[Zawgyi]

စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးျမွင့္ခဲ့တဲ့ နည္းျပ ပိုခ်က္တီႏို

စပါးအသင္းကို ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးေနတဲ့ နည္းျပ ပိုခ်က္တီႏို Pochettino ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးျမွင့္ခဲ့ပါတယ္။ စာခ်ဳပ္သစ္အရ ပိုခ်က္တီႏို Pochettino ဟာ ၂၀၂၃ ခုႏွစ္၊ ဇြန္လအထိ ေျမာက္လန္ဒန္ကလပ္အသင္းမွာ ဆက္ရွိေနေတာ့မွာ ျဖစ္ပါတယ္။ ဥေရာပထိပ္တန္းအသင္းအမ်ားစုရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ပိုခ်က္တီႏို Pochettino ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က စာခ်ဳပ္သစ္မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။ စာခ်ဳပ္သစ္အရ ပိုခ်က္တီႏို Pochettino ဟာ တစ္ႏွစ္လုပ္ခ ေပါင္ (၈.၅)သန္းအထိ ရရွိမွာ ျဖစ္ၿပီး မန္စီးတီးနည္းျပ ဂြါဒီယိုလာ Guardiola၊ မန္ယူနည္းျပ ေမာ္ရင္ဟို Mourinho တို႔ေနာက္ ပရီးမီးယားလိဂ္ရဲ႕ လစာအမ်ားဆံုးရရွိတဲ့ နည္းျပ ျဖစ္လာခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ စပါးနည္းျပ ရာထူးကို ပိုခ်က္တီႏို Pochettino စတင္တာဝန္ယူခဲ့ၿပီး အသင္းကို (၃)ရာသီဆက္တိုက္ အမွတ္ေပးဇယား ထိပ္ဆံုး (၄)သင္းစာရင္း ဝင္ေအာင္ စြမ္းေဆာင္ ေပးထားတာ ျဖစ္ပါတယ္။

Pochettino-and-First-Team-coaching-staff-Jesús-Pérez-Miguel-DAgostino-and-Toni-Jiménez-have-also-agreed-contract-extensions

Pochettino-and-First-Team-coaching-staff-Jesús-Pérez-Miguel-DAgostino-and-Toni-Jiménez-have-also-agreed-contract-extensions

စပါးအသင္းဟာ အသင္းနည္းျပ အဖြဲ႔ဝင္ေတြျဖစ္တဲ့ ဂ်ီးဆပ္စ္ပီးရက္ဇ္ Jesus Perez၊ ဒီအက္ေဂါ့စ္တီႏို D’Agostino နဲ႔ တိုနီဟီမီနက္ဇ္ Toni Jimenez တို႔ (၃)ဦး ကိုလည္း သက္တမ္းတိုးခဲ့ပါတယ္။ ပိုခ်က္တီႏို Pochettino ကို စာခ်ဳပ္သက္တမ္း တိုးႏိုင္ခဲ့တဲ့အေပၚ အလြန္ဝမ္းေျမာက္မိေၾကာင္း အသင္း ဥကၠဌ ဒန္နီယဲလ္လီဗိုင္း Daniel Levy က ေျပာၾကားခဲ့ပါတယ္။ ပိုခ်က္တီႏို Pochettino ကလည္း “အသင္းနဲ႔ ကာလရွည္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့အေပၚ အလြန္ေက်နပ္မိပါတယ္၊ အသင္းသမိုင္းမွာ အမွတ္အသားတစ္ခုအျဖစ္ က်န္ရွိေနေအာင္ စြမ္းေဆာင္ေပးသြားမွာပါ၊ ကမၻာ႔အဆင့္မီ ကြင္းသစ္ႀကီးမွာ အသင္းကို နည္းျပတစ္ေယာက္အေနနဲ႔ ဦးေဆာင္ေပးသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ စပါးအသင္းဟာ နည္းျပ ပိုခ်က္တီႏို Pochettino လက္ထက္မွာ ဖလားေအာင္ျမင္မႈ ရယူႏိုင္ခဲ့ျခင္းမရွိေပမယ့္ ေနာက္ဆံုး (၃)ႏွစ္ဆက္ ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆံုး (၄)သင္းစာရင္းကို ပုံမွန္ဝင္ေရာက္ခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရေနတဲ့ အသင္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လစာအမ်ားဆံုး နည္းျပမ်ား
ဂြါဒီယုိလာ (မန္စီးတီး) – ေပါင္ (၁၅.၃)သန္း
ေမာ္ရင္ဟို (မန္ယူ) – ေပါင္ (၁၅)သန္း
ပိုခ်က္တီႏို (စပါး) – ေပါင္ (၈.၅)သန္း
ပယ္လီဂရီနီ (ဝက္စ္ဟမ္း) – (၇)သန္း
ကေလာ့ပ္ (လီဗာပူးလ္) – (၇)သန္း
ကြန္တီ (ခ်ယ္လ္ဆီး) – (၆.၅)သန္း
အူႏိုင္းအမ္မရီ (အာဆင္နယ္) – (၆)သန္း
ဘင္နီတက္ဇ္ (နယူးကာဆယ္) – (၄)သန္း

REF:Goal.com, Mirror
Photo:Tottenham Hotspur Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

စပါးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ နည်းပြ ပိုချက်တီနို

စပါးအသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ နည်းပြ ပိုချက်တီနို Pochettino ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။ စာချုပ်သစ်အရ ပိုချက်တီနို Pochettino ဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ မြောက်လန်ဒန်ကလပ်အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဥရောပထိပ်တန်းအသင်းအများစုရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပိုချက်တီနို Pochettino ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာချုပ်သစ်အရ ပိုချက်တီနို Pochettino ဟာ တစ်နှစ်လုပ်ခ ပေါင် (၈.၅)သန်းအထိ ရရှိမှာ ဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola၊ မန်ယူနည်းပြ မော်ရင်ဟို Mourinho တို့နောက် ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးရရှိတဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ စပါးနည်းပြ ရာထူးကို ပိုချက်တီနို Pochettino စတင်တာဝန်ယူခဲ့ပြီး အသင်းကို (၃)ရာသီဆက်တိုက် အမှတ်ပေးဇယား ထိပ်ဆုံး (၄)သင်းစာရင်း ဝင်အောင် စွမ်းဆောင် ပေးထားတာ ဖြစ်ပါတယ်။

Pochettino-and-First-Team-coaching-staff-Jesús-Pérez-Miguel-DAgostino-and-Toni-Jiménez-have-also-agreed-contract-extensions

Pochettino-and-First-Team-coaching-staff-Jesús-Pérez-Miguel-DAgostino-and-Toni-Jiménez-have-also-agreed-contract-extensions

စပါးအသင်းဟာ အသင်းနည်းပြ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျီးဆပ်စ်ပီးရက်ဇ် Jesus Perez၊ ဒီအက်ဂေါ့စ်တီနို D’Agostino နဲ့ တိုနီဟီမီနက်ဇ် Toni Jimenez တို့ (၃)ဦး ကိုလည်း သက်တမ်းတိုးခဲ့ပါတယ်။ ပိုချက်တီနို Pochettino ကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တဲ့အပေါ် အလွန်ဝမ်းမြောက်မိကြောင်း အသင်း ဥက္ကဌ ဒန်နီယဲလ်လီဗိုင်း Daniel Levy က ပြောကြားခဲ့ပါတယ်။ ပိုချက်တီနို Pochettino ကလည်း “အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် အလွန်ကျေနပ်မိပါတယ်၊ အသင်းသမိုင်းမှာ အမှတ်အသားတစ်ခုအဖြစ် ကျန်ရှိနေအောင် စွမ်းဆောင်ပေးသွားမှာပါ၊ ကမ္ဘာ့အဆင့်မီ ကွင်းသစ်ကြီးမှာ အသင်းကို နည်းပြတစ်ယောက်အနေနဲ့ ဦးဆောင်ပေးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ နည်းပြ ပိုချက်တီနို Pochettino လက်ထက်မှာ ဖလားအောင်မြင်မှု ရယူနိုင်ခဲ့ခြင်းမရှိပေမယ့် နောက်ဆုံး (၃)နှစ်ဆက် ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး (၄)သင်းစာရင်းကို ပုံမှန်ဝင်ရောက်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရနေတဲ့ အသင်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး နည်းပြများ
ဂွါဒီယိုလာ (မန်စီးတီး) – ပေါင် (၁၅.၃)သန်း
မော်ရင်ဟို (မန်ယူ) – ပေါင် (၁၅)သန်း
ပိုချက်တီနို (စပါး) – ပေါင် (၈.၅)သန်း
ပယ်လီဂရီနီ (ဝက်စ်ဟမ်း) – (၇)သန်း
ကလော့ပ် (လီဗာပူးလ်) – (၇)သန်း
ကွန်တီ (ချယ်လ်ဆီး) – (၆.၅)သန်း
အူနိုင်းအမ်မရီ (အာဆင်နယ်) – (၆)သန်း
ဘင်နီတက်ဇ် (နယူးကာဆယ်) – (၄)သန်း

REF:Goal.com, Mirror
Photo:Tottenham Hotspur Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com