[Zawgyi]





www.akhayarmedia.com


[Unicode]

ဂျွန်စနိုးမဟုတ်ဘူးလို့ဆိုလာတဲ့ စပါးနည်းပြ ပိုချက်တီနို(Pochettino)

စပါးအသင်းနည်းပြ ပိုချက်တီနို(Pochettino)က သူဟာ နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲ Game Of Thrones ထဲက မင်းသားတစ်ယောက်ဖြစ်တဲ့ ဂျွန်စနိုးမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ပိုချက်တီနို(Pochettino)က နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲ Game Of Thrones ပရိသတ်တစ်ဦးဖြစ်ကြောင်း ပြောဆိုသွားခဲ့ပြီး သူအနေနဲ့တော့ ဇာတ်လမ်းအရ အဓိကမင်းသားဂျွန်စနိုးမဟုတ်ဘဲ သူဟာ ရဲရင့်ပြီးသန်မာတဲ့ နဂါးဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘီဘီစီနဲ့ တွေ့ဆုံရာမှာ ပိုချက်တီနို(Pochettino)က “ နည်းပြဝန်ထမ်းအားလုံး “Game Of Thrones” ကြည့်ဖို့ အလွန်အာရုံစိုက်ကြပါတယ်။ ဘောလုံးနဲ့ “Game Of Thrones” အတွက် အချိန်ရှိပါတယ်။ ကျန်တဲ့အချိန်ကတော့ မိသားစုအတွက်ပါ”လို့ ပြောဆိုခဲ့ပါတယ်။ ဇာတ်လမ်းတွဲအရ ဘယ်ဇာတ်ကောင်ဟာ သူ့ကိုဖော်ညွန်းလဲဆိုတာကိုတော့ “ကျွန်တော်ဟာ ဂျွန်စနိုးဟာမဟုတ်ပါဘူး။ ကျွန်တော်ဟာ ရဲရင့်ပြီး သန်မာတဲ့ နဂါးတစ်ကောင်ပါ” လို့ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုဟာ “Game Of Thrones” ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေထက် ဒဏ္ဍာရီလာသတ္တဝါကို ပိုမိုတူညီတယ်လို့ လက်ခံထားတာဖြစ်ပါတယ်။ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲ “Game Of Thrones” ဟာ တစ်ကမ္ဘာ့လုံးရှိ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။ ပိုချက်တီနိုဟာ နည်းပြအဖွဲ့ဝင်တွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ကြည့်ရှုတတ်သူဖြစ်ပြီး မနက် (၂)နာရီ၊ (၃)နာရီထိ ဇာတ်လမ်းတွဲတွေကြည်ရှုရင်း အချိန်ကုန်ဆုံးတတ်သူဖြစ်ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။