာရရွိခဲ့တဲ့ အဂိြဳင္လာ Aguilar ရဲ႕ ေနရာမွာ အူရီဘီ Uribe ဝင္ေရာက္လာၿပီးေနာက္ပိုင္း ပြဲရဲ႕ ခ်ိန္ခြင္လွ်ာက ကိုလံဘီယာကို လံုးလံုးေရာက္သြားခဲ့တယ္။ ကိုလံဘီယာ ကြင္းလယ္မွာ အူရီဘီ Uribe အေကာင္းဆံုး ကစားျပႏိုင္ခဲ့ၿပီး ပိုလန္ကြင္းလယ္လူေတြကို အေကာင္းဆံုး ထိန္းခ်ဳပ္ႏိုင္ခဲ့သလို ေကာင္းမြန္တဲ့ အျမင့္ေဘာ ေပးပို႔မႈေတြကိုလည္း ျပဳလုပ္ႏိုင္ခဲ့တယ္။ ပြဲကစားခ်ိန္ မိနစ္ (၄၀)အေရာက္မွာေတာ့ ကိုလံဘီယာတို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ၿပီး ေနာက္ခံလူ မီနာ Mina က ေခါင္းတိုက္ သြင္းယူေပးခဲ့တယ္။ ကြင္တဲရိုးစ္ Quinteros နဲ႔ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ James Rodriguez တို႔ရဲ႕ တြဲလံုးကေန ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလံုးကို ပိုလန္ေနာက္ခံလူေတြ လူကပ္ျခင္းမခံထားရတဲ့ မီနာ Mina က အပိုင္ေခါင္းတိုက္ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္း ၿပီးဆံုးခ်ိန္မွာေတာ့ ကိုလံဘီယာအသင္းက မီနာ Mina ရဲ႕ ဂိုးနဲ႔ ပြဲကို ဦးေဆာင္ထားႏိုင္ခဲ့တယ္။

Colombia-Captain-Falcao-goal-celebrates-with-his-teammates

Colombia-Captain-Falcao-goal-celebrates-with-his-teammates

ဒုတိယပိုင္းမွာေတာ့ ပထမပိုင္းကထက္ ကိုလံဘီယာအသင္း တိုက္စစ္ ကစားပံု ပိုမိုေကာင္းမြန္လာခဲ့ၿပီး ပိုလန္ခံစစ္ေၾကာင္းကို ပြဲခ်ိန္ျပည့္နီးပါး ဖိအားေပး ကစားသြားခဲ့တယ္။ ေတာက္ေလွ်ာက္ တိုက္စစ္ဆင္မႈေတြ ျပဳလုပ္လာတဲ့ ကိုလံဘီယာအသင္း ပြဲကစားခ်ိန္ မိနစ္ (၇၀)အေရာက္မွာေတာ့ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံရရွိခဲ့ပါတယ္။ ကြင္းလယ္လူ ကြင္တဲရိုးစ္ Quinteros ရဲ႕ အကြက္ျမင္ျမင္ ဖန္တီးေပးမႈကေန ဝါရင့္တိုက္စစ္မွဴး ဖယ္ကာအို Falcao ေတာက္ေလွ်ာက္ ဆြဲထြက္ၿပီး သူ႔ရဲ႕ပံုစံအတိုင္း အမွားအယြင္းမရွိ အဆံုးသတ္ႏိုင္ခဲ့တယ္။ (၂)ဂိုးျပတ္သြားတဲ့ေနာက္မွာေတာ့ ပိုလန္ကစားကြက္ လံုးဝပ်က္သြားခဲ့ၿပီး လက္က်န္မိနစ္ေတြမွာ ကိုလံဘီယာတို႔ကို တုန္႔ျပန္ဖို႔ေတာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

Colombia-Captain-Falcao-goal-celebrations

Colombia-Captain-Falcao-goal-celebrations

ကိုလံဘီယာအတြက္ ပြဲသိမ္း အႏိုင္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ (၇၅)မိနစ္မွာ ကြာဒရာဒို Cuadrado က ဂိုးသမားနဲ႔ တစ္ဦးခ်င္းရင္ဆိုင္အေတြ႔မွာ ညာဘက္ေထာင့္ကို အပိုင္ကန္သြင္းယူခဲ့တာျဖစ္တယ္။ ဒီဂုိးကို ဖန္တီးေပးခဲ့တဲ့ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ James Rodriguez ရဲ႕ ကြင္းလယ္ကေန ခ်ိန္သားကိုက္ ေပးပို႔ႏိုင္ခဲ့တာကေတာ့ လက္ဖ်ားခါေလာက္ေအာင္ကို တိက်ေကာင္းမြန္ခဲ့ပါတယ္။ ကိုလံဘီယာအသင္းကေတာ့ ဒီပြဲစဥ္ကို အႏိုင္ရခဲ့လို႔ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ အနည္းငယ္ရွိလာခဲ့ၿပီး အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ ကစားမယ့္ ဆီနီေဂါအသင္းနဲ႔ ပြဲစဥ္မွာ အႏိုင္ရလဒ္ ထြက္ေပၚဖို႔ေတာ့ လိုအပ္ေနပါတယ္။ ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ဂိုးဖန္တီးမႈ (၂)ႀကိမ္ျပဳလုပ္ေပးခဲ့တဲ့ ကိုလံဘီယာ ကြင္းလယ္လူ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ James Rodriguez က ရရွိခဲ့ပါတယ္။

Photo:FIFA World Cup Twitter, Fox Sports
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပိုလန်ကို ဂိုးပြတ်အနိုင်ကစားပြီး အုပ်စုကို ကျော်ဖြတ်ဖို့ မျှော်လင့်ချက်ရှိလာတဲ့ ကိုလံဘီယာ

(၂)သင်းစလုံးအတွက် အနိုင်လိုအပ်နေတဲ့ ပွဲမှာ ပိုလန်အသင်းကို ဂိုးပြတ်အနိုင်ကစားပြီး ကိုလံဘီယာတို့ အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တယ်။ အုပ်စုအဖွင့်ပွဲမှာ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကိုလံဘီယာတို့ ဒီနေ့ပွဲစဉ်မှာတော့ တိုက်စစ်ပိုင်းက ပုံစံကောင်းပြကာ ပိုလန်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အရေးပါတဲ့ ပွဲစဉ်ဖြစ်လို့ (၂)သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။ ဇုန်အလိုက် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ဂိုးအများဆုံး သွင်းယူခဲ့တဲ့ လီဝန်ဒေါစကီး Lewandowski ဦးဆောင်လာတဲ့ ပိုလန်တိုက်စစ်ပိုင်းက အဓိက ပြိုင်ပွဲမှာတော့ လောက်လောက်လားလား မစွမ်းဆောင်ပြနိုင်ခဲ့ဘဲ အုပ်စုအဆင့်ကနေ စောစောစီးစီးပဲ ထွက်ခွာခဲ့ရတယ်။

Yerry-Mina-with-the-header

Yerry-Mina-with-the-header

ပွဲအစကတည်းက ကိုလံဘီယာ တိုက်စစ်ကို ပိုလန်တို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး ပွဲကစားချိန် (၃၂)မိနစ် ဒဏ်ရာရရှိခဲ့တဲ့ အဂွိုင်လာ Aguilar ရဲ့ နေရာမှာ အူရီဘီ Uribe ဝင်ရောက်လာပြီးနောက်ပိုင်း ပွဲရဲ့ ချိန်ခွင်လျှာက ကိုလံဘီယာကို လုံးလုံးရောက်သွားခဲ့တယ်။ ကိုလံဘီယာ ကွင်းလယ်မှာ အူရီဘီ Uribe အကောင်းဆုံး ကစားပြနိုင်ခဲ့ပြီး ပိုလန်ကွင်းလယ်လူတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို ကောင်းမွန်တဲ့ အမြင့်ဘော ပေးပို့မှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့တယ်။ ပွဲကစားချိန် မိနစ် (၄၀)အရောက်မှာတော့ ကိုလံဘီယာတို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး နောက်ခံလူ မီနာ Mina က ခေါင်းတိုက် သွင်းယူပေးခဲ့တယ်။ ကွင်တဲရိုးစ် Quinteros နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez တို့ရဲ့ တွဲလုံးကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ပိုလန်နောက်ခံလူတွေ လူကပ်ခြင်းမခံထားရတဲ့ မီနာ Mina က အပိုင်ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံးချိန်မှာတော့ ကိုလံဘီယာအသင်းက မီနာ Mina ရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့တယ်။

Colombia-Captain-Falcao-goal-celebrates-with-his-teammates

Colombia-Captain-Falcao-goal-celebrates-with-his-teammates

ဒုတိယပိုင်းမှာတော့ ပထမပိုင်းကထက် ကိုလံဘီယာအသင်း တိုက်စစ် ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ပိုလန်ခံစစ်ကြောင်းကို ပွဲချိန်ပြည့်နီးပါး ဖိအားပေး ကစားသွားခဲ့တယ်။ တောက်လျှောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာတဲ့ ကိုလံဘီယာအသင်း ပွဲကစားချိန် မိနစ် (၇၀)အရောက်မှာတော့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံရရှိခဲ့ပါတယ်။ ကွင်းလယ်လူ ကွင်တဲရိုးစ် Quinteros ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကနေ ဝါရင့်တိုက်စစ်မှူး ဖယ်ကာအို Falcao တောက်လျှောက် ဆွဲထွက်ပြီး သူ့ရဲ့ပုံစံအတိုင်း အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တယ်။ (၂)ဂိုးပြတ်သွားတဲ့နောက်မှာတော့ ပိုလန်ကစားကွက် လုံးဝပျက်သွားခဲ့ပြီး လက်ကျန်မိနစ်တွေမှာ ကိုလံဘီယာတို့ကို တုန့်ပြန်ဖို့တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Colombia-Captain-Falcao-goal-celebrations

Colombia-Captain-Falcao-goal-celebrations

ကိုလံဘီယာအတွက် ပွဲသိမ်း အနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၇၅)မိနစ်မှာ ကွာဒရာဒို Cuadrado က ဂိုးသမားနဲ့ တစ်ဦးချင်းရင်ဆိုင်အတွေ့မှာ ညာဘက်ထောင့်ကို အပိုင်ကန်သွင်းယူခဲ့တာဖြစ်တယ်။ ဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ရဲ့ ကွင်းလယ်ကနေ ချိန်သားကိုက် ပေးပို့နိုင်ခဲ့တာကတော့ လက်ဖျားခါလောက်အောင်ကို တိကျကောင်းမွန်ခဲ့ပါတယ်။ ကိုလံဘီယာအသင်းကတော့ ဒီပွဲစဉ်ကို အနိုင်ရခဲ့လို့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် အနည်းငယ်ရှိလာခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် ဆီနီဂေါအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ထွက်ပေါ်ဖို့တော့ လိုအပ်နေပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ပေးခဲ့တဲ့ ကိုလံဘီယာ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez က ရရှိခဲ့ပါတယ်။

Photo:FIFA World Cup Twitter, Fox Sports
Aung Kyaw Wai (Akhayar)
www.akhayar.com