This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]






REF:The Sun
Photo:The Sun, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နည်းပြ နာဝေါလ်ကာကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ပိုလန်အသင်း

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့အတွက် နည်းပြ နာဝေါလ်ကာ Nawalka ကို ရာထူးကနေ ပိုလန်အသင်း ထုတ်ပယ်ခဲ့ပါတယ်။ ပိုလန်အသင်းဟာ အုပ်စု (H)မှာ ပါဝင်ခဲ့ပြီး ဆီနီဂေါနဲ့ ကိုလံဘီယာအသင်းတွေကို ရှုံးနိမ့်ခဲ့ကာ ဂျပန်အသင်းကို အနိုင်ရခဲ့ပေမယ့် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အသက် (၆၀)အရွယ်ရှိ နာဝေါလ်ကာ Nawalka ကို နည်းပြရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ပိုလန်ဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ပေမယ့် ဇူလိုင်လ (၃၀)ရက်နေ့အထိ နာဝေါလ်ကာ Nawalka က အသင်းကို ဆက်လက်ကိုင်တွင်သွားမှာဖြစ်ပါတယ်။

Poland-sack-Adam-Nawalka

Poland-sack-Adam-Nawalka

ပိုလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ရက်ပိုင်းအတွင်း နည်းပြသစ်တစ်ဦးကို အလျှင်အမြန်ရှာဖွေသွားမှာဖြစ်ပြီး လက်ရွေးစင်အသင်းကို အသစ်ပြန်လည်တည်ဆောက်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ပိုလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ပထမဆုံးထွက်ခွာခဲ့တဲ့ ဥရောပကိုယ်စားပြုအသင်းဆိုတဲ့ မှတ်တမ်းဆိုးနဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

REF:The Sun
Photo:The Sun, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com