[Zawgyi] 

Google က ေအာက္တိုဘာ ၉ ရက္ေန႔ကက်င္းပခဲ့တဲ့ Made By Google Event မွာ Pixel 3 ဖုန္းအသစ္ေတြနဲ႔အတူ Pixel Slate ဆိုတဲ့ Tablet အသစ္ကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။ 

Android Tablet ေစ်းကြက္ႀကီးက ေသေနပါၿပီ။ ဒါေပမယ့္ Android Tablet ေတြက မေသေသးဘူးလို႔ေျပာလို႔ရပါတယ္။ အခု Google ကထုတ္ျပလိုက္တဲ့ Pixel Slate ဆိုတာကေတာ့ Android Tablet နဲ႔ အနီးစပ္ဆံုးျဖစ္တဲ့ ChromeOS သံုးထားတဲ့ Tablet/Laptop Hybrid ပါ။ 

Pixel Slate Tablet with Keyboard

Exterior 

Tablet ကိုၾကည့္လိုက္မယ္ဆိုရင္ Aluminium Body ေပၚမွာ 12.3 Inch LCD Display ၊ Stereo Speakers ၊ USB-C ၊ Keyboard Connector ၊ Fingerprint Scanner+Power Button နဲ႔ Camera ႏွစ္လံုး ပါဝင္ပါတယ္။ အေရာင္အေနနဲ႔ေတာ့ Midnight Blue ဆိုတဲ့အေရာင္တစ္မ်ိဳးတည္းကိုပဲ ထုတ္ေပးထားပါတယ္။ 

LCD Display

Internals 

Display ကေတာ့ 3000×2000 Resolution ရွိၿပီး 293PPI ရွိပါတယ္။ Display ရဲ႕ေနာက္မွာေတာ့ 48Wh Battery ကိုထည့္ေပးထားၿပီး အားအျပည့္သြင္းထားရင္ ၁၀ နာရီဆက္တိုက္ အသံုးခံမယ္လို႔ Google ကေတာ့ Website မွာေဖာ္ျပထားပါတယ္။ USB-C ကေတာ့ Charging ၊ Data Transfer နဲ႔ 4K Display Output အတြက္ သံုးလို႔ရပါတယ္။ 

Pixel Slate List

Specifications

Pixel Slate ကို Version အမ်ိဳးမ်ိဳးနဲ႔ ထုတ္ေပးထားတာေၾကာင့္ ကိုယ္နဲ႔ အဆင္ေျပမယ့္ Processor ၊ RAM ကို ေ႐ြးၿပီးဝယ္လို႔ရမွာပါ။ Processor ေတြအေနနဲ႔ေတာ့ 8th Generation Intel Core m3 ၊ i5 နဲ႔ i7 ဒါမွမဟုတ္ Intel Celeron Processor ဆိုၿပီးရွိသလို RAM 4GB ၊ 8GB နဲ႔ 16GB သံုးမ်ိဳး ေ႐ြးလို႔ရမွာပါ။ 

Chrome OS

Google က Chrome OS ကို အရင္ကထက္ အမ်ားႀကီးပိုေကာင္းေအာင္ လုပ္ေပးလာတာ အခုဆိုရင္ Tablet တစ္လံုးလိုေရာ Laptop တစ္လံုးလိုပါ သံုးရလြယ္တဲ့အဆင့္မွာေရာက္ေနပါၿပီ။ Android Tablet ေတြမွာသံုးလို႔ရခဲ့တဲ့ Android App ေတြအားလံုးနီးပါးကလည္း Pixel Slate မွာ သံုးလို႔ရလာၿပီျဖစ္တာေၾကာင့္ Android Tablet ဆိုတာကို ေမ့ထားလိုု႔ရပါၿပီ။ Google ကေတာ့ Chrome OS ကို ပိုၿပီး အေလးထားေနတယ္ဆိုတာ Pixel Slate က သက္ေသပါပဲ။ 

Pixel Slate Keyboard

ဒီ Pixel Slate Tablet က ဘယ္သူေတြအတြက္ျဖစ္မလဲဆိုတာကို Google က အေျဖေပးသြားခဲ့ပါတယ္။ ဖန္တီးရွင္ေတြ၊ ေက်ာင္းသားေတြ၊ ႐ံုးဝန္ထမ္းေတြနဲ႔ ခရီးခဏခဏထြက္ရသူေတြအတြက္ သယ္သြားရတာလြယ္ကူတဲ့ သာမန္ Laptop အစားထိုး ထုတ္ကုန္တစ္ခုအျဖစ္ ရည္႐ြယ္ထားတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းေျပာသြားခဲ့ပါတယ္။ အဲ့ဒီအတြက္ Pixel Slate Keyboard နဲ႔ Pen ကို သပ္သပ္ေရာင္းေပးတာေၾကာင့္ အသံုးလိုရင္ ဝယ္လို႔ရပါတယ္။ Pixel Slate ေတြကို $599 ကေနၿပီးေတာ့ $1,599 အထိသတ္မွတ္ေပးထားတာေၾကာင့္ အဆင္ေျပတာကို ေ႐ြးဝယ္လို႔ရပါတယ္။ 

Ref: Google | The Verge 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

$599 တန် Tablet တစ်လုံးဆိုတာထက်ပိုတဲ့ Google Pixel Slate

Google က အောက်တိုဘာ ၉ ရက်နေ့ကကျင်းပခဲ့တဲ့ Made By Google Event မှာ Pixel 3 ဖုန်းအသစ်တွေနဲ့အတူ Pixel Slate ဆိုတဲ့ Tablet အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ 

Android Tablet ဈေးကွက်ကြီးက သေနေပါပြီ။ ဒါပေမယ့် Android Tablet တွေက မသေသေးဘူးလို့ပြောလို့ရပါတယ်။ အခု Google ကထုတ်ပြလိုက်တဲ့ Pixel Slate ဆိုတာကတော့ Android Tablet နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ChromeOS သုံးထားတဲ့ Tablet/Laptop Hybrid ပါ။ 

Pixel Slate Tablet with Keyboard

Exterior 

Tablet ကိုကြည့်လိုက်မယ်ဆိုရင် Aluminium Body ပေါ်မှာ 12.3 Inch LCD Display ၊ Stereo Speakers ၊ USB-C ၊ Keyboard Connector ၊ Fingerprint Scanner+Power Button နဲ့ Camera နှစ်လုံး ပါဝင်ပါတယ်။ အရောင်အနေနဲ့တော့ Midnight Blue ဆိုတဲ့အရောင်တစ်မျိုးတည်းကိုပဲ ထုတ်ပေးထားပါတယ်။ 

LCD Display

Internals 

Display ကတော့ 3000×2000 Resolution ရှိပြီး 293PPI ရှိပါတယ်။ Display ရဲ့နောက်မှာတော့ 48Wh Battery ကိုထည့်ပေးထားပြီး အားအပြည့်သွင်းထားရင် ၁၀ နာရီဆက်တိုက် အသုံးခံမယ်လို့ Google ကတော့ Website မှာဖော်ပြထားပါတယ်။ USB-C ကတော့ Charging ၊ Data Transfer နဲ့ 4K Display Output အတွက် သုံးလို့ရပါတယ်။ 

Pixel Slate List

Specifications

Pixel Slate ကို Version အမျိုးမျိုးနဲ့ ထုတ်ပေးထားတာကြောင့် ကိုယ်နဲ့ အဆင်ပြေမယ့် Processor ၊ RAM ကို ရွေးပြီးဝယ်လို့ရမှာပါ။ Processor တွေအနေနဲ့တော့ 8th Generation Intel Core m3 ၊ i5 နဲ့ i7 ဒါမှမဟုတ် Intel Celeron Processor ဆိုပြီးရှိသလို RAM 4GB ၊ 8GB နဲ့ 16GB သုံးမျိုး ရွေးလို့ရမှာပါ။ 

Chrome OS

Google က Chrome OS ကို အရင်ကထက် အများကြီးပိုကောင်းအောင် လုပ်ပေးလာတာ အခုဆိုရင် Tablet တစ်လုံးလိုရော Laptop တစ်လုံးလိုပါ သုံးရလွယ်တဲ့အဆင့်မှာရောက်နေပါပြီ။ Android Tablet တွေမှာသုံးလို့ရခဲ့တဲ့ Android App တွေအားလုံးနီးပါးကလည်း Pixel Slate မှာ သုံးလို့ရလာပြီဖြစ်တာကြောင့် Android Tablet ဆိုတာကို မေ့ထားလိုု့ရပါပြီ။ Google ကတော့ Chrome OS ကို ပိုပြီး အလေးထားနေတယ်ဆိုတာ Pixel Slate က သက်သေပါပဲ။ 

Pixel Slate Keyboard

ဒီ Pixel Slate Tablet က ဘယ်သူတွေအတွက်ဖြစ်မလဲဆိုတာကို Google က အဖြေပေးသွားခဲ့ပါတယ်။ ဖန်တီးရှင်တွေ၊ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေနဲ့ ခရီးခဏခဏထွက်ရသူတွေအတွက် သယ်သွားရတာလွယ်ကူတဲ့ သာမန် Laptop အစားထိုး ထုတ်ကုန်တစ်ခုအဖြစ် ရည်ရွယ်ထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောသွားခဲ့ပါတယ်။ အဲ့ဒီအတွက် Pixel Slate Keyboard နဲ့ Pen ကို သပ်သပ်ရောင်းပေးတာကြောင့် အသုံးလိုရင် ဝယ်လို့ရပါတယ်။ Pixel Slate တွေကို $599 ကနေပြီးတော့ $1,599 အထိသတ်မှတ်ပေးထားတာကြောင့် အဆင်ပြေတာကို ရွေးဝယ်လို့ရပါတယ်။ 

Ref: Google | The Verge 

Min Than Htike (Akhayar)

www.akhayar.com