ဥရောပဘောလုံးလောကမှာ ချန်ပီယံလိဂ်ဆိုတာက ဂုဏ်သိက္ခာ ကြီးမားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ချန်ပီယံဆုဖလားအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းပါတယ်။ ၂၀၀၄ ခုနှစ်မှာ ကော်ကောင် ပေါ်တိုအသင်း ဗိုလ်စွဲခဲ့ဖူးတာကလွဲလို့ ကျန်တဲ့အကြိမ်အများစုမှာ ထိပ်သီးကလပ်တွေပဲ ချန်ပီယံဖြစ်ခဲ့တာများတယ်။ ချန်ပီယံလိဂ်ဖလားဟာ ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုဖလားတစ်ခုဖြစ်တာကြောင့် ဒီဖလားကို ကိုင်မြှောက်ခွင့်ရဖို့ဆိုတာကလည်း ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ပါ။

Buffon

Buffon

ဒီဆုကို အကြိမ်ကြိမ် ဆွတ်ခူးခဲ့နိုင်ခဲ့တဲ့သူရှိသလို တစ်ခါမှ မထိတွေ့လိုက်ရဘဲနဲ့ ဘောလုံးသမားဘ၀ အဆုံးသတ်သွားတဲ့ ဂန္ထ၀င်တွေလည်း အများကြီးပါပဲ။ ဥပမာ ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒို Ronaldo ၊ နစ္စတယ်ရွိုင်း Nistelrooy စတဲ့ ကစားသမားတွေပေါ့။ ချန်ပီယံလိဂ်ဖလားကို ကလပ်အသင်း(၂)သင်းနဲ့အထက် ရယူနိုင်ခဲ့သူဆိုတာကလည်း လက်ချိုးရေလို့ရပြီး အဲဒီကစားသမားတွေက ဘယ်သူတွေလဲဆိုတာ ဖော်ပြလိုက်ရပါတယ် . . . .

Clarence Seedorf (Ajax 1,Real Madrid 1,AC Milan 2)

Clarence-Seedorf

Clarence-Seedorf

အေဂျက်စ်၊ ရီးယဲလ်၊ အေစီမီလန်အသင်းတို့နဲ့အတူ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်ရယူခဲ့တဲ့ ဒတ်ခ်ျဂန္ထ၀င် ဆီးဒေါ့ဖ် Clarence Seedorf ရဲ့ အောင်မြင်မှုကို လိုက်မီမယ့် ကစားသမားတစ်ဦး ထပ်ပေါ်လာဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဆီးဒေါ့ဖ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ကလပ်အသင်း(၃)သင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်နေဆဲပါ။

Samuel Eto’o (Barcelona 2,Inter Milan 1)

Samuel-Eto’o

Samuel-Eto’o

အာဖရိကထွက် ဘောလုံးထုတ်ကုန်ထဲမှာ အောင်မြင်မှုအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ့ခေတ်သူ့အခါတုန်းက အကောင်းဆုံးတိုက်စစ်မှူးစာရင်းဝင် ဖြစ်ခဲ့သူပါပဲ။ ပိုပြီး ထူးခြားတာက အီတူး Samuel Eto’o ဟာ ဘာစီလိုနာ၊ အင်တာမီလန်အသင်းတို့နဲ့အတူ သမိုင်းဝင်အောင်မြင်မှုတွေ ရယူခဲ့တာဖြစ်ပြီး ၂၀၀၈-၀၉ ရာသီက ဘာစီလိုနာနဲ့ ဖလား(၃)လုံး၊ ၂၀၀၉-၁၀ ရာသီမှာ အင်တာမီလန်နဲ့ ဖလား(၃)လုံး ရယူနိုင်ခဲ့ပါတယ်။

Marcel Desailly (Marseille 1, Milan 1)

Marcel-Desailly

Marcel-Desailly

ပြင်သစ်အသင်းရဲ့ ဂန္ထ၀င်နောက်ခံလူတစ်ဦးဖြစ်တဲ့ မာဆယ်ဒယ်ဆာယီ Marcel Desailly ဟာ ကလပ်အသင်းကစားသမားဘ၀မှာလည်း ထင်ရှားတဲ့ အောင်မြင်မှုတွေ ရယူခဲ့သူဖြစ်ပါတယ်။ ကျောက်စိုက်ကျောက်ခဲကြီးလို ပြိုင်ဘက်တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့သူ ဒယ်ဆာယီဟာ ၁၉၉၂-၉၃ ရာသီတုန်းက မာဆေးလ်အသင်း ပထမဆုံး ချန်ပီယံလိဂ်ဖလားရရှိခဲ့စဉ်က အသင်းအတွက် အဓိကနေရာကနေ ပါဝင်ခဲ့ပြီး နောက်တစ်ရာသီမှာလည်း အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါသေးတယ်။

Cristiano Ronaldo (Manchester United 1 ,Real Madrid 4)

Cristiano-Ronaldo

Cristiano-Ronaldo

ကလပ်အသင်းကစားသမားဘ၀မှာ စီရော်နယ်လ်ဒို Cristiano Ronaldo မရဖူးတဲ့ ဆုဖလားဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သူ တင်ထားတဲ့ စံချိန်တွေက မနည်းမနောပါပဲ။ ချန်ပီယံလိဂ်ခေတ်မှာ ချန်ပီယံဆုကို (၃)ကြိမ်ဆက် ရယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး နောက်ထပ်တစ်ကြိမ်သာ ရယူခဲ့မယ်ဆိုရင် ရီးယဲလ်ဂန္ထ၀င် ယန်တို Gento ရဲ့ ချန်ပီယံလိဂ်အကြိမ်အရေအတွက်ကို အမီလိုက်နိုင်တော့မှာဖြစ်ပါတယ်။ တကယ်လို့ စီရော်နယ်လ်ဒိုအနေနဲ့ ဒီရာသီမှာသာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရမယ်ဆိုရင် ဆီးဒေါ့ဖ်ရဲ့ မှတ်တမ်းကို လိုက်မီနိုင်မှာပါ။

Toni Kroos (Bayern Munich 1, Real Madrid 3)

Toni-Kroos

Toni-Kroos

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးကွင်းလယ်တွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ တိုနီကရူးစ် Toni Kroos ဟာ ကလပ်အသင်းမှာရော နိုင်ငံအသင်းနဲ့ပါ အဓိက ဆုဖလားတွေ အများကြီး ရယူခဲ့ပြီးပါပြီ။ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် (၁)ကြိမ်၊ ရီးယဲလ်အသင်းနဲ့ (၃)ကြိမ်ရယူခဲ့တဲ့ တိုနီကရူးစ်ဟာ ချန်ပီယံလိဂ်ဖလားကို မတူညီတဲ့ ကလပ်အသင်း(၂)ခုနဲ့ ရယူခဲ့တဲ့ ပထမဆုံးဂျာမနီကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူလည်းဖြစ်ပါတယ်။

REF:sportskeeda
Photo:Goal,Twitter,talkSPORT,Stadium Astro,Pinterest
Naing Linn(Akhayar)
www.akhayar.com