Google က ပုံမှန်အားဖြင့် Pixel စမတ်ဖုန်းတွေကို အောက်တိုဘာလထဲမှာ မိတ်ဆက်လာတာ အခုဆိုရင် ၃ နှစ်ရှိသွားပြီဖြစ်ပါတယ်။ အခုလည်း Google ကနေ Pixel 4 ကို လာမယ့် အောက်တိုဘာလမှာ မိတ်ဆက်လာတော့မှာဖြစ်ပြီးတော့ ထုံးစံအတိုင်း Rumor တွေစတင်ထွက်ရှိလာပြီပဲဖြစ်ပါတယ်။

အခုအရင်ဆုံးအနေနဲ့ Pricebaba နဲ့ OnLeaks တို့ကနေ Pixel 4 ရဲ့ Render Design ကို တင်ထားပေးခဲ့တာဖြစ်ပြီးတော့ ပုံစံအရ အနောက်ဖက်မှာ Back Camera Design ကလည်း Square Camera Design ကို သုံးထားပေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဒီနှစ်မှာ မိတ်ဆက်လာမယ့် iPhone အသစ်တွေနဲ့တောင် တူညီနေပါသေးတယ်။

Pixel 4 Leaks

ဒီလိုမျိုး Square Camera Design ကြောင့် ယခင်ထဲက Back Camera ၁ လုံးထဲနဲ့ နာမည်ကြီးခဲ့တဲ့ Pixel Series တွေက ဒီနှစ်မှာတော့ အနည်းဆုံး Camera ၂ လုံးနဲ့ Spectral Sensor အသစ်တစ်ခုပါဝင်မယ်လို့ ယူဆရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အရှေ့ဘက် Selfie Camera မှာလည်း ပြောင်းလဲမှုတွေအများအပြားရှိနေပြန်ပါတယ်။

နာမည်ကြီး YouTube Channel တစ်ခုဖြစ်တဲ့ Unbox Therapy ကလည်း ဒီ Pixel 4 တွေအတွက် Case Maker Version Mockup Hands-on Video တစ်ခုကို တင်ထားခဲ့ပြီး အဆိုပါ Video မှာ Pixel 4 မှာ အနည်းဆုံး Front Facing Imaging Sensor ၅ ခုကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်ဖြစ်နိုင်တာက Google Pixel 4 မှာ Face Unlock နည်းပညာကိုပါဝင်လာနိုင်နေပါတယ်။

Pixel 4 Leaks

ဒါ့အပြင် နောက်ထပ်သတင်းတစ်ခုက Google ကနေ ဒီ Pixel 4 ဖုန်းမှာ Project Soli ကို သီးသန့် Soli Radar Chip တစ်ခုအနေနဲ့ ထည့်သွင်းလာမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Google Project Soli က ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက Google ကနေ ဆောင်ရွက်နေတဲ့ Motion Sensing Gesture နည်းပညာတစ်ခုဖြစ်ပြီးတော့ Screen ဒါမှမဟုတ် Button တစ်ခုမှ မရှိရင်တောင် Millimeter-level အထိ Precise ဖြစ်နိုင်တဲ့ နည်းပညာတစ်ခုလည်းဖြစ်ပါတယ်။

XDA Developers ရဲ့ ပြောကြားချက်အရတော့ Google ကနေ ဒီ Feature ကို Aware Sensor လို့ခေါ်ဆိုမှာဖြစ်ပြီးတော့ Lock Screen မှာ Media Playback တွေကို Control လုပ်နိုင်တဲ့ Skip ၊ Silence Gesture တွေ၊ Screen ကို ကြည့်နေတုန်း Display ပိတ်သွားမှာမဟုတ်တဲ့ Feature တွေနဲ့ တခြားသော Gesture တွေပါ ပါဝင်လာမယ်လို့ သိရပါတယ်။

Pixel 3a

ဘာပဲဖြစ်ဖြစ် Selfie Camera ပိုင်းအရရော၊ Back Camera ပိုင်းအရရော Google Pixel 4 ဖုန်းတွေက အကြီးအကျယ်ပြောင်းလဲမှုတွေကို မြင်ရတော့မှာပါ။

Ref : The Verge