ဘောလုံးရာသီတစ်ခုပြီးဆုံးတိုင်း အမြဲလိုလိုမြင်တွေ့ရတာကတော့ နာမည်ကျော်ကစားသမားတွေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာကြတာပါပဲ။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒီအခြေအနေကို တော်တော်များများမြင်နေရပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတဲ့ နာမည်ကျော်ကစားသမားတွေရှိနေပါတယ်။ အခု ဒီ Article မှာတော့ ဒီကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Herrera

ကွင်းလယ်လူ ဟာရဲရား Herrera ဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့က သေချာသွားခဲ့ပါပြီ။ ဟာရဲရား ဟာ မန်ယူပရိသတ်တွေအကြိုက်ကစားသမား တစ်ဦးဖြစ်တာကြောင့် သူနဲ့ မန်ယူအသင်းတို့ရဲ့ လမ်းခွဲက မန်ယူပရိသတ်တွေ လွမ်းဆွတ်စရာဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဟာရဲရား ဟာ ပြင်သစ်ထိပ်သီး PSG အသင်းကို ပြောင်းရွှေ့ဖို့ရှိနေတာကြောင့် ပြင်သစ်မြေမှာ အောင်မြင်မှုတွေရဦးမှာကတော့ အသေအချာပါပဲ။

Godin

အက်သလက်တီကိုအသင်းခေါင်းဆောင် ဂိုဒင် Godin ကတော့ ရာသီကုန်မှာ (၉)နှစ်ကြာ ကစားခဲ့တဲ့ အက်သလက်တီကိုအသင်းကို စွန့်ခွာတော့မှာဖြစ်ပါတယ်။ ဂိုဒင် ဟာ အက်သလက်တီကိုအသင်းအတွက် အသင်းခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့ပြီး အကောင်းဆုံးလည်း ပေးဆပ်ကစားခဲ့တာကြောင့် အသင်းနဲ့အတူ အမှတ်တရကောင်းတွေရှိနေမှာသေချာပါတယ်။ လာမယ့်ရာသီမှာတော့ ဂိုဒင် ကို စီးရီးအေကလပ် အင်တာမီလန်အသင်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Cahill

ချယ်လ်ဆီးအသင်းရဲ့ ခံစစ်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပြခဲ့တဲ့ ဂယ်ရီကာဟေးလ် Cahill ဟာလည်း ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ လာမယ့်ရာသီမှာတော့ ဂယ်ရီကာဟေးလ် ကို ဘယ်အသင်းသစ်မှာ မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဂယ်ရီကာဟေးလ် ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ကတော့ တောက်ပခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့ ရာသီတိုင်းလိုလို ဆုဖလားအောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Welbeck

ဝဲလ်ဘတ် Welbeck ကတော့ ဒဏ်ရာပြဿနာကြောင့် အာဆင်နယ်အသင်းကို စွန့်ခွာခဲ့ရတယ်လို့ ပြောရမှာပါ။ ၀ဲလ်ဘတ် ရဲ့ အာဆင်နယ်ကစားသမားဘ၀ အချိန်အများစုက ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရတာကတော့ သူ့အတွက် စိတ်မကောင်းစရာပါပဲ။ လာမယ့်ရာသီမှာတော့ ၀ဲလ်ဘတ် ကိုလည်း အသင်းသစ်တစ်သင်းမှာ မြင်တွေ့ရတော့မှာဖြစ်ပြီး ဒီအသင်းက ဘယ်အသင်းဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ ကစားသမားတွေကို လာမယ့်ရာသီ အသင်းသစ်မှာ မြင်တွေ့ရဖို့က သေချာနေပြီး နောက်ထပ်နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ရာဘီယူ Rabiot ၊ ကွန်ပနီ Kompany ၊ မီလ်နာ Milner ၊ မာတာ Mata နဲ့ စတာရစ်ခ်ျ Sturridge တို့ဟာလည်း ရာသီကုန်မှာ သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကြမှာဖြစ်တာကြောင့် လာမယ့်ရာသီ အသင်းသစ်မှာ မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Daily Mail
Photo: Yahoo Sport UK , Libertad Digital TV , Evening Standard , The Samford Crimson
Ko Kyue(Akhayar)
www.akhayar.com