[Zawgyi]

တစ္စထက္တစ္စ ပိုမိုၾကီးမားလာတဲ႔ ေမာ္ရင္ဟိုနဲ႔ ေပါ႔ဘာတို႔ရဲ႕ အကြဲအၿပဲဇာတ္လမ္း

ေမာ္ရင္ဟို Mourinho နဲ႔ ေပါ႔ဘာ Pogba တို႔ရဲ႕ ဆက္ဆံေရး အေျခအေနဟာ ဆိုးရြားေနခဲ႔တာ အားလံုးအသိပါ။ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ရိွအေျခအေနေတြဟာ အသင္းကို ထိခိုက္မႈမ်ားစြာရိွခဲ႔ျပီး အသင္းရဲ႕ ကြင္းတြင္း ကြင္းျပင္ပံုရိပ္ကိုလည္း က်ဆင္းေစပါတယ္။ ျပီးခဲ႔တဲ႔ ၀က္စ္ဟမ္းအသင္းကို မန္ယူအသင္းက ( ၃ – ၁ )နဲ႔ ရံႈးနိမ္႔ခဲ႔တဲ႔ပြဲမွာ ေပါ႔ဘာရဲ႕ ၾကိဳးစားအားထုတ္မႈနဲ႔ ကစားပံုဟာ ေမးခြန္းထုတ္စရာအေျခအေနမွာ ရိွခဲ႔ပါတယ္။ ေပါ႔ဘာကို လူစားလဲခဲ႔ခ်ိန္မွာလည္း ကြင္းျပင္ကိုေရာက္လာခဲ႔တဲ႔ ေပါ႔ဘာဟာ နည္းျပေမာ္ရင္ဟိုကို ေလးစားတဲ႔ အျပဳအမူျပဳလုပ္ခဲ႔ျခင္းမရိွဘဲ အရန္ခံုတန္းကိုသာသြားခဲ႔ပါတယ္။

Mourinho-And-Pogba

Mourinho-And-Pogba

လက္ရိွမွာေတာ႔ သူတို႔ႏွစ္ေယာက္ရဲ႕ အေျခအေနဟာ အဆိုးဆံုးအေနအထားကို ေရာက္ေနခဲ႔ပါျပီ။ မန္ယူအသင္းရဲ႕ နည္းျပရာထူးမွာ ေမာ္ရင္ဟို ဆက္ရိွေနမယ္ဆိုရင္ ေပါ႔ဘာဟာ လာမယ္႔ဇန္န၀ါရီမွာ အသင္းကေနထြက္ခြာမယ္လို႔ သတင္းထြက္ေပၚေနတာပါ။ ေပါ႔ဘာကို ေခၚယူဖို႔အတြက္ ဘာစီလိုနာအသင္းကလည္း အသည္းအသန္ျဖစ္ေနခဲ႔ပါတယ္။ လက္ရိွမန္ယူအသင္းရဲ႕ အေနအထားဟာ နည္းျပနဲ႔ကစားသမား ႏွစ္ေယာက္ထဲက တစ္ေယာက္ကို ေရြးရမယ္႔ပံုစံမ်ိဳးျဖစ္ေနခဲ႔ပါျပီ။ ဒီအေျခအေနဟာ တကယ္႔ကို ႐ုပ္ဆိုးလြန္းပါတယ္။ လက္ရိွမွာေတာ႔ အသင္းရဲ႕ ဂႏၳ၀င္ကစားသမားေတြကလည္း ေပါ႔ဘာနဲ႔ ေမာ္ရင္ဟိုတို႔ရဲ႕ အေနအထားေတြကို ေ၀ဖန္မႈေတြျပဳလုပ္ေနၾကျပီး ေပါလ္စခိုးလ္ Paul Scholes ကလည္း ေပါ႔ဘာကို ျပင္းျပင္းထန္ထန္ ေ၀ဖန္ထားပါတယ္။

Ref: Goal.com
Photo: The USA Times , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တစ်စထက်တစ်စ ပိုမိုကြီးမားလာတဲ့ မော်ရင်ဟိုနဲ့ ပေါ့ဘာတို့ရဲ့ အကွဲအပြဲဇာတ်လမ်း

မော်ရင်ဟို Mourinho နဲ့ ပေါ့ဘာ Pogba တို့ရဲ့ ဆက်ဆံရေး အခြေအနေဟာ ဆိုးရွားနေခဲ့တာ အားလုံးအသိပါ။ သူတို့နှစ်ယောက်ရဲ့ လက်ရှိအခြေအနေတွေဟာ အသင်းကို ထိခိုက်မှုများစွာရှိခဲ့ပြီး အသင်းရဲ့ ကွင်းတွင်း ကွင်းပြင်ပုံရိပ်ကိုလည်း ကျဆင်းစေပါတယ်။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကို မန်ယူအသင်းက ( ၃ – ၁ )နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပေါ့ဘာရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကစားပုံဟာ မေးခွန်းထုတ်စရာအခြေအနေမှာ ရှိခဲ့ပါတယ်။ ပေါ့ဘာကို လူစားလဲခဲ့ချိန်မှာလည်း ကွင်းပြင်ကိုရောက်လာခဲ့တဲ့ ပေါ့ဘာဟာ နည်းပြမော်ရင်ဟိုကို လေးစားတဲ့ အပြုအမူပြုလုပ်ခဲ့ခြင်းမရှိဘဲ အရန်ခုံတန်းကိုသာသွားခဲ့ပါတယ်။

Mourinho-And-Pogba

Mourinho-And-Pogba

လက်ရှိမှာတော့ သူတို့နှစ်ယောက်ရဲ့ အခြေအနေဟာ အဆိုးဆုံးအနေအထားကို ရောက်နေခဲ့ပါပြီ။  မန်ယူအသင်းရဲ့ နည်းပြရာထူးမှာ မော်ရင်ဟို ဆက်ရှိနေမယ်ဆိုရင် ပေါ့ဘာဟာ လာမယ့်ဇန်နဝါရီမှာ အသင်းကနေထွက်ခွာမယ်လို့ သတင်းထွက်ပေါ်နေတာပါ။ ပေါ့ဘာကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းကလည်း အသည်းအသန်ဖြစ်နေခဲ့ပါတယ်။ လက်ရှိမန်ယူအသင်းရဲ့ အနေအထားဟာ နည်းပြနဲ့ကစားသမား နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ့်ပုံစံမျိုးဖြစ်နေခဲ့ပါပြီ။ ဒီအခြေအနေဟာ တကယ့်ကို ရုပ်ဆိုးလွန်းပါတယ်။ လက်ရှိမှာတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေကလည်း ပေါ့ဘာနဲ့ မော်ရင်ဟိုတို့ရဲ့ အနေအထားတွေကို ဝေဖန်မှုတွေပြုလုပ်နေကြပြီး ပေါလ်စခိုးလ် Paul Scholes ကလည်း ပေါ့ဘာကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

Ref: Goal.com
Photo: The USA Times , Goal.com
Ko Kyue(Akhayar)
www.akhayar.com