[Zawgyi]

ရီးယဲလ္လုိအသင္းမွာ ကစားခြင့္ရဖုိ႔က ကစားသမားတိုင္းရဲ႕အိပ္မက္လုိ႔ ၀န္ခံခဲ့တဲ့ ဟာဇက္ Hazard

ခ်ယ္လ္ဆီးအသငး္ရဲ႕ ဘယ္လ္ဂ်ီယံနာမည္ေက်ာ္ေတာင္ပံကစားသမား ဟာဇက္ Hazard က ရီးယဲလ္လုိအသင္းမ်ိဳးမွာ ကစားခြင့္ရဖုိ႔က ကစားသမားတိုင္းရဲ႕ အိပ္မက္လုိ႔ဆုိခဲ့တာေၾကာင့္ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္တဲ့ သတင္းေတြ ပုိမုိထြက္ေပၚလာခဲ့ပါၿပီ။ ရီးယဲလ္အသင္းဟာ ဟာဇက္ကုိ ေခၚယူဖုိ႔ အရင္ကတည္းက ပစ္မွတ္ထားခဲ့ၿပီး အခုအခ်ိန္မွာ ဟာဇက္ရဲ႕၀န္ခံေျပာဆုိမႈေၾကာင့္ ရီးယဲလ္နဲ႔ဟာဇက္တို႔ရဲ႕ ေကာလာဟလေတြကုိ မီးစာျမႇင့္ေပးလုိက္သလုိပါပဲ။ ရီးယဲလ္အသင္းဟာ သူတို႔ရဲ႕အဓိက ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ အခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း လက္လႊတ္ဆုံး႐ႈံးရဖုိ႔ မ်ားေနတာေၾကာင့္ အစားထုိးဖုိ႔ ကစားသမားေတြကုိ လ်ာထားၿပီး ဟာဇက္က ထိပ္ဆုံးဦးစားေပးျဖစ္ပါတယ္။

ဟာဇက္က”ဇီဒန္း Zidane မရွိေတာ့လုိ႔ ရီးယဲလ္အသင္းနဲ႔ပတ္သက္တဲ့ ကၽြန္ေတာ့္ရဲဲ႕အိပ္မက္ေတြက ေလ်ာ႔ မက်သြားပါဘူး။ ဇီဒန္းဟာ ထူးခၽြန္တဲ့သူတစ္ဦးဆုိတာ အမွန္ပါပဲ။ ဒါေပမဲ့ ရီးယဲလ္ဆုိတာက ကစားသမားတိုင္း ကစားလုိတဲ့အသင္းတစ္သင္းပါ။ အခုအခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းမွာ ကစားရတာ အဆင္ေျပေနဆဲျဖစ္ၿပီး ဒီအသင္းမွာ ဆက္ကစားရင္လည္း ကၽြန္ေတာ့္အတြက္ ျပႆနာမရွိပါဘူး။ ေလာေလာဆယ္ေတာ့ ကမၻာ႔ဖလားၿပိဳင္ပဲြကုိပဲ အာ႐ုံစုိက္ထားၿပီး ကၽြန္ေတာ့္ကုိ ကမ္းလွမ္းထားတာ မရွိေသးပါဘူး”လုိ႔ ေျပာခဲ့ပါတယ္။

REF:Goal.com
Photo:tribune.net
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်လိုအသင်းမှာ ကစားခွင့်ရဖို့က ကစားသမားတိုင်းရဲ့အိပ်မက်လို့ ဝန်ခံခဲ့တဲ့ ဟာဇက် Hazard

ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံနာမည်ကျော်တောင်ပံကစားသမား ဟာဇက် Hazard က ရီးယဲလ်လိုအသင်းမျိုးမှာ ကစားခွင့်ရဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်လို့ဆိုခဲ့တာကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေ ပိုမိုထွက်ပေါ်လာခဲ့ပါပြီ။ ရီးယဲလ်အသင်းဟာ ဟာဇက်ကို ခေါ်ယူဖို့ အရင်ကတည်းက ပစ်မှတ်ထားခဲ့ပြီး အခုအချိန်မှာ ဟာဇက်ရဲ့ဝန်ခံပြောဆိုမှုကြောင့် ရီးယဲလ်နဲ့ဟာဇက်တို့ရဲ့ ကောလာဟလတွေကို မီးစာမြှင့်ပေးလိုက်သလိုပါပဲ။ ရီးယဲလ်အသင်းဟာ သူတို့ရဲ့အဓိက ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ကို အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း လက်လွှတ်ဆုံးရှုံးရဖို့ များနေတာကြောင့် အစားထိုးဖို့ ကစားသမားတွေကို လျာထားပြီး ဟာဇက်က ထိပ်ဆုံးဦးစားပေးဖြစ်ပါတယ်။

ဟာဇက်က”ဇီဒန်း Zidane မရှိတော့လို့ ရီးယဲလ်အသင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေက လျော့ မကျသွားပါဘူး။ ဇီဒန်းဟာ ထူးချွန်တဲ့သူတစ်ဦးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ရီးယဲလ်ဆိုတာက ကစားသမားတိုင်း ကစားလိုတဲ့အသင်းတစ်သင်းပါ။ အခုအချိန်မှာ ချယ်လ်ဆီးအသင်းမှာ ကစားရတာ အဆင်ပြေနေဆဲဖြစ်ပြီး ဒီအသင်းမှာ ဆက်ကစားရင်လည်း ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ လောလောဆယ်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပဲ အာရုံစိုက်ထားပြီး ကျွန်တော့်ကို ကမ်းလှမ်းထားတာ မရှိသေးပါဘူး”လို့ ပြောခဲ့ပါတယ်။

REF:Goal.com
Photo:tribune.net
Naing Linn(Akhayar)
www.akhayar.com