[Zawgyi]

ေပါ့ဘာ (Pogba) မီးေတာက္ ပိုၿပီးႀကီးထြားလာၿပီလား

ေပါ့ဘာ (Pogba) မီးေတာက္ဟာ ပိုၿပီးႀကီးထြားလာၿပီလား။ မန္ခ်က္စတာယူႏုိက္တက္အ၀တ္လဲခန္းထဲက စည္းလံုးေရးဟာ ေပါ့ဘာရဲ႕စကားတစ္ခြန္းေၾကာင့္ ယိမ္းယိုင္သြားမလား။ နည္းျပတစ္ဦးဟာ ကစားသမားတစ္ဦးကို သူရဲ႕ နည္းဗ်ဴဟာလိုအပ္ခ်က္အရ အဆင္ေျပတဲ့ေနရာမွာ ထားကစားမွာပဲ။ အဲဒီေနရာမွာ ေျခစြမ္းမျပႏိုင္ဘူးဆုိတဲ့ေနရာမွာ ပံုစံႏွစ္မ်ိဳးရိွႏုိင္တယ္။ ပထမတစ္မ်ဳိးက ကစားသမားျဖစ္သူကုိယ္တုိင္ ေနရာသစ္မွာ ႀကိဳးစားခ်င္စိတ္မရွိလို႔၊ ဒုတိယတစ္မ်ဳိးက ကစားသမားျဖစ္သူရဲ႕ ပင္ကုိယ္ေနရာမွာ ထားမကစားလို႔(ဥပမာ- ကြင္းလယ္ကစားသမားကို ခံစစ္မွာကစားခုိင္တာမ်ဳိး)ပါပဲ။ ေပါ့ဘာျဖစ္ရပ္မွာဆိုရင္ ေနရာေျပာင္းကစားခုိင္းတဲ့ နည္းျပေမာ္ရင္ဟို (Mourinho) လံုး၀မွားေနတာမ်ဳိးမဟုတ္ဘူး။ ကြင္းလယ္တုိက္စစ္ Function ကေန ကြင္းလယ္ခံစစ္ကို ေျပာင္းကစားခုိင္းတာ၊ ေပါ့ဘာအေနနဲ႔ မူလကစားေနက်ေနရာထက္ Deep ပိုျဖစ္တဲ့ေနရာမွာ ကစားေနရာတာပါပဲ။ ဒါေပမဲ့ ေပါ့ဘာက Deeper Midfield Role မွာ အဆင္မေျပဘူး။ ေမာ္ရင္ဟိုရဲ႕ (၄-၂-၃-၁) ကစားကြက္မွာ ေပါ့ဘာက ကြင္းလယ္(၃)ေယာက္တန္းအလယ္ဗဟိုေနရာမွာ ကစားခ်င္ေနပါတယ္။

ဒါေပမဲ့ အဲဒီေနရာမွာ လင္ဂတ္ (Lingard) က ေျခစြမ္းျပေနတယ္။ ပါရမီခ်င္းမတူညီေပမယ့္ ႀကိဳးစားကစားလုိစိတ္အပိုင္းမွာ လင္ဂတ္က ေပါ့ဘာထက္ သာတယ္။ ဒါကို မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြလည္း ျမင္ပါတယ္။ ၿပီးေတာ့ Attacking Midfield Role မွာ ကစားႏုိင္တာ ဆန္းခ်က္ဇ္ (Sanchez) လည္းရွိေနတယ္။ ဒီေတာ့ ေမာ္ရင္ဟိုဟာ ေပါ့ဘာကို မာတစ္(Matic)နဲ႔ အတူတဲြၿပီး Deeper Midfield Role မွာထားကစားခဲ့တာပါပဲ။

ေပါ့ဘာ (Pogba)

ေပါ့ဘာ (Pogba)

Related Article

အခြင့္အထူးခံပံုစံကို စြန္႔လႊတ္လုိက္ေတာ့ ေပါ့ဘာ (Pogba)

ၿပီးခဲ့တဲ့ေသာၾကာေန႔မွာ ေပါ့ဘာက သူ႕ကို ေနရာေျပာင္းေပးဖို႔ နည္းျပေမာ္ရင္ဟိုိကို ေတာင္းဆုိလုိက္တယ္။ ခံစစ္တာ၀န္မယူခ်င္ဘူး။ ကြင္းလယ္တုိက္စစ္မွာလုိက္ပါကစားခ်င္တယ္လို႔ ဆုိခဲ့ပါတယ္။ No 10 Role မွာမဟုတ္ရင္လည္း ဂ်ဴဗင္တပ္စ္မွာ သူကစားခဲ့တဲ့ ကြင္းလယ္(၃)ေယာက္တန္းရဲ႕ ဘယ္ေတာင္ပံမွာကစားခ်င္တယ္လို႔ ဆုိခဲ့တာပါပဲ။ သူ႕ကို ေနရာမေျပာင္းေပးရင္ ေပ်ာ္ႏုိင္မွာမဟုတ္ဘူး။ အသင္းကေန ထြက္ဖို႔အထိစဥ္းစားသြားမယ္ဆုိၿပီး ေကာလာဟလေတြလည္း ထြက္ေနတယ္။ ေပါ့ဘာဟာ မန္ခ်က္စတာယူႏုိက္တက္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂုဏ္ယူဖြယ္ေရာက္လာပါတယ္။ ဒါေပမဲ့ အသင္းအတြက္ သူလုပ္ျပေပးခဲ့တာဟာ အရမ္းထက္ျမက္ထူးျခားတာမ်ဳိးမရွိေသးပါဘူး။ မန္ခ်က္စတာယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကင္း( Roy Kane)က “ ကြင္းလယ္မွာ ကစားမယ္ဆုိရင္ (၂)ေနရာ၊ (၃)ေနရာေလာက္ ကစားႏုိင္ဖို႔လိုအပ္ပါတယ္။ ေပါ့ဘာအေနနဲ႔ ကုိယ့္ကိုယ္ကို ပိုေကာင္းေအာင္လုပ္ဖို႔ လိုအပ္ေနၿပီး ေဘာလံုးကို အာ႐ံုစိုက္သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ရြိဳင္ကင္းရဲ႕ စကားအတိုင္းပဲ ေပါ့ဘာအေနနဲ႔ လက္ရွိေနရာမွာ ပိုေကာင္းေအာင္ ႀကိဳးစားသင့္တယ္မဟုတ္လား။  ၿပီးမွ ကိုယ္လိုခ်င္တဲ့ဆႏၵကို ေတာင္းဆုိသင့္တယ္မဟုတ္လား။ တျခားတစ္ဖက္မွာလည္း ေမာ္ရင္ဟိုဟာ ကစားသမားျဖစ္သူရဲ႕ ေျခစြမ္းကို သတ္ေနတယ္ဆုိၿပီး ေ၀ဖန္တာမ်ဳိးလည္း ရွိေနပါတယ္။ ေပါ့ဘာမီးေတာက္ကို ေမာ္ရင္ဟို ဘယ္လိုၿငိွမ္းသတ္မလဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode]

ပေါ့ဘာ (Pogba) မီးတောက် ပိုပြီးကြီးထွားလာပြီလား

ပေါ့ဘာ (Pogba) မီးတောက်ဟာ ပိုပြီးကြီးထွားလာပြီလား။ မန်ချက်စတာယူနိုက်တက်အဝတ်လဲခန်းထဲက စည်းလုံးရေးဟာ ပေါ့ဘာရဲ့စကားတစ်ခွန်းကြောင့် ယိမ်းယိုင်သွားမလား။ နည်းပြတစ်ဦးဟာ ကစားသမားတစ်ဦးကို သူရဲ့ နည်းဗျူဟာလိုအပ်ချက်အရ အဆင်ပြေတဲ့နေရာမှာ ထားကစားမှာပဲ။ အဲဒီနေရာမှာ ခြေစွမ်းမပြနိုင်ဘူးဆိုတဲ့နေရာမှာ ပုံစံနှစ်မျိုးရှိနိုင်တယ်။ ပထမတစ်မျိုးက ကစားသမားဖြစ်သူကိုယ်တိုင် နေရာသစ်မှာ ကြိုးစားချင်စိတ်မရှိလို့၊ ဒုတိယတစ်မျိုးက ကစားသမားဖြစ်သူရဲ့ ပင်ကိုယ်နေရာမှာ ထားမကစားလို့(ဥပမာ- ကွင်းလယ်ကစားသမားကို ခံစစ်မှာကစားခိုင်တာမျိုး)ပါပဲ။ ပေါ့ဘာဖြစ်ရပ်မှာဆိုရင် နေရာပြောင်းကစားခိုင်းတဲ့ နည်းပြမော်ရင်ဟို (Mourinho) လုံးဝမှားနေတာမျိုးမဟုတ်ဘူး။ ကွင်းလယ်တိုက်စစ် Function ကနေ ကွင်းလယ်ခံစစ်ကို ပြောင်းကစားခိုင်းတာ၊ ပေါ့ဘာအနေနဲ့ မူလကစားနေကျနေရာထက် Deep ပိုဖြစ်တဲ့နေရာမှာ ကစားနေရာတာပါပဲ။ ဒါပေမဲ့ ပေါ့ဘာက Deeper Midfield Role မှာ အဆင်မပြေဘူး။ မော်ရင်ဟိုရဲ့ (၄-၂-၃-၁) ကစားကွက်မှာ ပေါ့ဘာက ကွင်းလယ်(၃)ယောက်တန်းအလယ်ဗဟိုနေရာမှာ ကစားချင်နေပါတယ်။

ဒါပေမဲ့ အဲဒီနေရာမှာ လင်ဂတ် (Lingard) က ခြေစွမ်းပြနေတယ်။ ပါရမီချင်းမတူညီပေမယ့် ကြိုးစားကစားလိုစိတ်အပိုင်းမှာ လင်ဂတ်က ပေါ့ဘာထက် သာတယ်။ ဒါကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေလည်း မြင်ပါတယ်။ ပြီးတော့ Attacking Midfield Role မှာ ကစားနိုင်တာ ဆန်းချက်ဇ် (Sanchez) လည်းရှိနေတယ်။ ဒီတော့ မော်ရင်ဟိုဟာ ပေါ့ဘာကို မာတစ်(Matic)နဲ့ အတူတွဲပြီး Deeper Midfield Role မှာထားကစားခဲ့တာပါပဲ။

ပေါ့ဘာ (Pogba)

ပေါ့ဘာ (Pogba)

Related Article

အခြင့္အထူးခံပံုစံကို စြန္႔လႊတ္လုိက္ေတာ့ ေပါ့ဘာ (Pogba)

ပြီးခဲ့တဲ့သောကြာနေ့မှာ ပေါ့ဘာက သူ့ကို နေရာပြောင်းပေးဖို့ နည်းပြမော်ရင်ဟိုကို တောင်းဆိုလိုက်တယ်။ ခံစစ်တာဝန်မယူချင်ဘူး။ ကွင်းလယ်တိုက်စစ်မှာလိုက်ပါကစားချင်တယ်လို့ ဆိုခဲ့ပါတယ်။ No 10 Role မှာမဟုတ်ရင်လည်း ဂျူဗင်တပ်စ်မှာ သူကစားခဲ့တဲ့ ကွင်းလယ်(၃)ယောက်တန်းရဲ့ ဘယ်တောင်ပံမှာကစားချင်တယ်လို့ ဆိုခဲ့တာပါပဲ။ သူ့ကို နေရာမပြောင်းပေးရင် ပျော်နိုင်မှာမဟုတ်ဘူး။ အသင်းကနေ ထွက်ဖို့အထိစဉ်းစားသွားမယ်ဆိုပြီး ကောလာဟလတွေလည်း ထွက်နေတယ်။ ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂုဏ်ယူဖွယ်ရောက်လာပါတယ်။ ဒါပေမဲ့ အသင်းအတွက် သူလုပ်ပြပေးခဲ့တာဟာ အရမ်းထက်မြက်ထူးခြားတာမျိုးမရှိသေးပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း( Roy Kane)က “ ကွင်းလယ်မှာ ကစားမယ်ဆိုရင် (၂)နေရာ၊ (၃)နေရာလောက် ကစားနိုင်ဖို့လိုအပ်ပါတယ်။ ပေါ့ဘာအနေနဲ့ ကိုယ့်ကိုယ်ကို ပိုကောင်းအောင်လုပ်ဖို့ လိုအပ်နေပြီး ဘောလုံးကို အာရုံစိုက်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ရွိုင်ကင်းရဲ့ စကားအတိုင်းပဲ ပေါ့ဘာအနေနဲ့ လက်ရှိနေရာမှာ ပိုကောင်းအောင် ကြိုးစားသင့်တယ်မဟုတ်လား။  ပြီးမှ ကိုယ်လိုချင်တဲ့ဆန္ဒကို တောင်းဆိုသင့်တယ်မဟုတ်လား။ တခြားတစ်ဖက်မှာလည်း မော်ရင်ဟိုဟာ ကစားသမားဖြစ်သူရဲ့ ခြေစွမ်းကို သတ်နေတယ်ဆိုပြီး ဝေဖန်တာမျိုးလည်း ရှိနေပါတယ်။ ပေါ့ဘာမီးတောက်ကို မော်ရင်ဟို ဘယ်လိုငြှိမ်းသတ်မလဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။