[Zawgyi]
ဆီးဒေါ့ဖ် Clarence Seedorf
Clarence-Seedorf
Clarence-Seedorf
Hernan-Crespo-
Hernan-Crespo-
Zlatan-Ibrahimovic
Zlatan-Ibrahimovic
Mario-Balotelli
Mario-Balotelli
Patrick Vieira
Edgar Davids
Ronaldo
Taribo West
Andrea Pirlo
Christian Vieri
Clarence Seedorf
Hernan Crespo
Zlatan Ibrahimovic
Mario Balotelli
Sulley Muntari
REF:.dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com
[Unicode]
မီလန်မြို့ခံ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော် ကစားသမားများ (၂)
အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမား အပိုင်း(၁)ကို ဖော်ပြခဲ့အပြီးမှာတော့ အပိုင်း(၂)ကို ဆက်လက်ဖော်ပြလိုက်ပါတယ် . .
ဆီးဒေ့ါဖ် Clarence Seedorf
Clarence-Seedorf
Clarence-Seedorf
အင်တာမီလန်ကနေ အေစီမီလန်ကို တိုက်ရိုက်ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားထဲမှာ ဆီးဒေါ့ဖ်လည်း အပါအဝင်ဖြစ်ပါတယ်။ ကစားသမားကောင်း တော်တော်များများကို အေစီမီလန်အသင်းဆီ လက်လွှတ်ခဲ့ရတဲ့ အင်တာမီလန်အသင်းအတွက် နောက်ထပ် ဆုံးရှုံးမှုတစ်ခုလို့ ဆိုရမှာပါ။ ဆီးဒေ့ါဖ်ဟာ အေစီမီလန်အသင်းမှာ ၂၀၀၂ ကနေ ၂၀၁၂ ခုနှစ်အထိ (၁၀)နှစ်ကြာကစားခဲ့ပြီး ချန်ပီယံလိဂ်(၂)ကြိမ်၊ စီးရီးအေ(၂)ကြိမ်အပါအဝင် ဆုဖလား(၁၀)ခုအထိ ရရှိခဲ့တယ်။
ခရက်စပို Hernan Crespo
Hernan-Crespo-
Hernan-Crespo-
အင်တာမီလန်အသင်းဟာ ရော်နယ်လ်ဒိုရဲ့ နေရာကို အစားထိုးဖို့ ၂၀၀၂ ခုနှစ်မှာ ခရက်စပိုကို ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ ခရက်စပိုဟာ အင်တာမီလန်မှာ မအောင်မြင်ခဲ့ပါဘူး။ ၂၀၀၄-၀၅ ရာသီမှာ အေစီမီလန်အသင်းဆီ အငှားနဲ့ ရောက်ရှိခဲ့ပေမယ့်လည်း ခြေစွမ်းမပြနိုင်ခဲ့လို့ တစ်ရာသီသာ ကြာမြင့်ခဲ့တယ်။ မီလန်မြို့ခံနှစ်သင်းမှာ ခရက်စပို ကံမကောင်းခဲ့ဘူးလို့ ဆိုရမယ်။
အီဘရာဟီမိုဗစ် Zlatan Ibrahimovic
Zlatan-Ibrahimovic
Zlatan-Ibrahimovic
အင်တာမီလန်နဲ့ အေစီမီလန်နှစ်သင်းစလုံးအတွက် အောင်မြင်မှုရယူနိုင်ခဲ့တဲ့ ကစားတစ်ဦးကတော့ အီဘရာဟီမိုဗစ်ပါပဲ။ အင်တာမီလန်အသင်းမှာ ၂၀၀၆-၂၀၀၉ အထိ ကစားခဲ့ပြီး စီးရီးအေ(၃)ကြိမ်ဆက် ရယူခဲ့သလို အေစီမီလန်အသင်းအတွက်လည်း ကာလရှည်ဝေးကွာနေတဲ့ စီးရီးအေဆုဖလားကို ၂၀၁၀-၁၁ ရာသီမှာ ဆွတ်ခူးပေးနိုင်ခဲ့တယ်။
ဘာလိုတယ်လီ Mario Balotelli
Mario-Balotelli
Mario-Balotelli
ခြေစွမ်းခြေစရှိပေမယ့် အကျင့်စရိုက်ဆိုးတွေကြောင့် ဘာလိုတယ်လီဟာ ထင်သလောက် မအောင်မြင်ခဲ့ဘူး။ အင်တာမီလန်အသင်းနဲ့ ၂၀၀၉-၁၀ ရာသီမှာ သမိုင်းဝင် ဖလား(၃)ခုရရှိခဲ့ပေမယ့် အေစီမီလန်အသင်းမှာတော့ ရုန်းကန်ခဲ့ရတယ်။ အေစီမီလန်အသင်းမှာ ၂၀၁၃-၁၄၊ ၂၀၁၅-၁၆ (အငှား)နဲ့ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုတော့ မရှိခဲ့ပါဘူး။
အင်တာမီလန်နဲ့ အေစီမီလန်မှာကစားခဲ့တဲ့ နာမည်ကျော်ကစားသမားများ
Patrick Vieira
Edgar Davids
Ronaldo
Taribo West
Andrea Pirlo
Christian Vieri
Clarence Seedorf
Hernan Crespo
Zlatan Ibrahimovic
Mario Balotelli
Sulley Muntari
REF:.dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com