[Zawgyi]





Min Than Htike (Akhayar)

www.akhayar.com


[Unicode]

PUBG Game ကို Mobile အတွက် Tencent မှစတင်ဖြန့်ချီ

Fortnite လိုမျိုး Mobile ကိုရောက်လာတဲ့ PC Game တစ်ခုကတော့ PlayerUnknown’s Battlegrounds (PUBG) ပဲဖြစ်ပါတယ်။ PUBG Mobile Version ကိုတော့ Tencent ကပြန်လည်ဖန်တီးပေးထားတာဖြစ်ပါတယ်။

Tencent ကတော့ PC Version နဲ့တစ်ထပ်တည်းအတူတူရေးထားတာဖြစ်တယ်လို့ဆိုပါတယ်။ PUBG ဆော့နေတဲ့ Fan တွေအတွက်တော့ သတင်းကောင်းလို့ဆိုရမှာပါ။ Fortnite ကတော့ Beta Tester တွေကိုပဲလောလောဆယ်လက်ခံနေသေးတာကြောင့် PUBG ကပိုမြန်တယ်လို့ဆိုရမှာပါ။ Fortnite ကလည်း PUBG လိုမျိုးကိုပဲ အခြေခံပြီး ရေးဆွဲထားတဲ့ Game ဖြစ်တာကြောင့် Battle Ground တစ်ခုမှာဆော့ရတဲ့အရသာကိုပဲရရှိမှာဖြစ်ပါတယ်။ Graphic Setting တွေကိုလည်း သင့်ဖုန်းနဲ့ အဆင်ပြေအောင်ပြောင်းလို့ရတာကြောင့် ဆော့ရတာအဆင်ပြေမှာပါ။

PUBG Mobile ကိုတော့ လောလောဆယ် iOS Device ဆိုရင် US Apple ID နဲ့ Download လုပ်နိုင်မှာဖြစ်ပါတယ်။ iPhone 6 နဲ့နောက်ပိုင်းတွေမှာ iOS 9 နဲ့အထက်တင်ထားရင်အဆင်ပြေပြေဆော့နိုင်ပါတယ်။ Android ဆိုရင်တော့ VPN တစ်ခုခုနဲ့ US ကိုရအောင်လုပ်ပြီးရင် Google Play မှာ Download ဆွဲလို့ရပါတယ်။ Android Version 4.3 နှင့်အထက်ရှိတဲ့ Android ဖုန်းမှာဆော့လို့ရပါတယ်။ Storage အနေနဲ့တော့ 1GB ဝန်းကျင်လိုအပ်မှာဖြစ်ပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။