This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဥေရာပရဲ႕ Underdog အသင္းထဲမွာ ပါ၀င္ေနတဲ့ ပုိလန္

ပုိလန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ႀကီးႀကီးမားမား ေအာင္ျမင္မႈ မရခဲ့ဘူးေပမယ့္ ထိုက္သင့္သေလာက္ အဆင့္တစ္ခုကုိ ေရာက္ရွိခဲ့တဲ့အသင္းတစ္သငး္ပါ။ ဥေရာပရဲ႕ Underdog အသင္း စာရင္းထဲမွာ ပါ၀င္လာခဲ့တဲ့ ပုိလန္အသင္းမွာ ဥေရာပအေျခစုိက္ နာမည္ေက်ာ္ကစားသမားေတြ ရွိေနတာ ေၾကာင့္ အသင္းႀကီးေတြကုိ ဒုကၡေပးႏုိင္စြမ္းရွိပါတယ္။

Poland-Football-Players

Poland-Football-Players

ပုိလန္အသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ပုိလန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြစတင္က်င္းပတဲ့ ၁၉၃၀ မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိခဲ့သလုိ ၁၉၃၈ ကမၻာ႔ဖလားမွာလည္း ေျခစစ္ပဲြမေအာင္ျမင္ခဲ့ဘူး။ ၁၉၃၈ မွာ ပထမဆုံးအႀကိမ္ေျခစစ္ပဲြ ေအာင္ျမင္ခဲ့ေပမယ့္လည္း ပထမအဆင့္မွာပဲ ထြက္ခဲ့ရတယ္။ အဲဒီေနာက္ပုိင္း ေျခစစ္ပဲြ မ၀င္တာ၊ ႏုတ္ထြက္တာ၊ ေျခစစ္ပဲြ မေအာင္တာေတြေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပုိလန္အသင္းတို႔ ႏွစ္အေတာ္ၾကာ ေပ်ာက္ဆုံးခဲ့ၿပီး ၁၉၇၄ ခုႏွစ္မွသာ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ တစ္ေက်ာ႔ျပန္ေျခခ်ႏုိင္ခဲ့ပါတယ္။ ၁၉၇၀ ေက်ာ္ ႏွစ္ေတြဟာ ပုိလန္အသင္း သမုိင္းတစ္ေလွ်ာက္ ေရႊေရာင္ကာလျဖစ္ခဲ့ၿပီး ၁၉၇၄ ကမၻာ႔ဖလားမွာ ဆီမီးဖုိင္နယ္အဆင့္ထိ တက္ေရာက္ခဲ့ေပမယ့္ ခ်န္ပီယံျဖစ္မယ့္ ဂ်ာမနီကုိ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ ဗုိလ္လုပဲြနဲ႔ လဲြေခ်ာ္ခဲ့တယ္။ ဒါေပမဲ့ တတိယေန ရာလုပဲြမွာ နာမည္ႀကီး ဘရာဇီးလ္ကုိ (၁-၀)ဂုိးနဲ႔အႏုိင္ယူၿပီး တတိေနရာရယူႏုိင္ခဲ့ပါတယ္။ ၁၉၇၈ ၿပိဳင္ပဲြမွာ ဒုတိယအဆင့္က ထြက္ခဲ့ရေပမယ့္ ၁၉၈၂ ၿပိဳင္ပဲြမွာေတာ့ တတိယေနရာ ထပ္မံရရွိခဲ့တယ္။ ၁၉၈၆ မွာ ႐ႈံးထြက္(၁၆)သင္းအဆင့္ေရာက္ခဲ့ၿပီးေနာက္ပုိင္း ပုိလန္အသင္း ႐ုန္းကန္ခဲ့ရၿပီး ကမၻာ႔ဖလား(၃)ႀကိမ္ဆက္ ေျခစစ္ပဲြ မေအာင္ျမင္ခဲ့သလုိ ၂၀၀၂ ၊ ၂၀၀၆ ခုႏွစ္ေတြမွသာ ကမၻာ႔ဖလားေျခစစ္ပဲြေအာင္ျမင္ခဲ့ေပမယ့္ ႏွစ္ႀကိမ္စလုံး အုပ္စုက လွည့္ျပန္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလား(၂)ႀကိမ္ဆက္ လဲြေခ်ာ္ခဲ့ၿပီး အခုၿပိဳင္ပဲြမွသာ (၈)ႀကိမ္ေျမာက္ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ ဆင္ႏႊဲခြင့္ရခဲ့တာျဖစ္ပါတယ္။

Poland-National-Football-Team

Poland-National-Football-Team

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြမွာ ပုိလန္အသင္းဟာ သူတို႔နဲ႔ Level တူလုိ႔ သတ္မွတ္ႏုိင္တ့ဲ ဒိန္းမတ္၊ မြန္တီနီဂ႐ုိး၊ ႐ုိေမးနီးယားအသင္းေတြနဲ႔ က်ေရာက္ခဲ့ၿပီး အုပ္စုပထမေနရာ ရယူႏုိင္ခဲ့လုိ႔ ေျခစြမ္းမာေက်ာတယ္လုိ႔ ဆုိရမယ္။ အေ၀းကြင္းမွာ ဒိန္းမတ္အသင္းကုိ မထင္မွတ္ဘဲ (၄)ဂုိးျပတ္႐ႈံးနိမ့္ခဲ့တာကလဲြလုိ႔ က်န္တဲ့ ပဲြေတြမွာ ပုိလန္အသင္းရဲ႕ေျခစြမ္းက တည္ၿငိမ္ခဲ့ၿပီး (၈)ပဲြႏုိင္၊ (၁)ပဲြသေရ၊ (၁)ပဲြ႐ႈံးနဲ႔ တိုက္႐ုိက္ေျခစစ္ပဲြ ေအာင္ျမင္ခဲ့တာပါ။

Lewandowski

Lewandowski

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
ဘုိင္ယန္ျမဴးနစ္အသင္းနာမည္ေက်ာ္တိုက္စစ္မွဴး လီ၀န္ေဒါစကီး Lewandowski ဟာ ပုိလန္အသင္းရဲ႕ Star Player ပါပဲ။ ေျခစစ္ပဲြမွာ (၁၆)ဂုိးသြင္းၿပီး ဥေရာပဇုန္ရဲ႕ သြင္းဂုိးအမ်ားဆုံးအျဖစ္ရပ္တည္ခဲ့သလုိ ပုိလန္အသင္းအတြက္လည္း သြင္းဂုိးအမ်ားဆုံးကစားသမား (၅၂ဂုိး)ျဖစ္ေနပါတယ္။ ဂုိးသမားေနရာမွာ ဆဇက္စနီ Szczęsny ၊ ေနာက္တန္းမွာေတာ့ ေဒါ့မြန္က ပစ္ဇ္ခ်က္ Piszczek၊ မုိနာကုိက ဂီလစ္ Glik၊ ကြင္းလယ္မွာ ဘလက္ဇီေကာစကီး Błaszczykowski၊ ခရီဟုိယက္ Krychowiak၊ တို႔လုိ ကစားသမားေကာင္းေတြအျပင္ တိုက္စစ္မွာလည္း လီ၀န္ေဒါစကီး Lewandowski၊ နာပိုလီ တိုက္စစ္မွဴမီလစ္ခ္ Milik တို႔ရွိေနပါတယ္။

REF:Wikipedia
Photo:World Pro News,W3LiveNews
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဥရောပရဲ့ Underdog အသင်းထဲမှာ ပါဝင်နေတဲ့ ပိုလန်

ပိုလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ဘူးပေမယ့် ထိုက်သင့်သလောက် အဆင့်တစ်ခုကို ရောက်ရှိခဲ့တဲ့အသင်းတစ်သင်းပါ။ ဥရောပရဲ့ Underdog အသင်း စာရင်းထဲမှာ ပါဝင်လာခဲ့တဲ့ ပိုလန်အသင်းမှာ ဥရောပအခြေစိုက် နာမည်ကျော်ကစားသမားတွေ ရှိနေတာ ကြောင့် အသင်းကြီးတွေကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။

Poland-Football-Players

Poland-Football-Players

ပိုလန်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ပိုလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပတဲ့ ၁၉၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့သလို ၁၉၃၈ ကမ္ဘာ့ဖလားမှာလည်း ခြေစစ်ပွဲမအောင်မြင်ခဲ့ဘူး။ ၁၉၃၈ မှာ ပထမဆုံးအကြိမ်ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့်လည်း ပထမအဆင့်မှာပဲ ထွက်ခဲ့ရတယ်။ အဲဒီနောက်ပိုင်း ခြေစစ်ပွဲ မဝင်တာ၊ နုတ်ထွက်တာ၊ ခြေစစ်ပွဲ မအောင်တာတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်အသင်းတို့ နှစ်အတော်ကြာ ပျောက်ဆုံးခဲ့ပြီး ၁၉၇၄ ခုနှစ်မှသာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကျော့ပြန်ခြေချနိုင်ခဲ့ပါတယ်။ ၁၉၇၀ ကျော် နှစ်တွေဟာ ပိုလန်အသင်း သမိုင်းတစ်လျှောက် ရွှေရောင်ကာလဖြစ်ခဲ့ပြီး ၁၉၇၄ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့ပေမယ့် ချန်ပီယံဖြစ်မယ့် ဂျာမနီကို ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တယ်။ ဒါပေမဲ့ တတိယနေ ရာလုပွဲမှာ နာမည်ကြီး ဘရာဇီးလ်ကို (၁-ဝ)ဂိုးနဲ့အနိုင်ယူပြီး တတိနေရာရယူနိုင်ခဲ့ပါတယ်။ ၁၉၇၈ ပြိုင်ပွဲမှာ ဒုတိယအဆင့်က ထွက်ခဲ့ရပေမယ့် ၁၉၈၂ ပြိုင်ပွဲမှာတော့ တတိယနေရာ ထပ်မံရရှိခဲ့တယ်။ ၁၉၈၆ မှာ ရှုံးထွက်(၁၆)သင်းအဆင့်ရောက်ခဲ့ပြီးနောက်ပိုင်း ပိုလန်အသင်း ရုန်းကန်ခဲ့ရပြီး ကမ္ဘာ့ဖလား(၃)ကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို ၂၀၀၂ ၊ ၂၀၀၆ ခုနှစ်တွေမှသာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး အုပ်စုက လှည့်ပြန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား(၂)ကြိမ်ဆက် လွဲချော်ခဲ့ပြီး အခုပြိုင်ပွဲမှသာ (၈)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲခွင့်ရခဲ့တာဖြစ်ပါတယ်။

Poland-National-Football-Team

Poland-National-Football-Team

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပိုလန်အသင်းဟာ သူတို့နဲ့ Level တူလို့ သတ်မှတ်နိုင်တဲ့ ဒိန်းမတ်၊ မွန်တီနီဂရိုး၊ ရိုမေးနီးယားအသင်းတွေနဲ့ ကျရောက်ခဲ့ပြီး အုပ်စုပထမနေရာ ရယူနိုင်ခဲ့လို့ ခြေစွမ်းမာကျောတယ်လို့ ဆိုရမယ်။ အဝေးကွင်းမှာ ဒိန်းမတ်အသင်းကို မထင်မှတ်ဘဲ (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကလွဲလို့ ကျန်တဲ့ ပွဲတွေမှာ ပိုလန်အသင်းရဲ့ခြေစွမ်းက တည်ငြိမ်ခဲ့ပြီး (၈)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးနဲ့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

Lewandowski

Lewandowski

စောင့်ကြည့်ရမယ့်ကစားသမားများ
ဘိုင်ယန်မြူးနစ်အသင်းနာမည်ကျော်တိုက်စစ်မှူး လီဝန်ဒေါစကီး Lewandowski ဟာ ပိုလန်အသင်းရဲ့ Star Player ပါပဲ။ ခြေစစ်ပွဲမှာ (၁၆)ဂိုးသွင်းပြီး ဥရောပဇုန်ရဲ့ သွင်းဂိုးအများဆုံးအဖြစ်ရပ်တည်ခဲ့သလို ပိုလန်အသင်းအတွက်လည်း သွင်းဂိုးအများဆုံးကစားသမား (၅၂ဂိုး)ဖြစ်နေပါတယ်။ ဂိုးသမားနေရာမှာ ဆဇက်စနီ Szczęsny ၊ နောက်တန်းမှာတော့ ဒေါ့မွန်က ပစ်ဇ်ချက် Piszczek၊ မိုနာကိုက ဂီလစ် Glik၊ ကွင်းလယ်မှာ ဘလက်ဇီကောစကီး Błaszczykowski၊ ခရီဟိုယက် Krychowiak၊ တို့လို ကစားသမားကောင်းတွေအပြင် တိုက်စစ်မှာလည်း လီဝန်ဒေါစကီး Lewandowski၊ နာပိုလီ တိုက်စစ်မှူမီလစ်ခ် Milik တို့ရှိနေပါတယ်။

REF:Wikipedia
Photo:World Pro News,W3LiveNews
Naing Linn(Akhayar)
www.akhayar.com