
Computer

[Zawgyi]


ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကို တက်ရောက်ကြမယ့် ကျောင်းသူကျောင်းသားတွေအနေနဲ့ကွန်ပျူတာ(၃၀) နဲ့အတူ Wifi Free သုံးစွဲခွင့် ကာလအတန်ကြာပိတ်ထားတဲ့ ကွန်ပျူတာခန်းကို ပြန်လည်ဖွင့်လှစ်ပေးတော့မှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာ ၄ ရက်ကစလို့ သုံးစွဲနိုင်တော့မှာဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ကျောင်းသားသမဂ္ဂထံကနေ သိရပါတယ်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကို ပထမနှစ်တက်ရောက်မယ့် ကျောင်းသူ၊ ကျောင်းသားအရေအတွက်က တစ်ထောင့်သုံးရာကျော်ခန့်ရှိပြီး စုစုပေါင်းနှစ်အလိုက် ကျောင်းသား/သူအရေအတွက်က လေးထောင်ကျော်ခန့်ရှိတာမို့ ကျောင်းသားအရေအတွက်နဲ့ ကွန်ပျူတာအရေအတွက် မမျှမတဖြစ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) မှာ ဒီကွန်ပျူတာခန်းရှိနေတာကို ကျောင်သားကျောင်းသူ အနည်းစုလောက်သာ သိရှိခဲ့ကြတာဖြစ်ပြီး အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ (၇) လလာက် ပိတ်ထားတာဖြစ်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းသားသမဂ္ဂက ကိုဥက္ကာက ဆိုပါတယ်။ “ပါမောက္ခချုပ်ကတော့ သုံးစွဲခွင့်ပြုထားပါတယ်”ဆိုပြီး ကိုဥက္ကာက ဆက်လက်ပြောကြားပါတယ်။ ကျောင်းသူကျောင်းသားတွေကို ကွန်ပျူတာသုံးစွဲခွင့် နဲ့ Wifi Free အပြင် e-Library ကိုပါတစ်ပြိုင်ထဲ သုံးစွဲခွင့်ပေးသွားမှာဖြစ်ပါတယ်။

ကွန်ပျူတာခန်းပိတ်ထားတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ e-Library အတွက် သင်တန်းပေးပြီးမှ ဖွင့်ပေးမှာဖြစ်ပြီး e-Library သင်တန်းချိန်က သုံးနာရီခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ စီးပွားရေးတက္ကသိုလ်သုံးခုရှိပြီး လှိုင်နယ်မြေ၊ ကမာရွတ်နယ်မြေနဲ့ ရွာသာကြီး တို့မှာဖြစ်ပါတယ်။

www.akhayar.com


[Unicode]

ကျောင်းသူ/သားများအတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)မှာ ကွန်ပြူတာ ၃ဝ ထားရှိမယ်

ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကို တက်ရောက်ကြမယ့် ကျောင်းသူကျောင်းသားတွေအနေနဲ့ကွန်ပျူတာ(၃၀) နဲ့အတူ Wifi Free သုံးစွဲခွင့် ကာလအတန်ကြာပိတ်ထားတဲ့ ကွန်ပျူတာခန်းကို ပြန်လည်ဖွင့်လှစ်ပေးတော့မှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာ ၄ ရက်ကစလို့ သုံးစွဲနိုင်တော့မှာဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ကျောင်းသားသမဂ္ဂထံကနေ သိရပါတယ်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကို ပထမနှစ်တက်ရောက်မယ့် ကျောင်းသူ၊ ကျောင်းသားအရေအတွက်က တစ်ထောင့်သုံးရာကျော်ခန့်ရှိပြီး စုစုပေါင်းနှစ်အလိုက် ကျောင်းသား/သူအရေအတွက်က လေးထောင်ကျော်ခန့်ရှိတာမို့ ကျောင်းသားအရေအတွက်နဲ့ ကွန်ပျူတာအရေအတွက် မမျှမတဖြစ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) မှာ ဒီကွန်ပျူတာခန်းရှိနေတာကို ကျောင်သားကျောင်းသူ အနည်းစုလောက်သာ သိရှိခဲ့ကြတာဖြစ်ပြီး အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ (၇) လလာက် ပိတ်ထားတာဖြစ်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းသားသမဂ္ဂက ကိုဥက္ကာက ဆိုပါတယ်။ “ပါမောက္ခချုပ်ကတော့ သုံးစွဲခွင့်ပြုထားပါတယ်”ဆိုပြီး ကိုဥက္ကာက ဆက်လက်ပြောကြားပါတယ်။ ကျောင်းသူကျောင်းသားတွေကို ကွန်ပျူတာသုံးစွဲခွင့် နဲ့ Wifi Free အပြင် e-Library ကိုပါတစ်ပြိုင်ထဲ သုံးစွဲခွင့်ပေးသွားမှာဖြစ်ပါတယ်။

ကွန်ပျူတာခန်းပိတ်ထားတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ e-Library အတွက် သင်တန်းပေးပြီးမှ ဖွင့်ပေးမှာဖြစ်ပြီး e-Library သင်တန်းချိန်က သုံးနာရီခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ စီးပွားရေးတက္ကသိုလ်သုံးခုရှိပြီး လှိုင်နယ်မြေ၊ ကမာရွတ်နယ်မြေနဲ့ ရွာသာကြီး တို့မှာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။