[Zawgyi]

ေပါ႔ဘာ Pogba ကိုေခၚယူလိုတဲ႔ အသင္းေတြအတြက္ စိတ္ပ်က္စရာစကားကိုေျပာခဲ႔တဲ႔ ႐ိြဳင္အိုလာ Raiola

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လက္ရိွအေျခအေနေတြဟာ ကပ္ဆိုးတစ္ခုထဲကို ေရာက္ေနသလိုပါပဲ။ ဘုတ္အဖြဲ ႔ ၊ နည္းျပနဲ႔ ေနာက္ဆံုးကစားသမားေတြ အားလံုးမွာ ျပႆနာ ကိုယ္စီရိွေနၾကတာပါ။ ဒီအထဲမွာမွ ေပါ႔ဘာ Pogba နဲ႔ နည္းျပေမာ္ရင္ဟို Mourinho တို႔ရဲ႕ ျပႆနာဟာလည္း တစ္ခုအပါအ၀င္ပဲ ျဖစ္ပါတယ္။

Pogba

Pogba

ေပါ႔ဘာနဲ႔ ေမာ္ရင္ဟိုတို႔ဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီထဲက ျပႆနာေလးေတြ ရိွခဲ႔ၾကျပီး ဒီႏွစ္ေဘာလံုးရာသီမွာေတာ႔ ျပႆနာရဲ႕ အစိုင္အခဲက တျဖည္းျဖည္းနဲ႔ၾကီးထြားလာခဲ႔တာပါ။ လက္ရိွမွာ ေပါ႔ဘာကုိ ေခၚယူဖို႔အတြက္ အသင္းၾကီးေတြျဖစ္ၾကတဲ႔ ဘာစီလိုနာ ၊ ဂ်ဴဗင္တပ္စ္နဲ႔ PSG တို႔က အသည္းအသန္ျဖစ္ေနၾကပါတယ္။ ဒါေပမဲ႔ ေပါ႔ဘာရဲ႕ ေအးဂ်င္႔ ႐ိြဳင္အိုလာ ေျပာခဲ႔တဲ႔စကားကေတာ႔ ဒီအသင္းေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ႔ပါတယ္။ ႐ိြဳင္အိုလာ က ” က်ြန္ေတာ္ ေပါ႔ဘာရဲ႕ အေၾကာင္းမေျပာရတာကို ပိုႏွစ္သက္ပါတယ္။ လက္ရိွမွာ သူက ထိခိုက္လြယ္တဲ႔ အေနအထားမွာရိွေနပါတယ္။ ဒါေပမဲ႔ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာေတာ႔ သူရိွေနမွာမဟုတ္ပါဘူး ” လို႔ေျပာၾကားခဲ႔ပါတယ္။

Ref: Goal.com
Photo: Goal.com , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပေါ့ဘာ Pogba ကိုခေါ်ယူလိုတဲ့ အသင်းတွေအတွက် စိတ်ပျက်စရာစကားကိုပြောခဲ့တဲ့ ရွိုင်အိုလာ Raiola

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေတွေဟာ ကပ္ဆိုးတစ်ခုထဲကို ရောက်နေသလိုပါပဲ။ ဘုတ်အဖွဲ့ ၊ နည်းပြနဲ့ နောက်ဆုံးကစားသမားတွေ အားလုံးမှာ ပြဿနာ ကိုယ်စီရှိနေကြတာပါ။ ဒီအထဲမှာမှ ပေါ့ဘာ Pogba နဲ့ နည်းပြမော်ရင်ဟို Mourinho တို့ရဲ့ ပြဿနာဟာလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

Pogba

Pogba

ပေါ့ဘာနဲ့ မော်ရင်ဟိုတို့ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီထဲက ပြဿနာလေးတွေ ရှိခဲ့ကြပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ပြဿနာရဲ့ အစိုင်အခဲက တဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့တာပါ။ လက်ရှိမှာ ပေါ့ဘာကို ခေါ်ယူဖို့အတွက် အသင်းကြီးတွေဖြစ်ကြတဲ့ ဘာစီလိုနာ ၊ ဂျူဗင်တပ်စ်နဲ့ PSG တို့က အသည်းအသန်ဖြစ်နေကြပါတယ်။ ဒါပေမဲ့ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်အိုလာ ပြောခဲ့တဲ့စကားကတော့ ဒီအသင်းတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရွိုင်အိုလာ က ” ကျွန်တော် ပေါ့ဘာရဲ့ အကြောင်းမပြောရတာကို ပိုနှစ်သက်ပါတယ်။ လက်ရှိမှာ သူက ထိခိုက်လွယ်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာတော့ သူရှိနေမှာမဟုတ်ပါဘူး ” လို့ပြောကြားခဲ့ပါတယ်။

Ref: Goal.com
Photo: Goal.com , Evening Standard
Ko Kyue(Akhayar)
www.akhayar.com