This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားခ်န္ပီယံဆု ရရွိခဲ့တဲ့ (၄)ဦးေျမာက္ မန္ယူကစားသမားျဖစ္လာတဲ့ ေပါ့ဘာ Pogba

ျပင္သစ္အသင္းရဲ႕ မန္ယူကြင္းလယ္လူ ေပါ့ဘာ Pogba ဟာ မန္ယူအသင္းသမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့တဲ့ (၄)ဦးေျမာက္ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ၿပီျဖစ္ပါတယ္။ ေပါ့ဘာဟာ ခ႐ုိေအးရွားကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ျပင္သစ္အသင္းအတြက္ တတိယဂုိးကုိ ပဲြခ်ိန္(၅၉)မိနစ္မွာ သြင္းယူခဲ့ၿပီး ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ႏုိင္ခဲ့တဲ့ (၄)ဦးေျမာက္ မန္ယူကစားသ မားအျဖစ္ ရပ္တည္ႏုိင္ခဲ့တာပါ။ ဒါ့အျပင္ ေပ့ါဘာဟာ ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ဂုိးသြင္းခဲ့တဲ့ ပထမဆုံးမန္ယူကစားသမားအျဖစ္လည္း စံခ်ိန္သစ္ေရးထုိးႏုိင္ခဲ့ပါတယ္။

Pogba-with-FIFA-World-cup

Pogba-with-FIFA-World-cup

ေပ့ါဘာမတိုင္ခင္က ကမၻာ႔ဖလားခ်န္ပီယံဆုရရွိခဲ့တဲ့ မန္ယူကစားသမားေတြက ၁၉၆၆ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အဂၤလန္အသင္း ဗုိလ္စဲြခဲ့စဥ္က ပါ၀င္ခဲ့ၾကတဲ့ ေဘာ္ဘီခ်ာလ္တန္ Bobby Charlton ၊ ေနာ္ဘီစတုိင္းလ္ Nobby Stiles ၊ ဂၽြန္ေကာ္နယ္လ္လီ John Connelly တို႔ျဖစ္ၾကပါတယ္။ အသက္(၂၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေပ့ါဘာဟာ ေနာ္ဘီစတုိင္းလ္ေနာက္ပုိင္း ကမၻာ႔ဖလားခ်န္ပီယံဆုရရွိခဲ့တဲ့ ဒုတိယေျမာက္အသက္အငယ္ဆုံးကစားသမားျဖစ္ခဲ့ၿပီး ၁၉၆၆ မွာ အဂၤလန္ဗုိလ္စဲြတုန္းက ေနာ္ဘီစတုိင္းလ္ရဲ႕အသက္က (၂၄)ႏွစ္သာ ရွိပါေသးတယ္။ မန္ယူအသင္းမွာ ကမၻာ႔ဖလားခ်န္ပီယံဆုရ ကစားသမားေတြ ကစားခဲ့ဖူးေပမယ့္ မန္ယူကစားသမားဘ၀အတြင္း ရရွိခဲ့တာေတာ့ မဟုတ္ပါဘူး။ လက္ရွိကြင္းလယ္လူ မာတာ Mata ဟာ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ စပိန္အသင္းဗုိလ္စဲြတုန္းက အသင္းလူစာရင္းမွာ ပါ၀င္ခဲ့ၿပီး မန္ယူကုိေတာ့ ၂၀၁၃ မွ ေရာက္ရွိခဲ့တာပါ။ ဒါ့အျပင္ ၁၉၉၈ ကမၻာ႔ဖလားခ်န္ပီယံျပင္သစ္အသင္းက ဂႏၳ၀င္ကစားသမားေတြျဖစ္တဲ့ ဘားသက္ဇ္ Barthez(၂၀၀၀-၂၀၀၄) ၊ ဘလန္႔ Blanc(၂၀၀၁-၂၀၀၃) တို႔အျပင္ ၂၀၀၂ ကမၻာ႔ဖလားခ်န္ပီယံ ဘရာဇီးလ္ကြင္းလယ္လူ ကလီဘာဆင္ Kleberson (၂၀၀၃-၂၀၀၅)၊ ၂၀၁၄ ကမၻာ႔ဖလားခ်န္ပီယံ ဂ်ာမနီကြင္းလယ္လူ ရွ၀ုိင္းစတုိင္ဂါ Schweinsteiger (၂၀၁၅-၂၀၁၇)တို႔လည္း ကစားခဲ့ၾကတာျဖစ္ပါတယ္။

REF:.manutd
Photo:ESPN,Fox Sports
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့တဲ့ (၄)ဦးမြောက် မန်ယူကစားသမားဖြစ်လာတဲ့ ပေါ့ဘာ Pogba

ပြင်သစ်အသင်းရဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ မန်ယူအသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ (၄)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ပေါ့ဘာဟာ ခရိုအေးရှားကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းအတွက် တတိယဂိုးကို ပွဲချိန်(၅၉)မိနစ်မှာ သွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ (၄)ဦးမြောက် မန်ယူကစားသ မားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ ဒါ့အပြင် ပေ့ါဘာဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့ ပထမဆုံးမန်ယူကစားသမားအဖြစ်လည်း စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။

Pogba-with-FIFA-World-cup

Pogba-with-FIFA-World-cup

ပေ့ါဘာမတိုင်ခင်က ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့တဲ့ မန်ယူကစားသမားတွေက ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့စဉ်က ပါဝင်ခဲ့ကြတဲ့ ဘော်ဘီချာလ်တန် Bobby Charlton ၊ နော်ဘီစတိုင်းလ် Nobby Stiles ၊ ဂျွန်ကော်နယ်လ်လီ John Connelly တို့ဖြစ်ကြပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေ့ါဘာဟာ နော်ဘီစတိုင်းလ်နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့ပြီး ၁၉၆၆ မှာ အင်္ဂလန်ဗိုလ်စွဲတုန်းက နော်ဘီစတိုင်းလ်ရဲ့အသက်က (၂၄)နှစ်သာ ရှိပါသေးတယ်။ မန်ယူအသင်းမှာ ကမ္ဘာ့ဖလားချန်ပီယံဆုရ ကစားသမားတွေ ကစားခဲ့ဖူးပေမယ့် မန်ယူကစားသမားဘဝအတွင်း ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ လက်ရှိကွင်းလယ်လူ မာတာ Mata ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းဗိုလ်စွဲတုန်းက အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး မန်ယူကိုတော့ ၂၀၁၃ မှ ရောက်ရှိခဲ့တာပါ။ ဒါ့အပြင် ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းက ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဘားသက်ဇ် Barthez(၂၀၀၀-၂၀၀၄) ၊ ဘလန့် Blanc(၂၀၀၁-၂၀၀၃) တို့အပြင် ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်ကွင်းလယ်လူ ကလီဘာဆင် Kleberson (၂၀၀၃-၂၀၀၅)၊ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါ Schweinsteiger (၂၀၁၅-၂၀၁၇)တို့လည်း ကစားခဲ့ကြတာဖြစ်ပါတယ်။

REF:.manutd
Photo:ESPN,Fox Sports
Naing Linn(Akhayar)
www.akhayar.com