[Zawgyi]

စပါးနဲ႔ ခ်ယ္လ္ဆီးတို႔ အေဝးကြင္းမွာ ရုန္းကန္ရႏိုင္တဲ့ ပရီးမီးယားလိဂ္အဖြင့္

ပရီးမီးယားလိဂ္ပြဲစဥ္ေတြကေတာ့ စတင္ဖြင့္လွစ္လိုက္ပါၿပီ။ ဒီေန႔မွာလည္း ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးအသင္းေတြျဖစ္တဲ့ စပါးအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ အေဝးကြင္းပြဲစဥ္မွာ ရုန္းကန္ရဖို႔ရွိေနခဲ့ပါတယ္။

နယူးကာဆယ္ – စပါး (စေနည ၆း၀၀ နာရီ)
အင္အားျဖည့္တင္းမႈေတြ မျပဳလုပ္တဲ့ အက်ိဳးဆက္ကို စပါးအသင္း ခံစားရမလားဆိုတာ ေစာင့္ၾကည့္ရမယ့္ ပြဲပါပဲ။ အင္အားျဖည့္တင္းမႈ မလုပ္ခဲ့ေပမယ့္ စပါးအသင္းရဲ႕ ရွိရင္းစြဲ အင္အားစုက ေတာင့္တင္းဆဲပါ၊ ထိပ္တန္းအဆင့္မွာ ရွိေနဆဲပါပဲ။ ဘင္နီတက္ဇ္ရဲ႕ နယူးကာဆယ္အသင္းကလည္း အထင္ႀကီးေလာက္စရာ ေခၚယူမႈေတြ မျပဳလုပ္ခဲ့ေပမယ့္ လိုအပ္တဲ့ေနရာတခ်ိဳ႕ကို ျဖည့္တင္းမႈေတြေတာ့ ျပဳလုပ္ႏိုင္ခဲ့တယ္။ စိန္႔ဂ်ိမ္းပါ့ခ္မွာ အသင္းႀကီးေတြကို ခံကစားႏိုင္တဲ့ အစြမ္းက ငွက္က်ားေတြမွာ ရွိတယ္။ သေရက်ဖို႔မ်ားၿပီး အႏိုင္အတြက္ဆိုရင္ေတာ့ စပါးကိုပဲေရြးခ်ယ္ရလိမ့္မယ္။

New-Castle-Vs-Tottenham

New-Castle-Vs-Tottenham

ဘုန္းေမာက္ – ကာဒစ္ဖ္ (စေနည ၈း၃၀ နာရီ)
တန္းတက္အသင္းေတြထဲမွာ အားအနည္းဆံုးအသင္းက ကာဒစ္ဖ္ပါပဲ။ ကစားသမားအင္အားကလည္း ေတာင့္တင္းမႈ မရွိတဲ့အျပင္ အထင္ႀကီးေလာက္စရာ အင္အားျဖည့္တင္းမႈေတြကို မလုပ္ႏိုင္ခဲ့ဘူး။ ဘုန္းေမာက္ကေတာ့ ကလပ္စံခ်ိန္တင္ ေခၚယူမႈနဲ႔အတူ အင္အားျဖည့္တင္းႏိုင္ခဲ့တယ္။ လာမာလို ကစားသမားကို ေခၚယူႏိုင္မႈနဲ႔အတူ ေတာင့္တင္းေစခဲ့တယ္။ ဘုန္းေမာက္ႏိုင္မယ္ ဂိုးေတာင္ျပတ္ႏိုင္တယ္။

ဖူလ္ဟမ္ – ခရစၥတယ္ပဲေလ့စ္ (စေနည ၈း၃၀ နာရီ)
ဖူလ္ဟမ္ဆိုတာ ပရီးမီးယားလိဂ္နဲ႔ မစိမ္းတဲ့အသင္း။ အင္အားျဖည့္တင္းမႈေတြကလည္း အထင္ႀကီးေလာက္စရာပါ။ ဥေရာပထိပ္တန္းအသင္းေတြက ကစားသမားေတြကိုပါ ေခၚယူႏိုင္ခဲ့တယ္။ ဒီေလာက္နဲ႔တင္ တန္းတက္အသင္းတစ္သင္းကို ေလ်ာ႔တြက္လိို႔မရေတာ့ဘူး။ ပဲေလ့စ္ကေတာ့ သိပ္အားရစရာမရွိေသးဘူး။ လန္ဒန္ဒါဘီပြဲစဥ္ တစ္ပြဲလည္းျဖစ္လို႔ ၿပိဳင္ဆိုင္မႈျပင္းထန္ႏိုင္တယ္။ အျပန္အလွန္ သြင္းဂိုးေတြလည္း ျမင္ေတြ႔ရဖို႔မ်ားတယ္။ ဖူလ္ဟမ္ (၂-၁)ဂိုးေလာက္နဲ႔ အႏိုင္ရဖို႔မ်ားတယ္။

ဟတ္ဒါဖီးလ္ – ခ်ယ္လ္ဆီး (စေနည ၈း၃၀ နာရီ)
ခ်ယ္လ္ဆီးနည္းျပ ဆာရီ အစမ္းသပ္ခံရမယ့္ ပြဲပါ။ ကီပါ၊ ေယာ္ဂ်င္ဟိုတို႔လို ကစားသမားေတြရဲ႕ အစြမ္းကို လူေဟာင္းေတြထက္ အားကိုးရင္ ခ်ယ္လ္ဆီး ရလဒ္ေကာင္းဖို႔ မလြယ္ဘူး။ ဟတ္ဒါဖီးလ္ကလည္း အားရစရာ သိပ္မရွိေပမယ့္ ရာသီအဖြင့္ အိမ္ကြင္းပြဲမွာ သေရတစ္မွတ္ကို ေမွ်ာ္လင့္မွာပဲ။ ဒီပြဲမွာ သေရရလဒ္ထြက္ခဲ့ရင္ အံ့အားသင့္စရာ သိပ္မရွိပါဘူး။ ခ်ယ္လ္ဆီး ႏိုင္ရင္ေတာင္ ဂိုးျပတ္ဖို႔မရွိဘူး။

Hudderfields-Vs-Chelsea

Hudderfields-Vs-Chelsea

ဝက္ဖို႔ဒ္ – ဘရိုက္တန္ (စေနည ၈း၃၀ နာရီ)
ရစ္ခ်ာလီဆန္မရွိေတာ့တဲ့ ဝက္ဖို႔ဒ္က ရွိရင္းစြဲထက္ အားေလ်ာ႔သြားဖို႔ရွိတယ္။ ဘရိုက္တန္ကေတာ့ မႏွစ္က မာေက်ာတဲ့ ပံုစံကို ဆက္ထိန္းထားဆဲပဲ။ ဘရိုက္တန္ႏိုင္ဖို႔မ်ားေပမယ့္ ဂိုးအမ်ားဘက္ သြားဖို႔ေတာ့မရွိဘူး။

ဝုုလ္ဗ္ – အဲဗာတန္ (စေနည ၁၁း၀၀ နာရီ)
စေနေန႔ရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆံုး ပြဲပါပဲ။ (၂)သင္းစလံုး အင္အားျဖည့္တင္းမႈေတြ မ်ားစြာနဲ႔အတူ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနတယ္။ နည္းျပသစ္ ကစားသမားသစ္ေတြနဲ႔ ပြဲထြက္လာဖို႔ရွိတဲ့ အဲဗာတန္ထက္ ေပၚတူဂီသားေတြ အားကိုးနဲ႔ အိမ္ကြင္းမွာ ႀကိဳးပမ္းလာမယ့္ တန္းတက္ ဝုလ္ဗ္ကို ပိုသေဘာက်တယ္။ ဝုလ္ဗ္ကို သေဘာက်ေပမယ့္ သေရရလဒ္ကသာ (၂)သင္းစလံုးအတြက္ အေကာင္းဆံုး ရလဒ္ျဖစ္မယ္။ အျပန္အလွန္ သြင္းဂိုးေတြနဲ႔ သေရက်ဖို႔မ်ားတယ္။

Photo:Vietnamnet, The Sun, The National
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

စပါးနဲ့ ချယ်လ်ဆီးတို့ အဝေးကွင်းမှာ ရုန်းကန်ရနိုင်တဲ့ ပရီးမီးယားလိဂ်အဖွင့်

ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဒီနေ့မှာလည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ အဝေးကွင်းပွဲစဉ်မှာ ရုန်းကန်ရဖို့ရှိနေခဲ့ပါတယ်။

နယူးကာဆယ် – စပါး (စနေည ၆း၀၀ နာရီ)
အင်အားဖြည့်တင်းမှုတွေ မပြုလုပ်တဲ့ အကျိုးဆက်ကို စပါးအသင်း ခံစားရမလားဆိုတာ စောင့်ကြည့်ရမယ့် ပွဲပါပဲ။ အင်အားဖြည့်တင်းမှု မလုပ်ခဲ့ပေမယ့် စပါးအသင်းရဲ့ ရှိရင်းစွဲ အင်အားစုက တောင့်တင်းဆဲပါ၊ ထိပ်တန်းအဆင့်မှာ ရှိနေဆဲပါပဲ။ ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်းကလည်း အထင်ကြီးလောက်စရာ ခေါ်ယူမှုတွေ မပြုလုပ်ခဲ့ပေမယ့် လိုအပ်တဲ့နေရာတချို့ကို ဖြည့်တင်းမှုတွေတော့ ပြုလုပ်နိုင်ခဲ့တယ်။ စိန့်ဂျိမ်းပါ့ခ်မှာ အသင်းကြီးတွေကို ခံကစားနိုင်တဲ့ အစွမ်းက ငှက်ကျားတွေမှာ ရှိတယ်။ သရေကျဖို့များပြီး အနိုင်အတွက်ဆိုရင်တော့ စပါးကိုပဲရွေးချယ်ရလိမ့်မယ်။

New-Castle-Vs-Tottenham

New-Castle-Vs-Tottenham

ဘုန်းမောက် – ကာဒစ်ဖ် (စနေည ၈း၃၀ နာရီ)
တန်းတက်အသင်းတွေထဲမှာ အားအနည်းဆုံးအသင်းက ကာဒစ်ဖ်ပါပဲ။ ကစားသမားအင်အားကလည်း တောင့်တင်းမှု မရှိတဲ့အပြင် အထင်ကြီးလောက်စရာ အင်အားဖြည့်တင်းမှုတွေကို မလုပ်နိုင်ခဲ့ဘူး။ ဘုန်းမောက်ကတော့ ကလပ်စံချိန်တင် ခေါ်ယူမှုနဲ့အတူ အင်အားဖြည့်တင်းနိုင်ခဲ့တယ်။ လာမာလို ကစားသမားကို ခေါ်ယူနိုင်မှုနဲ့အတူ တောင့်တင်းစေခဲ့တယ်။ ဘုန်းမောက်နိုင်မယ် ဂိုးတောင်ပြတ်နိုင်တယ်။

ဖူလ်ဟမ် – ခရစ္စတယ်ပဲလေ့စ် (စနေည ၈း၃၀ နာရီ)
ဖူလ်ဟမ်ဆိုတာ ပရီးမီးယားလိဂ်နဲ့ မစိမ်းတဲ့အသင်း။ အင်အားဖြည့်တင်းမှုတွေကလည်း အထင်ကြီးလောက်စရာပါ။ ဥရောပထိပ်တန်းအသင်းတွေက ကစားသမားတွေကိုပါ ခေါ်ယူနိုင်ခဲ့တယ်။ ဒီလောက်နဲ့တင် တန်းတက်အသင်းတစ်သင်းကို လျော့တွက်လို့မရတော့ဘူး။ ပဲလေ့စ်ကတော့ သိပ်အားရစရာမရှိသေးဘူး။ လန်ဒန်ဒါဘီပွဲစဉ် တစ်ပွဲလည်းဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်နိုင်တယ်။ အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရဖို့များတယ်။ ဖူလ်ဟမ် (၂-၁)ဂိုးလောက်နဲ့ အနိုင်ရဖို့များတယ်။

ဟတ်ဒါဖီးလ် – ချယ်လ်ဆီး (စနေည ၈း၃၀ နာရီ)
ချယ်လ်ဆီးနည်းပြ ဆာရီ အစမ်းသပ်ခံရမယ့် ပွဲပါ။ ကီပါ၊ ယော်ဂျင်ဟိုတို့လို ကစားသမားတွေရဲ့ အစွမ်းကို လူဟောင်းတွေထက် အားကိုးရင် ချယ်လ်ဆီး ရလဒ်ကောင်းဖို့ မလွယ်ဘူး။ ဟတ်ဒါဖီးလ်ကလည်း အားရစရာ သိပ်မရှိပေမယ့် ရာသီအဖွင့် အိမ်ကွင်းပွဲမှာ သရေတစ်မှတ်ကို မျှော်လင့်မှာပဲ။ ဒီပွဲမှာ သရေရလဒ်ထွက်ခဲ့ရင် အံ့အားသင့်စရာ သိပ်မရှိပါဘူး။ ချယ်လ်ဆီး နိုင်ရင်တောင် ဂိုးပြတ်ဖို့မရှိဘူး။

Hudderfields-Vs-Chelsea

Hudderfields-Vs-Chelsea

ဝက်ဖို့ဒ် – ဘရိုက်တန် (စနေည ၈း၃၀ နာရီ)
ရစ်ချာလီဆန်မရှိတော့တဲ့ ဝက်ဖို့ဒ်က ရှိရင်းစွဲထက် အားလျော့သွားဖို့ရှိတယ်။ ဘရိုက်တန်ကတော့ မနှစ်က မာကျောတဲ့ ပုံစံကို ဆက်ထိန်းထားဆဲပဲ။ ဘရိုက်တန်နိုင်ဖို့များပေမယ့် ဂိုးအများဘက် သွားဖို့တော့မရှိဘူး။

ဝုလ်ဗ် – အဲဗာတန် (စနေည ၁၁း၀၀ နာရီ)
စနေနေ့ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲပါပဲ။ (၂)သင်းစလုံး အင်အားဖြည့်တင်းမှုတွေ များစွာနဲ့အတူ စောင့်ကြည့်ချင်စရာ ကောင်းနေတယ်။ နည်းပြသစ် ကစားသမားသစ်တွေနဲ့ ပွဲထွက်လာဖို့ရှိတဲ့ အဲဗာတန်ထက် ပေါ်တူဂီသားတွေ အားကိုးနဲ့ အိမ်ကွင်းမှာ ကြိုးပမ်းလာမယ့် တန်းတက် ဝုလ်ဗ်ကို ပိုသဘောကျတယ်။ ဝုလ်ဗ်ကို သဘောကျပေမယ့် သရေရလဒ်ကသာ (၂)သင်းစလုံးအတွက် အကောင်းဆုံး ရလဒ်ဖြစ်မယ်။ အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျဖို့များတယ်။

Photo:Vietnamnet, The Sun, The National
Aung Kyaw Wai (Akhayar)
www.akhayar.com