[Zawgyi]
Photo Credit: ဝတ် ရည် မိုး Facebook
www.akhayar.com
[Unicode]
ဂျာနယ်တစ်ခုကဖော်ပြလိုက်တဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့ အဆိုတော်ပိုပို
အဆိုတော်ပိုပိုက သူမရဲ့ပရိသတ်တွေအပေါ်ကို အမြဲပွင့်ပွင့်လင်းလင်းနဲ့ လုပ်သမျှအားလုံးကို ချပြပြောပြတတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမဖန်တီးလိုက်တဲ့ အရာမှန်သမျှကို ပရိသတ်တွေအတွက် အကောင်းဆုံးပေးသလို၊ ဂီတအနုပညာမောင်နှမအချင်းချင်းလည်း အစအနောက်သန်ပြီး နောက်နောက်ပြောင်ပြောင်နဲ့ နေတတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
ဒီနေ့ဂျာနယ်တစ်စောင်မှာ သူမရဲ့သတင်းတစ်ခုကြောင့် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို သူမရဲ့ “ဝတ်ရည်မိုး” အမည်ရှိတဲ့ ဖေ့ဘုတ်အကောင့်မှာ အခုလို ရေးသားရင်ဖွင့်ထားတာဖြစ်ပါတယ်။ “ကျွန်မ တစ်ချိူ့ Journalist တွေနဲ့ခင်တော့ မောင်နှမတွေလို အမြဲနောက်ပြောင် ပြောလေ့ရှိပါတယ်။Journalist တွေကလည်း ကျွန်မနောက်ပြောင်ပြောတာတွေ ရှောင်ပြီး အကောင်းဆုံးရေးသား Interview ထည့်ပေးပါတယ်။ တချို့ Journalist တွေကတော့ အိမ်ထောင်ဘယ်တော့ပြုမလဲမေးရင်း ကျွန်မနောက်ပြောင်ပြောလိုက်တာကို အတည်ရေးသားထည့်ပေးပါတယ်။ အဲဒါမြင်ပြီး ကျွန်မတော်တော် ဆွံအသွားပါတယ်။ စိတ်အနှောင့်ယှက် တော်တော်ဖြစ်မိပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်” လို့ ရေးသားထားတာကို တွေ့ရတာဖြစ်ပါတယ်။
Photo Credit: ဝတ် ရည် မိုး Facebook
www.akhayar.com