Google က အမြဲတမ်း Pixel စမတ်ဖုန်းတွေအတွက်ပဲ တကယ့် Feature အလန်းစားတွေကို Exclusive အနေနဲ့ပဲ ထုတ်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး Pixel စမတ်ဖုန်းတွေပဲ ရရှိနေတဲ့ Feature တွေထဲမှာဆိုရင် Night Sight ၊ Always Listening ၊ Call Screening နဲ့ နောက်ပိုင်းရရှိလာတော့မယ့် Android Q ရဲ့ Live Caption နဲ့ Next Generation Google Assistant လည်း ပါဝင်တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ကြည့်ရတာတော့ Google က နောက်ထပ် Pixel ဖုန်းတွေအတွက် Android Q မှာ Exclusive Feature အသစ်တစ်ခုကို မိတ်ဆက်လာဖို့ရှိနေပြန်ပါတယ်။ ဒါကတော့ ထူးထူးခြားခြား ယာဉ်မတော်တဆမှုတွေကို Google Pixel ဖုန်းရှိရုံနဲ့ အလိုအလျောက်သိနိုင်မယ့် Feature တစ်ခုပဲဖြစ်ပါတယ်။

ဒီ Feature ကိုတော့ XDA Developers ကနေ Android Q Beta 3 မှာ ပါဝင်တဲ့ Safetly Hub App မှာ တွေ့ရှိခဲ့တာဖြစ်ပြီးတော့ “Automatically Launch An Alert Activity When The Device Detects You Are In A Car Crash” လို့ ရေးသားထားတဲ့ Function တစ်ခုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ထူးဆန်းတာတစ်ခုက ဒီ Function က Pixel ဖုန်းတွေမှာပဲ ရရှိတာဖြစ်ပြီးတော့ တခြားသော စမတ်ဖုန်းတွေမှာတော့ပါဝင်မှာမဟုတ်ပါဘူး။

ဒီလိုမျိုး Pixel ဖုန်းမှာ ယာဉ်မတော်တဆမှုတွေကို သိရှိနိုင်မယ်ဆိုတာက တော်တော်လေးကို ထူးဆန်းနေပြီးတော့ ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဖြစ်နိုင်တာက Pixel ဖုန်းတွေက GPS Data ၊ ဖုန်းမှာပါဝင်တဲ့ Accelerometer ကနေ ရုတ်တရက် ကားရပ်တန့်မိတာတွေကို သိရှီနိုင်ပြီးတော့ ဒီ Data တွေအကုန်လုံးကို Google ရဲ့ AI Machine Learning စနစ်ကို အသုံးပြုလာမှာပါ။ ပြီးတဲ့အချိန်မှာတော့ Google Assistant ကိုယ်တိုင်ကနေ သက်ဆိုင်ရာ အရေးပေါ်ဌာန (သို့) Emergency Contact တွေကို ဖုန်းခေါ်ဆိုပေးသွားနိုင်မှာပါ။

အခုလိုမျိုး Pixel စမတ်ဖုန်းတွေမှာ ယာဉ်မတော်တဆမှုတွေကို သိရှိလာနိုင်တယ်ဆိုတာက Pixel ဖုန်းတွေရဲ့ AI ပိုင်းဆိုင်ရာစွမ်းဆောင်ရည်က မတရားမြင့်မားလာပြီလို့တောင် ပြောလို့ရမှာပါ။ ဒီ Feature ကိုတော့ Google Pixel 4 ဖုန်းမှာ တရားဝင်မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref : Android Authority