[Zawgyi]

ရီးယဲလ္နဲ႔ လမ္းခဲြခဲ့ၿပီးေနာက္ပုိင္း ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈနဲ႔ ေ၀းကြာခဲ့တ့ဲ ကစားသမားေတြ

ခ်န္ပီယံလိဂ္ဖလားကုိ ကုိင္ေျမႇာက္ခြင့္ ရလုိပါသလား၊ ရီးယဲလ္အသင္းမွာပဲ ကစားလုိက္ပါ။ ဘာျဖစ္လုိ႔ ဒီစကားဆုိရလဲဆုိေတာ့ ရီးယဲလ္အသင္းရဲ႕ အဓိက ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo က ရီးယဲလ္ကုိ ေရာက္ၿပီးမွ ခ်န္ပီယံလိဂ္ဖလား(၄)ႀကိမ္ ရယူခဲ့တာေၾကာင့္ ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ရရွိခဲ့တဲ့ အႀကိမ္က (၅)ႀကိမ္အထိရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ Era မွာ အႀကိမ္အမ်ားဆုံးရခဲ့သူအျဖစ္ ရပ္တည္ႏုိင္ခဲ့ၿပီ။ ဒါ့အျပင္ မုိဒရစ္ Modric၊ ရာမုိ႔စ္ Ramos ၊ မာဆယ္လုိ Marcelo စတဲ့ကစားသမားေတြဆုိရင္လည္း ခ်န္ပီယံ လိဂ္ဖလားကုိ (၄)ႀကိမ္ေျမာက္ ကုိင္ေျမႇာက္ႏုိင္ခဲ့ဖူးတဲ့သူေတြအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ေနာက္ခံလူ ဗာရန္း Varane ဆုိရင္ အသက္(၂၅)ႏွစ္သာရွိေသးေပမယ့္ ခ်န္ပီယံလိဂ္ဖလား(၄)ႀကိမ္ရ ကစားသမားဆုိတဲ့ မွတ္တမ္းက တကယ့္ နာမည္ႀကီးေဘာလုံးသမားတခ်ိဳ႕ေတာင္ မရခဲ့ပါဘူး။

ေငြေၾကးအရပဲျဖစ္ျဖစ္၊ ပုံမွန္ပဲြထြက္ခြင့္ရဖုိ႔ပဲျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရီးယဲလ္ကေန ထြက္ခြာခဲ့တဲ့ ကစားသမားေတြဟာ ရီးယဲလ္မွာသာ ဆက္ကစားေနမယ္ဆုိရင္ ခ်န္ပီယံလိဂ္ဖလားေတြ ဆက္လက္ကုိင္ေျမႇာက္ခြင့္ ရမယ့္အေနအထားပါ။

Higuain

Higuain

ဥပမာဆုိရင္ ဟီဂြါအင္ Higuain ပါ။ ၂၀၀၇ ကေန ၂၀၁၃ ခုႏွစ္အထိ ကစားခဲ့ၿပီး ပုံမွန္ကစားခြင့္မရတာေၾကာင့္ အသင္းနဲ႔လမ္းခဲြခဲ့တယ္။ ဂ်ဴဗင္တပ္စ္အသင္းမွာ ဂုိးေတြ သြင္းယူေနေပမယ့္ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈနဲ႔ အလွမ္းေ၀းေနဆဲ။ သူ႔ရဲ႕ ဂ်ဴဗင္တပ္စ္အသင္း ခ်န္ပီယံလိဂ္မွာ အျမင့္ဆုံးေရာက္ခဲ့ဖူး တာက ၂၀၁၄-၁၅ ရာသီတုန္းက ဗုိလ္လုပဲြတက္ခဲ့တာပဲျဖစ္တယ္။

Ozil

Ozil

ေနာက္တစ္ဦးက အုိေဇးလ္ Ozil။ အုိေဇးလ္ဟာ ေငြမ်ားမ်ားရဖုိ႔နဲ႔ သူ႔ရဲ႕အရည္အခ်င္းကုိ ျပသႏုိင္ဖုိ႔အတြက္ ၂၀၁၃ ခုႏွစ္မွာ လန္ဒန္ေျမကုိ ေျခခ်ခဲ့တယ္။ ဒါေပမဲ့ ေအာင္ျမင္မႈကေတာ့ ပရိသတ္ေတြ သိတဲ့အတိုင္းပါပဲ။ အုိေဇးလ္ ထြက္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္မွာ ရီးယဲလ္အသင္းက ခ်န္ပီယံလိဂ္ဖလားရခဲ့တာေၾကာင့္ အုိေဇးလ္အေနနဲ႔ ခ်န္ပီယံလိဂ္ဖ လား ကုိင္ေျမႇာက္ခြင့္ ဆုံး႐ႈံးခဲ့ရတယ္။

ဂ်ိမ္း႐ုိဒရီဂြက္ဇ္ James Rodriguez နဲ႔ မုိရာတာ Morata တို႔ရဲ႕အေျခအေနကေတာ့ တျခားသူေတြနဲ႔ နည္းနည္းကြဲျပားပါတယ္။ သူတို႔ႏွစ္ဦးဟာ ရီးယဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးခဲ့ေပမယ့္ အဓိက ကစားသမားအျဖစ္ ပါ၀င္ခြင့္မရခဲ့ပါဘူး။ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ဟာ အသင္းအတြက္ အေရးပါတဲ့ကစားသမား တစ္ဦးအျဖစ္ ပါ၀င္ခြင့္ရဖုိ႔ ဘုိင္ယန္ျမဴးနစ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ မရခဲ့ပါဘူး။

Morata

Morata

မုိရာတာက ပုိဆုိးပါတယ္။ ခ်ယ္လ္ဆီးအသင္းကုိ ေျပာင္းေရႊ႕ခဲ့ခ်ိန္မွာ ႐ုန္းကန္ခဲ့ရတဲ့အျပင္ ေ၀ဖန္မႈ ေတြနဲ႔ပါ ရင္ဆုိင္ခဲ့ၿပီး အခုဆုိရင္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ စပိန္အသင္းလူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရ တဲ့အထိ ဆုိးရြားခဲ့တာပါပဲ။ သူတို႔လုိပဲ အာဂ်င္တီးနား ေတာင္ပံကစားသမား ဒီမာရီယာ Di Maria ဆုိရင္လည္း အသင္းနဲ႔ လမ္းခဲြၿပီး မန္ယူ၊ PSG အသင္းတို႔ကုိ ေျပာင္းေရႊ႕ခဲ့ေပမယ့္ အခုအခ်ိန္အထိ ႐ုန္းကန္ေနရဆဲပါ။

REF:Marca
Photo: Marca,Goal.com,tribuna.com,Offthepost.info
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်နဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ ဝေးကွာခဲ့တဲ့ ကစားသမားတွေ

ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရလိုပါသလား၊ ရီးယဲလ်အသင်းမှာပဲ ကစားလိုက်ပါ။ ဘာဖြစ်လို့ ဒီစကားဆိုရလဲဆိုတော့ ရီးယဲလ်အသင်းရဲ့ အဓိက ကစားသမား စီရော်နယ်လ်ဒို C.Ronaldo က ရီးယဲလ်ကို ရောက်ပြီးမှ ချန်ပီယံလိဂ်ဖလား(၄)ကြိမ် ရယူခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ရရှိခဲ့တဲ့ အကြိမ်က (၅)ကြိမ်အထိရှိခဲ့ပြီး ချန်ပီယံလိဂ် Era မှာ အကြိမ်အများဆုံးရခဲ့သူအဖြစ် ရပ်တည်နိုင်ခဲ့ပြီ။ ဒါ့အပြင် မိုဒရစ် Modric၊ ရာမို့စ် Ramos ၊ မာဆယ်လို Marcelo စတဲ့ကစားသမားတွေဆိုရင်လည်း ချန်ပီယံ လိဂ်ဖလားကို (၄)ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ဖူးတဲ့သူတွေအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ နောက်ခံလူ ဗာရန်း Varane ဆိုရင် အသက်(၂၅)နှစ်သာရှိသေးပေမယ့် ချန်ပီယံလိဂ်ဖလား(၄)ကြိမ်ရ ကစားသမားဆိုတဲ့ မှတ်တမ်းက တကယ့် နာမည်ကြီးဘောလုံးသမားတချို့တောင် မရခဲ့ပါဘူး။

ငွေကြေးအရပဲဖြစ်ဖြစ်၊ ပုံမှန်ပွဲထွက်ခွင့်ရဖို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ရီးယဲလ်ကနေ ထွက်ခွာခဲ့တဲ့ ကစားသမားတွေဟာ ရီးယဲလ်မှာသာ ဆက်ကစားနေမယ်ဆိုရင် ချန်ပီယံလိဂ်ဖလားတွေ ဆက်လက်ကိုင်မြှောက်ခွင့် ရမယ့်အနေအထားပါ။

Higuain

Higuain

ဥပမာဆိုရင် ဟီဂွါအင် Higuain ပါ။ ၂၀၀၇ ကနေ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ပြီး ပုံမှန်ကစားခွင့်မရတာကြောင့် အသင်းနဲ့လမ်းခွဲခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းမှာ ဂိုးတွေ သွင်းယူနေပေမယ့် ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ အလှမ်းဝေးနေဆဲ။ သူ့ရဲ့ ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်မှာ အမြင့်ဆုံးရောက်ခဲ့ဖူး တာက ၂၀၁၄-၁၅ ရာသီတုန်းက ဗိုလ်လုပွဲတက်ခဲ့တာပဲဖြစ်တယ်။

Ozil

Ozil

နောက်တစ်ဦးက အိုဇေးလ် Ozil။ အိုဇေးလ်ဟာ ငွေများများရဖို့နဲ့ သူ့ရဲ့အရည်အချင်းကို ပြသနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်မှာ လန်ဒန်မြေကို ခြေချခဲ့တယ်။ ဒါပေမဲ့ အောင်မြင်မှုကတော့ ပရိသတ်တွေ သိတဲ့အတိုင်းပါပဲ။ အိုဇေးလ် ထွက်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်အသင်းက ချန်ပီယံလိဂ်ဖလားရခဲ့တာကြောင့် အိုဇေးလ်အနေနဲ့ ချန်ပီယံလိဂ်ဖ လား ကိုင်မြှောက်ခွင့် ဆုံးရှုံးခဲ့ရတယ်။

ဂျိမ်းရိုဒရီဂွက်ဇ် James Rodriguez နဲ့ မိုရာတာ Morata တို့ရဲ့အခြေအနေကတော့ တခြားသူတွေနဲ့ နည်းနည်းကွဲပြားပါတယ်။ သူတို့နှစ်ဦးဟာ ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပေမယ့် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ပါဘူး။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အသင်းအတွက် အရေးပါတဲ့ကစားသမား တစ်ဦးအဖြစ် ပါဝင်ခွင့်ရဖို့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် ချန်ပီယံလိဂ်အောင်မြင်မှု မရခဲ့ပါဘူး။

Morata

Morata

မိုရာတာက ပိုဆိုးပါတယ်။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာ ရုန်းကန်ခဲ့ရတဲ့အပြင် ဝေဖန်မှု တွေနဲ့ပါ ရင်ဆိုင်ခဲ့ပြီး အခုဆိုရင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရ တဲ့အထိ ဆိုးရွားခဲ့တာပါပဲ။ သူတို့လိုပဲ အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာ Di Maria ဆိုရင်လည်း အသင်းနဲ့ လမ်းခွဲပြီး မန်ယူ၊ PSG အသင်းတို့ကို ပြောင်းရွှေ့ခဲ့ပေမယ့် အခုအချိန်အထိ ရုန်းကန်နေရဆဲပါ။

REF:Marca
Photo: Marca,Goal.com,tribuna.com,Offthepost.info
Naing Linn(Akhayar)
www.akhayar.com