[Zawgyi]



Pjanic

Pjanic


Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ယာနစ် Pjanic

ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ယာနစ် Pjanic ဟာအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ယာနစ် Pjanic ဟာ(၅)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရအသင်းမှာ ၂၀၂၃ အထိဆက်ရှိသွားမှာဖြစ်ပါတယ်။

Pjanic

Pjanic

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ယာနစ် Pjanic ဟာ ဂျူဗင်တပ်စ်အသင်းကို ရိုးမားအသင်းကနေ ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းမှာခြေစွမ်းပြကစားနေသူပဲဖြစ်ပါတယ်။ လက်ရှိ ဂျူဗင်တပ်စ်အသင်းရဲ့လူစာရင်းဟာတောင့်တင်းခိုင်မာနေပြီး အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ယာနစ် Pjanic ကိုလည်း သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာကြောင့် အားရစရာအခြေအနေတွေလို့ ဆိုရမှာပါ။ ယာနစ် Pjanic ဟာ ဂျူဗင်တပ်စ်အသင်းအတွက် လက်ရှိအချိန်ထိပွဲပေါင်း(၉၂)ပွဲကစားထားပြီး (၁၅)ဂိုးသွင်းယူထားသလို အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုနဲ့ ကိုပါအီတာလီယာဖလား ချန်ပီယံဆုတွေကို(၂)ကြိမ်စီရရှိထားပါတယ်။

Ref: BBC Sport
Photo: Juventus.com ,  Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com