[Zawgyi]

အားကစားေလာကကို လႈပ္ခတ္ေစခဲ့တဲ့ ကစားသမား အေျပာင္းအေရႊ႕မ်ား

အီတလီေျမေပၚမွာ ကစားသမားဘဝသစ္တစ္ခု စတင္ဖို႔ ဆံုးျဖတ္ခဲ့ၿပီး စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕လာခဲ့တဲ့ စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ သတင္းက ေဘာလံုးေလာကတင္မဟုတ္ဘဲ အားကစားေလာကႀကီး တစ္ခုလံုးကို လႈပ္ခတ္ေစခဲ့တယ္။ ကမၻာ႔အေကာင္းဆံုး တိုက္စစ္မွဴးတစ္ဦးပီပီ စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆိုင္ဖို႔ နယ္ပယ္သစ္တစ္ခုကို စီေရာ္နယ္လ္ဒို C.Ronaldo ရွာေဖြခဲ့တာျဖစ္တယ္။ အသက္ (၃၃)ႏွစ္အရြယ္မွာ စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆိုင္ဖို႔ ဆံုးျဖတ္ခဲ့တဲ့ စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ ဆံုးျဖတ္ခ်က္က ရာႏႈန္းျပည့္ မွန္ကန္ပါ့မလားဆိုၿပီး ေမးခြန္းထုတ္ခံရမႈေတြ ရွိေနခဲ့တယ္။ စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ အေျပာင္းအေရႊ႕သတင္းက အားကစားေလာကကို လႈပ္ခတ္ေစခဲ့တယ္။ ဒါေပမယ့္ စီေရာ္နယ္လ္ဒို C.Ronaldo မတိုင္ခင္ အားကစားေလာကကို လႈပ္ခတ္ေစခဲ့တဲ့ အေျပာင္းအေရႊ႕ျဖစ္ရပ္ေပါင္းမ်ားစြာ ရွိခဲ့တယ္။

The-records-Ronaldo-can-break-at-Juventus-1

အားကစားေလာကကို လႈပ္ခတ္ေစခဲ့တဲ့ ကစားသမားအေျပာင္းအေရႊ႕မ်ား

ဘာဘီရုတ္ Babe Ruth (ေဘ့စ္ေဘာ)
Boston Red Sox အသင္းမွာ ကစားခဲ့ၿပီး ကမၻာ႔အေကာင္းဆံုး စာရင္းဝင္ခဲ့တဲ့ Babe Ruth ဟာ (၁၉၁၉)ခုႏွစ္မွာ အသင္းကို (၂၉)ပြဲဆက္ အိမ္ကြင္းႏိုင္ပြဲဆက္စံခ်ိန္ ရရွိေအာင္ အဓိကေနရာကေန စြမ္းေဆာင္ေပးခဲ့တယ္။ (၁၉၁၉) ေဘ့စ္ေဘာရာသီအၿပီးမွာပဲ Boston Red Sox အသင္းပိုင္ရွင္ Harry Frazee က အသင္းရဲ႕ အဓိကကစားသမား Babe Ruth ကို New York Yankees အသင္းကို ေရာင္းခ်ခဲ့တယ္။ အသင္းသစ္မွာ Babe Ruth ရဲ႕ စြမ္းေဆာင္ရည္ေတြက ပိုမိုေကာင္းမြန္လာခဲ့ၿပီး တစ္ရာသီအတြင္း (135 RBIs)အထိ ရရွိေအာင္ စြမ္းေဆာင္ခဲ့တယ္။ Babe Ruth ဟာ New York Yankees အသင္းနဲ႔အတူ ကမၻာ႔ခ်န္ပီယံဆု (၄)ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့ၿပီး ကစားသမားဘဝက အနားယူသြားခ်ိန္မွာ ေဘ့စ္ေဘာသမိုင္းရဲ႕ ခၽြင္းခ်က္မရွိ အေကာင္းဆံုး ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရတယ္။ ထိပ္တန္းကစားသမား Babe Ruth ကို ေရာင္းခ်ခဲ့တဲ့ Boston Red Sox အသင္းရဲ႕ လုပ္ရပ္က အားကစားေလာကႀကီးတစ္ခုလံုးကို လႈပ္ခတ္ေစခဲ့တယ္။

လူးဝစ္ဖီဂို Luis Figo (ေဘာလံုး)
ရီးယဲလ္အသင္း ၾကယ္စင္စုအဖြဲ႔အစည္းကို တည္ေဆာက္ခဲ့တဲ့ ကာလျဖစ္တဲ့ (၂၀၀၀)ခုႏွစ္မွာ အယ္လ္ကလက္စီကိုၿပိဳင္ဘက္ ဘာစီလိုနာအသင္းကေန ေပၚတူဂီၾကယ္ပြင့္ကစားသမား ဖီဂို Figo ေခၚယူႏိုင္ခဲ့တယ္။ ယူရို (၆၂)သန္းနဲ႔ ဖီဂို Figo ကို ရီးယဲလ္အသင္း ေခၚယူခဲ့တဲ့ သတင္းက အားကစားေလာကတစ္ခုလံုးကို လႈပ္ခတ္ေစခဲ့ပါတယ္။

LeBron-James

LeBron-James

လီဘရြန္ဂ်ိမ္းစ္ Lebron James (ဘတ္စကတ္ေဘာ)
Cleveland Cavaliers အသင္းကို NBA ၿပိဳင္ပြဲမွာ ခ်န္ပီယံဆု ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ရုပ္သံအစီအစဥ္တစ္ခုနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ Miami Heat အသင္းကို ေျပာင္းေရႊ႕ေတာ့မယ့္အေၾကာင္း ဂ်ိမ္းစ္ James ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒီသတင္းထြက္ေပၚလာတဲ့အခ်ိန္မွာ ကမၻာတစ္ဝွမ္းလံုးမွာရွိတဲ့ အားကစားေလာကကို အႀကီးအက်ယ္လႈပ္ခတ္ေစခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ဘက္ခမ္း David Beckham (ေဘာလံုး)
ကမၻာ႔ေဘာလံုးသမိုင္းမွာ ေမဂ်ာလိဂ္ၿပိဳင္ပြဲကို ပထမဆံုးေျပာင္းေရႊ႕ကစားခဲ့တဲ့ ထိပ္တန္းကစားသမားတစ္ဦးျဖစ္ၿပီး LA Galaxy အသင္းကို (၂၀၀၇)ခုႏွစ္မွာ ေျပာင္းေရႊ႕ခဲ့တဲ့ ဘက္ခမ္း Beckham ရဲ႕ သတင္းကလည္း အားကစားေလာကကို လႈပ္ခတ္ေစခဲ့တယ္။

အဗၺဒူလ္ဂ်က္ဘ္ဘား Abdul-Jabbar (ဘတ္စကတ္ေဘာ)
Milwaukee Bucks အသင္းနဲ႔အတူ ကစားသမားဘဝစတင္ခဲ့တဲ့ ပထမဆံုး (၆)ရာသီမွာတင္ MVP ဆုကို (၃)ႀကိမ္အထိ ရယူႏိုင္ခဲ့တဲ့ အဗၺဒူလ္ဂ်က္ဘ္ဘား Abdul-Jabbar ကို ၁၉၇၅ ခုႏွစ္မွာ LA Lakers အသင္းကို ေရာင္းခ်ခဲ့တဲ့ ျဖစ္ရပ္ေၾကာင့္ အားကစားေလာကတစ္ခုလံုး အုတ္ေအာ္ေသာင္းနင္းျဖစ္ခဲ့ပါတယ္။

ေနမာ Neymar (ေဘာလံုး)
ေဘာလံုးေလာကရဲ႕ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္အျဖစ္ မွတ္တမ္းဝင္ထားတဲ့ ေနမာ Neymar ကို ျပင္သစ္လီဂူးကလပ္ PSG အသင္းက ယူရို (၂၂၂)သန္းအထိ အသံုးျပဳၿပီး ဘာစီလိုနာအသင္းကေန ေခၚယူခဲ့တဲ့ ျဖစ္ရပ္ကလည္း အားကစားေလာကတစ္ခုလံုးကို အံ့အားသင့္ေစခဲ့တယ္။

မန္းနင္း Manning (American Football)
(၂၀၁၁)ခုႏွစ္မွာ လည္ပင္းခြဲစိတ္ကုသမႈခံယူခဲ့ရလို႔ တစ္ရာသီလံုး အနားယူခဲ့ရတဲ့ မန္းနင္း Manning ကို The Colts အသင္းက (၂၀၁၂)ခုႏွစ္မွာ အသင္းကေန ထုတ္ပယ္ခဲ့ပါတယ္။ အသင္းလက္မဲ့ျဖစ္ေနတဲ့ မန္းနင္း Manning ကို The Denver Broncos အသင္းက ေခၚယူခဲ့ၿပီး American Football ေလာကရဲ႕ အေကာင္းဆံုးကစားသမားတစ္ဦးျဖစ္ခဲ့ပါတယ္။

Maradona

Maradona

မာရာဒိုနာ Maradona (ေဘာလံုး)
ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ မာရာဒိုနာ Maradona ကို ဒဏ္ရာျပႆနာေတြေၾကာင့္ ဘာစီလိုနာအသင္းက နာပိုလီအသင္းကို ျပန္လည္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ နာပိုလီအသင္းကို ေရာင္းခ်ခဲ့ခ်ိန္မွာ ေပါင္ (၆.၉)သန္းသာရရွိခဲ့ၿပီး ကမၻာ႔အေကာင္းဆံုးကစားသမားတစ္ဦးကို ေစ်းေပါေပါနဲ႔ လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

REF:Goal.com
Photo:Mirror, Clutchpoints, These Football Times
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အားကစားလောကကို လှုပ်ခတ်စေခဲ့တဲ့ ကစားသမား အပြောင်းအရွှေ့များ

အီတလီမြေပေါ်မှာ ကစားသမားဘဝသစ်တစ်ခု စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာခဲ့တဲ့ စီရော်နယ်လ်ဒို C.Ronaldo ရဲ့ သတင်းက ဘောလုံးလောကတင်မဟုတ်ဘဲ အားကစားလောကကြီး တစ်ခုလုံးကို လှုပ်ခတ်စေခဲ့တယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးပီပီ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ နယ်ပယ်သစ်တစ်ခုကို စီရော်နယ်လ်ဒို C.Ronaldo ရှာဖွေခဲ့တာဖြစ်တယ်။ အသက် (၃၃)နှစ်အရွယ်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ စီရော်နယ်လ်ဒို C.Ronaldo ရဲ့ ဆုံးဖြတ်ချက်က ရာနှုန်းပြည့် မှန်ကန်ပါ့မလားဆိုပြီး မေးခွန်းထုတ်ခံရမှုတွေ ရှိနေခဲ့တယ်။ စီရော်နယ်လ်ဒို C.Ronaldo ရဲ့ အပြောင်းအရွှေ့သတင်းက အားကစားလောကကို လှုပ်ခတ်စေခဲ့တယ်။ ဒါပေမယ့် စီရော်နယ်လ်ဒို C.Ronaldo မတိုင်ခင် အားကစားလောကကို လှုပ်ခတ်စေခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်ရပ်ပေါင်းများစွာ ရှိခဲ့တယ်။

The-records-Ronaldo-can-break-at-Juventus-1

အားကစားလောကကို လှုပ်ခတ်စေခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့များ

ဘာဘီရုတ် Babe Ruth (ဘေ့စ်ဘော)
Boston Red Sox အသင်းမှာ ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ခဲ့တဲ့ Babe Ruth ဟာ (၁၉၁၉)ခုနှစ်မှာ အသင်းကို (၂၉)ပွဲဆက် အိမ်ကွင်းနိုင်ပွဲဆက်စံချိန် ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တယ်။ (၁၉၁၉) ဘေ့စ်ဘောရာသီအပြီးမှာပဲ Boston Red Sox အသင်းပိုင်ရှင် Harry Frazee က အသင်းရဲ့ အဓိကကစားသမား Babe Ruth ကို New York Yankees အသင်းကို ရောင်းချခဲ့တယ်။ အသင်းသစ်မှာ Babe Ruth ရဲ့ စွမ်းဆောင်ရည်တွေက ပိုမိုကောင်းမွန်လာခဲ့ပြီး တစ်ရာသီအတွင်း (135 RBIs)အထိ ရရှိအောင် စွမ်းဆောင်ခဲ့တယ်။ Babe Ruth ဟာ New York Yankees အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဆု (၄)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမားဘဝက အနားယူသွားချိန်မှာ ဘေ့စ်ဘောသမိုင်းရဲ့ ချွင်းချက်မရှိ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ထိပ်တန်းကစားသမား Babe Ruth ကို ရောင်းချခဲ့တဲ့ Boston Red Sox အသင်းရဲ့ လုပ်ရပ်က အားကစားလောကကြီးတစ်ခုလုံးကို လှုပ်ခတ်စေခဲ့တယ်။

လူးဝစ်ဖီဂို Luis Figo (ဘောလုံး)
ရီးယဲလ်အသင်း ကြယ်စင်စုအဖွဲ့အစည်းကို တည်ဆောက်ခဲ့တဲ့ ကာလဖြစ်တဲ့ (၂၀၀၀)ခုနှစ်မှာ အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာအသင်းကနေ ပေါ်တူဂီကြယ်ပွင့်ကစားသမား ဖီဂို Figo ခေါ်ယူနိုင်ခဲ့တယ်။ ယူရို (၆၂)သန်းနဲ့ ဖီဂို Figo ကို ရီးယဲလ်အသင်း ခေါ်ယူခဲ့တဲ့ သတင်းက အားကစားလောကတစ်ခုလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။

LeBron-James

LeBron-James

လီဘရွန်ဂျိမ်းစ် Lebron James (ဘတ်စကတ်ဘော)
Cleveland Cavaliers အသင်းကို NBA ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ရုပ်သံအစီအစဉ်တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ Miami Heat အသင်းကို ပြောင်းရွှေ့တော့မယ့်အကြောင်း ဂျိမ်းစ် James ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီသတင်းထွက်ပေါ်လာတဲ့အချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အားကစားလောကကို အကြီးအကျယ်လှုပ်ခတ်စေခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း David Beckham (ဘောလုံး)
ကမ္ဘာ့ဘောလုံးသမိုင်းမှာ မေဂျာလိဂ်ပြိုင်ပွဲကို ပထမဆုံးပြောင်းရွှေ့ကစားခဲ့တဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး LA Galaxy အသင်းကို (၂၀၀၇)ခုနှစ်မှာ ပြောင်းရွှေ့ခဲ့တဲ့ ဘက်ခမ်း Beckham ရဲ့ သတင်းကလည်း အားကစားလောကကို လှုပ်ခတ်စေခဲ့တယ်။

အဗ္ဗဒူလ်ဂျက်ဘ်ဘား Abdul-Jabbar (ဘတ်စကတ်ဘော)
Milwaukee Bucks အသင်းနဲ့အတူ ကစားသမားဘဝစတင်ခဲ့တဲ့ ပထမဆုံး (၆)ရာသီမှာတင် MVP ဆုကို (၃)ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ အဗ္ဗဒူလ်ဂျက်ဘ်ဘား Abdul-Jabbar ကို ၁၉၇၅ ခုနှစ်မှာ LA Lakers အသင်းကို ရောင်းချခဲ့တဲ့ ဖြစ်ရပ်ကြောင့် အားကစားလောကတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။

နေမာ Neymar (ဘောလုံး)
ဘောလုံးလောကရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် မှတ်တမ်းဝင်ထားတဲ့ နေမာ Neymar ကို ပြင်သစ်လီဂူးကလပ် PSG အသင်းက ယူရို (၂၂၂)သန်းအထိ အသုံးပြုပြီး ဘာစီလိုနာအသင်းကနေ ခေါ်ယူခဲ့တဲ့ ဖြစ်ရပ်ကလည်း အားကစားလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့တယ်။

မန်းနင်း Manning (American Football)
(၂၀၁၁)ခုနှစ်မှာ လည်ပင်းခွဲစိတ်ကုသမှုခံယူခဲ့ရလို့ တစ်ရာသီလုံး အနားယူခဲ့ရတဲ့ မန်းနင်း Manning ကို The Colts အသင်းက (၂၀၁၂)ခုနှစ်မှာ အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ အသင်းလက်မဲ့ဖြစ်နေတဲ့ မန်းနင်း Manning ကို The Denver Broncos အသင်းက ခေါ်ယူခဲ့ပြီး American Football လောကရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

Maradona

Maradona

မာရာဒိုနာ Maradona (ဘောလုံး)
ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ မာရာဒိုနာ Maradona ကို ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာအသင်းက နာပိုလီအသင်းကို ပြန်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းကို ရောင်းချခဲ့ချိန်မှာ ပေါင် (၆.၉)သန်းသာရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကို ဈေးပေါပေါနဲ့ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

REF:Goal.com
Photo:Mirror, Clutchpoints, These Football Times
Aung Kyaw Wai (Akhayar)
www.akhayar.com