Xiaomi ကေန ျပီးခဲ့တဲ့လပိုင္းတုန္းက ထြက္ရွိထားတဲ့ Pocophone F1 က လက္ရွိအခ်ိန္မွာ ေစ်းႏႈန္းအသက္သာဆံုး Qualcomm Snapdragon 845 Processor ပါဝင္တဲ့ စမတ္ဖုန္းတစ္ခုဆိုရင္လည္း မမွားပါဘူး။

Xiaomi Pocphone F1

အခု Xiaomi ရဲ႕ Pocophone F1 ဟာ Price-to-Performance Ratio အေကာင္းဆံုးစမတ္ဖုန္းတစ္ခုလုိ႔ ေျပာလုိ႔ရေနျပိးေတာ့ Qualcomm Snapdragon 845 Processor အျပင္ RAM 6GB ကေန 8GB အထိ၊ Storage ကိုလည္း 256GB အထိရရွိႏုိင္တဲ့အတြက္ ေတာ္ေတာ္ေလးကို တန္တယ္လုိ႔ ေျပာလုိ႔ရတဲ့ စမတ္ဖုနး္တစ္ခုပါ။

ဒါေပမယ့္ Pocophone F1 ဟာ ထြက္ရွိလာတဲ့အခ်ိန္တုန္းက Android 8.1 Oreo ကို အေျခခံထားတဲ့ MIUI 9 ကိုပဲ အသံုးျပဳထားတာျဖစ္ျပီးေတာ့ အေပၚကေန သီးသန္႔ Poco Launcher ပဲ အုပ္ေပးထားတာပါ။ အဲ့ဒီအတြက္ System Update ရရွိႏုိင္မႈအေပၚမွာ ေမးခြန္းေတြရွိလာပါေတာ့တယ္။

ဒီေမးခြန္းေတြကို Pocophone ရဲ႕ Head of Product အျဖစ္ တာဝန္ယူထားတဲ့ Jai Mani က သူ႕ရဲ႕ Twitter Account မွာ ေျဖၾကားခဲ့ပါတယ္။ အခုလုိ ေျဖၾကားခ်က္အရေတာ့ Xiaomi ရဲ႕ Pocophone F1 ဟာ ေလာေလာဆယ္ ေနာက္ဆံုး Android Version ျဖစ္တဲ့ Android 9 Pie အျပင္ Android 10 Q အထိပါ Update လုပ္ႏုိင္မွာျဖစ္ပါတယ္။

Xiaomi Pocphone F1

ဒါေပမယ့္လည္း အခုလုိမ်ိဳး Update ရမယ့္အခ်ိန္ကိုေတာ့ အတိအက်ေျပာၾကားထားျခင္းမရွိဘဲ ျဖစ္ႏုိင္တာကေတာ့ ေနာက္ႏွစ္အေစာပိုင္း ဒါမွမဟုတ္ ဒီႏွစ္ကုန္ေလာက္မွာ Android Pie ကို Update လုပ္ႏုိင္မယ္လုိ႔ ယူဆရပါတယ္။ ဘာပဲျဖစ္ျဖစ္ အခုသတင္းက Pocophone F1 ကို အသံုးျပဳေနတဲ့သူေတြအတြက္ေတာ့ တကယ္ကို သတင္းေကာင္းပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက ထွက်ရှိထားတဲ့ Pocophone F1 က လက်ရှိအချိန်မှာ စျေးနှုန်းအသက်သာဆုံး Qualcomm Snapdragon 845 Processor ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

Xiaomi Pocphone F1

အခု Xiaomi ရဲ့ Pocophone F1 ဟာ Price-to-Performance Ratio အကောင်းဆုံးစမတ်ဖုန်းတစ်ခုလို့ ပြောလို့ရနေပြိးတော့ Qualcomm Snapdragon 845 Processor အပြင် RAM 6GB ကနေ 8GB အထိ၊ Storage ကိုလည်း 256GB အထိရရှိနိုင်တဲ့အတွက် တော်တော်လေးကို တန်တယ်လို့ ပြောလို့ရတဲ့ စမတ်ဖုနး်တစ်ခုပါ။

ဒါပေမယ့် Pocophone F1 ဟာ ထွက်ရှိလာတဲ့အချိန်တုန်းက Android 8.1 Oreo ကို အခြေခံထားတဲ့ MIUI 9 ကိုပဲ အသုံးပြုထားတာဖြစ်ပြီးတော့ အပေါ်ကနေ သီးသန့် Poco Launcher ပဲ အုပ်ပေးထားတာပါ။ အဲ့ဒီအတွက် System Update ရရှိနိုင်မှုအပေါ်မှာ မေးခွန်းတွေရှိလာပါတော့တယ်။

ဒီမေးခွန်းတွေကို Pocophone ရဲ့ Head of Product အဖြစ် တာဝန်ယူထားတဲ့ Jai Mani က သူ့ရဲ့ Twitter Account မှာ ဖြေကြားခဲ့ပါတယ်။ အခုလို ဖြေကြားချက်အရတော့ Xiaomi ရဲ့ Pocophone F1 ဟာ လောလောဆယ် နောက်ဆုံး Android Version ဖြစ်တဲ့ Android 9 Pie အပြင် Android 10 Q အထိပါ Update လုပ်နိုင်မှာဖြစ်ပါတယ်။

Xiaomi Pocphone F1

ဒါပေမယ့်လည်း အခုလိုမျိုး Update ရမယ့်အချိန်ကိုတော့ အတိအကျပြောကြားထားခြင်းမရှိဘဲ ဖြစ်နိုင်တာကတော့ နောက်နှစ်အစောပိုင်း ဒါမှမဟုတ် ဒီနှစ်ကုန်လောက်မှာ Android Pie ကို Update လုပ်နိုင်မယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုသတင်းက Pocophone F1 ကို အသုံးပြုနေတဲ့သူတွေအတွက်တော့ တကယ်ကို သတင်းကောင်းပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com