[Zawgyi] 

တ႐ုတ္ႏိုင္ငံမွာ Brand အခြဲထုတ္တာက ေခတ္စားေနတာ ၾကာပါၿပီ။ Xiaomi ကလည္း အခုေတာ့ Brand အခြဲထုတ္ဖို႔ စတင္လိုက္တာ POCO ဆိုတဲ့နာမည္နဲ႔ အႏၵိယမွာ မၾကာခင္ ဖုန္းမိတ္ဆက္ေတာ့မွာပါ။ Pocophone F1 လို႔နာမည္ေပးထားတဲ့ Flagship ဖုန္းတစ္လံုးပါ။ 

Leaked Image

Qualcomm Snapdragon 845 ကိုသံုးေပးထားတာေၾကာင့္ လက္ရွိ Flagship ေစ်းကြက္ထဲမွာ ေနာက္ထပ္ေ႐ြးခ်ယ္စရာ ဖုန္းတစ္လံုးအျဖစ္ မၾကာခင္ေတြ႕ရေတာ့မွာပါ။ Xiaomi ကေတာ့ Pocophone F1 အတြက္ Teaser ေတြတင္ေနၿပီျဖစ္ပါတယ္္။ Xiaomi Branding နဲ႔ မဆိုင္တာေၾကာင့္ နာမည္ႀကီး MIUI ကေတာ့ Pocophone မွာ ေတြ႕ရႏုိင္ေခ်နည္းပါတယ္။ Speed ကိုဦးစားေပးထားတဲ့ဖုန္းေတြျဖစ္မွာေၾကာင့္ Software ကေတာ့ ေတာ္ေတာ္ေလး အေရးပါပါတယ္။ RAM Management မႏိုင္ရင္ ဖုန္းမွာ RAM ေတြ အမ်ားႀကီးထည့္ေပးထားလည္း လက္ေတြ႕သံုးတဲ့အခါ အဆင္မေျပတာ၊ Lag ေနတာ၊ App တစ္ခုနဲ႔တစ္ခု အေျပာင္းအလဲမွာ အဆင္မေျပတာ၊ ထင္သေလာက္မေကာင္းတာမ်ိဳးေတြက ျဖစ္လာမွာပါ။ 

Pocophone F1 Dual Camera

Pocophone Global Facebook Page ကလည္း Performance နဲ႔ပတ္သက္လို႔ Teaser ေတြလုပ္ေနပါၿပီ။ လက္ရွိ မထြက္ခင္ သတင္းေပါက္ထားတာကေတာ့ RAM 6GB နဲ႔ RAM 8GB ဆိုၿပီး ႏွစ္မ်ိဳး ရွိမွာျဖစ္ၿပီး 64GB ၊ 128GB နဲ႔ 256GB ဆိုၿပီး Storage Option ကေတာ့ သံုးမ်ိဳးရွိမယ္လို႔ သိရပါတယ္။ အေရာင္ေတြကလည္း Red ၊ Grey ၊ Blue နဲ႔ Gradient ဆိုၿပီး အဓိကအေရာင္ ၄ မ်ိဳးရွိတာေတြ႕ရပါတယ္။ 256GB Version မွာေတာ့ Kevlar ဆိုတာ ထပ္တိုးထားပါတယ္။ Kevlar ကေတာ့ အဝါနဲ႔ အနက္ေရာင္စပ္ေပးထားတာမ်ိဳးဆိုတာထက္ Carbon Fibre လို Texture တစ္ခုပါ။ 

Leaked Specs

Pocophone F1 မွာ အားသာခ်က္ႏွစ္ခုရွိမွာပါ။ အဲ့တာေတြကေတာ့ ေစ်းအသက္သာဆံုး Snapdragon 845 ပါတဲ့ဖုန္းျဖစ္လာမယ့္အခ်က္နဲ႔ Liquid Cooling ပါဝင္တဲ့အခ်က္ပါ။ MIUI ကိုမႀကိဳက္သူေတြအတြက္ Xiaomi က Android One ဖုန္းေတြထုတ္ေပးထားေပမယ့္ ေရြးခ်ယ္စရာက နည္းေနပါေသးတယ္။ အခု POCO Brand အသစ္ေရာက္လာရင္ေတာ့ Xiaomi ရဲ႕ထုတ္ကုန္ေတြကို ေနာက္ထပ္အရသာတစ္မ်ိဳးနဲ႔ ခံစားႏိုင္ဦးမွာပါ။ Mi Phone မႀကိဳက္သူေတြအတြက္ Xiaomi ရဲ႕အေျဖလို႔ေျပာလို႔ရပါတယ္။ လူတိုင္းမွာ ကြဲျပားတဲ့အႀကိဳက္ေတြရွိေနတာေၾကာင့္ အခုလို Sub-Brand တစ္ခုထြက္လာတာ ေစ်းကြက္အတြက္လည္း ေကာင္းပါတယ္။

ေလာေလာဆယ္ေတာ့ POCO က ဖုန္းေတြကို ဥေရာပနဲ႔ အႏိၵယဖက္ကို ျဖန္႔ေပးမယ္လို႔ သိရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေရာင္းခ်မယ့္ႏိုင္ငံေတြ တိုးလာႏိုင္ပါတယ္။ မိခင္ကုမၸဏီက Xiaomi ျဖစ္ေနတာေၾကာင့္ လက္ရွိ Xiaomi ေရာင္းခ်တဲ့ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ Pocophone ေတြကို ဝယ္လို႔ရလာႏိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။ ဘယ္ေလာက္ေစ်းသက္သာႏိုင္မလဲဆိုတာကိုေတာ့ Launch လုပ္တဲ့အခ်ိန္ကို ေစာင့္ၾကည့္႐ံုပါပဲ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

POCO ထုတ်ကုန်တစ်ခုအဖြစ် Pocophone F1 ကို Xiaomi ထုတ်ပြတော့မယ်

တရုတ်နိုင်ငံမှာ Brand အခွဲထုတ်တာက ခေတ်စားနေတာ ကြာပါပြီ။ Xiaomi ကလည်း အခုတော့ Brand အခွဲထုတ်ဖို့ စတင်လိုက်တာ POCO ဆိုတဲ့နာမည်နဲ့ အန္ဒိယမှာ မကြာခင် ဖုန်းမိတ်ဆက်တော့မှာပါ။ Pocophone F1 လို့နာမည်ပေးထားတဲ့ Flagship ဖုန်းတစ်လုံးပါ။ 

Leaked Image

Qualcomm Snapdragon 845 ကိုသုံးပေးထားတာကြောင့် လက်ရှိ Flagship ဈေးကွက်ထဲမှာ နောက်ထပ်ရွေးချယ်စရာ ဖုန်းတစ်လုံးအဖြစ် မကြာခင်တွေ့ရတော့မှာပါ။ Xiaomi ကတော့ Pocophone F1 အတွက် Teaser တွေတင်နေပြီဖြစ်ပါတယ်။ Xiaomi Branding နဲ့ မဆိုင်တာကြောင့် နာမည်ကြီး MIUI ကတော့ Pocophone မှာ တွေ့ရနိုင်ချေနည်းပါတယ်။ Speed ကိုဦးစားပေးထားတဲ့ဖုန်းတွေဖြစ်မှာကြောင့် Software ကတော့ တော်တော်လေး အရေးပါပါတယ်။ RAM Management မနိုင်ရင် ဖုန်းမှာ RAM တွေ အများကြီးထည့်ပေးထားလည်း လက်တွေ့သုံးတဲ့အခါ အဆင်မပြေတာ၊ Lag နေတာ၊ App တစ်ခုနဲ့တစ်ခု အပြောင်းအလဲမှာ အဆင်မပြေတာ၊ ထင်သလောက်မကောင်းတာမျိုးတွေက ဖြစ်လာမှာပါ။ 

Pocophone F1 Dual Camera

Pocophone Global Facebook Page ကလည်း Performance နဲ့ပတ်သက်လို့ Teaser တွေလုပ်နေပါပြီ။ လက်ရှိ မထွက်ခင် သတင်းပေါက်ထားတာကတော့ RAM 6GB နဲ့ RAM 8GB ဆိုပြီး နှစ်မျိုး ရှိမှာဖြစ်ပြီး 64GB ၊ 128GB နဲ့ 256GB ဆိုပြီး Storage Option ကတော့ သုံးမျိုးရှိမယ်လို့ သိရပါတယ်။ အရောင်တွေကလည်း Red ၊ Grey ၊ Blue နဲ့ Gradient ဆိုပြီး အဓိကအရောင် ၄ မျိုးရှိတာတွေ့ရပါတယ်။ 256GB Version မှာတော့ Kevlar ဆိုတာ ထပ်တိုးထားပါတယ်။ Kevlar ကတော့ အဝါနဲ့ အနက်ရောင်စပ်ပေးထားတာမျိုးဆိုတာထက် Carbon Fibre လို Texture တစ်ခုပါ။ 

Leaked Specs

Pocophone F1 မှာ အားသာချက်နှစ်ခုရှိမှာပါ။ အဲ့တာတွေကတော့ ဈေးအသက်သာဆုံး Snapdragon 845 ပါတဲ့ဖုန်းဖြစ်လာမယ့်အချက်နဲ့ Liquid Cooling ပါဝင်တဲ့အချက်ပါ။ MIUI ကိုမကြိုက်သူတွေအတွက် Xiaomi က Android One ဖုန်းတွေထုတ်ပေးထားပေမယ့် ရွေးချယ်စရာက နည်းနေပါသေးတယ်။ အခု POCO Brand အသစ်ရောက်လာရင်တော့ Xiaomi ရဲ့ထုတ်ကုန်တွေကို နောက်ထပ်အရသာတစ်မျိုးနဲ့ ခံစားနိုင်ဦးမှာပါ။ Mi Phone မကြိုက်သူတွေအတွက် Xiaomi ရဲ့အဖြေလို့ပြောလို့ရပါတယ်။ လူတိုင်းမှာ ကွဲပြားတဲ့အကြိုက်တွေရှိနေတာကြောင့် အခုလို Sub-Brand တစ်ခုထွက်လာတာ ဈေးကွက်အတွက်လည်း ကောင်းပါတယ်။

လောလောဆယ်တော့ POCO က ဖုန်းတွေကို ဥရောပနဲ့ အန္ဒိယဖက်ကို ဖြန့်ပေးမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ရောင်းချမယ့်နိုင်ငံတွေ တိုးလာနိုင်ပါတယ်။ မိခင်ကုမ္ပဏီက Xiaomi ဖြစ်နေတာကြောင့် လက်ရှိ Xiaomi ရောင်းချတဲ့နိုင်ငံတော်တော်များများမှာ Pocophone တွေကို ဝယ်လို့ရလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လောက်ဈေးသက်သာနိုင်မလဲဆိုတာကိုတော့ Launch လုပ်တဲ့အချိန်ကို စောင့်ကြည့်ရုံပါပဲ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။