[Zawgyi]

စိုင္းစိုင္းရဲ႕ MTV ထဲ က ေကာင္မေလးေျပာျပခဲ့တဲ့ သူမရဲ႕အခ်စ္ေရးအေၾကာင္း

စိုင္းစိုင္းရဲ႕ သိဂၤါရ သီခ်င္းထဲက ပိုးမမွီသာဆိုတဲ့ ဆရာဝန္မေလးက သူမMTV ရိုက္ကူးစဥ္ၾကံဳေတြ႕ခဲ့တာေတြနဲ႕ ဆက္လက္လုပ္ေဆာင္သြားမွာနဲ႔ပတ္သတ္တာေတြအျပင္ သူမရဲ႕ အခ်စ္ေရးကိုေမးျမန္းခဲ့တဲ့ အေပၚမွာ ပိုးမမွီသာက အခုလိုေျပာျပခဲ့ပါတယ္။

“ကိုစိုင္းနဲ႕ သိဂၤါရသီခ်င္း MTVကိုရိုက္ကူးတဲ့ အခါမွာ ညီမအေနနဲ႕ဘာမွတတ္ကြ်မ္းေသးတာမဟုတ္တာေၾကာင့္ ကိုစိုင္းဆီကေရာ ဒါရိုက္တာ အစ္ကိုဆီကေနေရာ ညီမသင္ယူစရာေတြ အမ်ားႀကီးရခဲ့ပါတယ္။ အနုပညာေလာကနဲ႕ပတ္သတ္လို႕ ရိုက္ကူးေရးေတြဘယ္လိုလုပ္ရတယ္ ဘယ္လိုအခက္အခဲရွိတယ္ ဆိုတာေတြကို ညီမအေနနဲ႕အမ်ားႀကီးျမင္ခဲ့ရပါတယ္။ဒီလို MTV တစ္ခုျဖစ္လာဖို႕ အတြက္ ဘယ္ေလာက္အထိအားစိုက္ၾကရတယ္ ဆိုတာကို ညီမသိခဲ့ရပါတယ္”။

ပိုးမမွီသာ

ပိုးမမွီသာ

“ကိုစိုင္းရဲ႕ SAI Cosmetic အတြက္ ရိုက္ေပးဖို႕ေတြရွိဦးမွာပါ။ေလာေလာဆယ္ေတာ့ ရိုက္ဖို႕စီစဥ္ထားတာမ်ိဳးေတာ့မရွိေသးပါဘူး။အနုပညာနဲ႕ဝါသနာကေတာ့ညီမ ဓါတ္ပံုရိုက္တာကို ဝါသနာပါတယ္ အေပ်ာ္ဓါတ္ပံုရိုက္တာကိုဝါသနာပါတယ္။ သရုပ္ေဆာင္ပိုင္းကေတာ့ညီမလည္း မကြ်မ္းက်င္ဘူး။ ဒါေၾကာင့္လုပ္ျဖစ္ဖို႕လည္းမရွွိပါဘူး။အခ်စ္ေရးကေတာ့ ေဝးပါေသးတယ္ ညီမအသက္က ၂၁ နွစ္ပဲရွိပါေသးတယ္။ ကိုယ္လုပ္တဲ့ အလုပ္ေတြမွာ ေက်နပ္တဲ့ ေနရာတစ္ခုကို ေရာက္ၿပီး မိဘကလည္း အခ်စ္ေရးကို စဥ္းစားဖို႕အခ်ိန္တန္ၿပီလို႕ေျပာမွသာဒီကိစၥေတြကို ေသခ်ာစဥ္းစားျဖစ္လိမ့္မယ္ထင္ပါတယ္ဆိုၿပီး သူမရဲ႕ အခ်စ္ေရးနဲ႕ပတ္သတ္လို႕ေျပာျပခဲ့တာျဖစ္ပါတယ္”။

ပိုးမမွီသာ

ပိုးမမွီသာ

“ အနုပညာေလာကထဲကမဟုတ္ေပမယ့္ ဒီလိုမ်ိဳးခ်စ္ၿပီး အားေပးၾကတဲ့ အတြက္ပရိသတ္ႀကီးအားလံုးကို ေက်းဇူးတင္ပါတယ္။ေနာက္ထပ္လည္းအားေပးၾကပါဦးလို႕ေျပာခ်င္ပါတယ္။တတ္နိုင္တဲ့ အနုပညာအလုပ္ေလးေတြကိုလည္းလုပ္ခ်င္ပါတယ္။ဆရာဝန္ေကာင္းတစ္ေယာက္ျဖစ္ေအာင္လည္း အေကာင္းဆံုးႀကိဳးစားသြားမွာပါ။ဆရာဝန္ျဖစ္ေစခ်င္တဲ့ ပရိသတ္ေတြကလည္းအမ်ားႀကီးရွိတဲ့ အခါက်ေတာ့ သူတို႕ျဖစ္ေစခ်င္သလို ဆရာဝန္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားသြားပါမယ္” ဆိုၿပီးေတာ့ ပိုးမမွီသာက ေျပာျပခဲ့တာျဖစ္ပါတယ္။

Photo Credit: Poe mamhe thar facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

စိုင်းစိုင်းရဲ့ MTV ထဲ က ကောင်မလေးပြောပြခဲ့တဲ့ သူမရဲ့အချစ်ရေးအကြောင်း

စိုင်းစိုင်းရဲ့ သိင်္ဂါရ သီချင်းထဲက ပိုးမမှီသာဆိုတဲ့ ဆရာဝန်မလေးက သူမMTV ရိုက်ကူးစဉ်ကြုံတွေ့ခဲ့တာတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာနဲ့ပတ်သတ်တာတွေအပြင် သူမရဲ့ အချစ်ရေးကိုမေးမြန်းခဲ့တဲ့ အပေါ်မှာ ပိုးမမှီသာက အခုလိုပြောပြခဲ့ပါတယ်။

“ကိုစိုင်းနဲ့ သိင်္ဂါရသီချင်း MTVကိုရိုက်ကူးတဲ့ အခါမှာ ညီမအနေနဲ့ဘာမှတတ်ကျွမ်းသေးတာမဟုတ်တာကြောင့် ကိုစိုင်းဆီကရော ဒါရိုက်တာ အစ်ကိုဆီကနေရော ညီမသင်ယူစရာတွေ အများကြီးရခဲ့ပါတယ်။ အနုပညာလောကနဲ့ပတ်သတ်လို့ ရိုက်ကူးရေးတွေဘယ်လိုလုပ်ရတယ် ဘယ်လိုအခက်အခဲရှိတယ် ဆိုတာတွေကို ညီမအနေနဲ့အများကြီးမြင်ခဲ့ရပါတယ်။ဒီလို MTV တစ်ခုဖြစ်လာဖို့ အတွက် ဘယ်လောက်အထိအားစိုက်ကြရတယ် ဆိုတာကို ညီမသိခဲ့ရပါတယ်”။

ပိုးမမှီသာ

ပိုးမမှီသာ

“ကိုစိုင်းရဲ့ SAI Cosmetic အတွက် ရိုက်ပေးဖို့တွေရှိဦးမှာပါ။လောလောဆယ်တော့ ရိုက်ဖို့စီစဉ်ထားတာမျိုးတော့မရှိသေးပါဘူး။အနုပညာနဲ့ဝါသနာကတော့ညီမ ဓါတ်ပုံရိုက်တာကို ဝါသနာပါတယ် အပျော်ဓါတ်ပုံရိုက်တာကိုဝါသနာပါတယ်။ သရုပ်ဆောင်ပိုင်းကတော့ညီမလည်း မကျွမ်းကျင်ဘူး။ ဒါကြောင့်လုပ်ဖြစ်ဖို့လည်းမရှှိပါဘူး။အချစ်ရေးကတော့ ဝေးပါသေးတယ် ညီမအသက်က ၂၁ နှစ်ပဲရှိပါသေးတယ်။ ကိုယ်လုပ်တဲ့ အလုပ်တွေမှာ ကျေနပ်တဲ့ နေရာတစ်ခုကို ရောက်ပြီး မိဘကလည်း အချစ်ရေးကို စဉ်းစားဖို့အချိန်တန်ပြီလို့ပြောမှသာဒီကိစ္စတွေကို သေချာစဉ်းစားဖြစ်လိမ့်မယ်ထင်ပါတယ်ဆိုပြီး သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်လို့ပြောပြခဲ့တာဖြစ်ပါတယ်”။

ပိုးမမှီသာ

ပိုးမမှီသာ

“ အနုပညာလောကထဲကမဟုတ်ပေမယ့် ဒီလိုမျိုးချစ်ပြီး အားပေးကြတဲ့ အတွက်ပရိသတ်ကြီးအားလုံးကို ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်။တတ်နိုင်တဲ့ အနုပညာအလုပ်လေးတွေကိုလည်းလုပ်ချင်ပါတယ်။ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်လည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ဆရာဝန်ဖြစ်စေချင်တဲ့ ပရိသတ်တွေကလည်းအများကြီးရှိတဲ့ အခါကျတော့ သူတို့ဖြစ်စေချင်သလို ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်” ဆိုပြီးတော့ ပိုးမမှီသာက ပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Poe mamhe thar facebook

ကြည်သာ (Akhayar)

www.akhayar.com