[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

လှပကျော့ရှင်းတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ပိုးမမှီသာ

ဆရာဝန်မလေး ပိုးမမှီသာရဲ့စာဖွဲ့မမှီတဲ့ အလှပုံရိပ်တချို့ ကို ကြည့်ရှုခံစားလို့ ရအောင် ပြန်လည်မျှဝေချင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း မှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကကိုရောက်ရှိလာတဲ့သူမ ကလည်း ဓါတ်ပုံ ရိုက်ရတာကို ဝါသနာကြီးသူတစ်ဦးပါ။

အနေအေးပြီး ရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့သာ အများဆုံး တွေ့ရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပိုးမမှီသာ ဟာ အနုပညာအလုပ်ထက်ဆရာဝန်တစ်ဦး ဖြစ်ဖို့ အတွက်ကို ပိုပြီးအားစိုက်လုပ်ကိုင်နေသူဖြစ်တယ်ဆိုတာကိုလည်း သူဖြေတဲ့ အင်တာဗျူး တွေကတဆင့် သိရှိနိုင်ပါတယ်။

ချစ်စရာကောင်းပြီး အေးအေးလေးနေတတ်တဲ့ ပိုးမမှီသာတစ်ယောက်သူမဖြစ်ချင်တဲ့ ရည်ရွယ်ချက်အတိုင်းအရာရာကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်အောင်လို့ ပရိသတ်ကြီးကလည်း ဆုတောင်းပေးဦးနော်။

Photo Credit: Poe Mamhe Thar Facebook(Amazing Grace)

ကြည်သာ (Akhayar)

www.akhayar.com