[Zawgyi]

Pixel 3 မှာဘာတွေထပ်ထည့်လာနိုင်မလဲ

Google က Nexus Line ကိုရပ်ပြီး Pixel နဲ့ပြန်စခဲ့တာ အခုဆိုရင် Pixel 2 အထိရောက်နေပါပြီ။ Pixel 2 ကို Version နှစ်မျိုးထုတ်ခဲ့ပေမယ့် Pixel 2 XL ကိုသာပိုစိတ်ဝင်စားခဲ့ကြပါတယ်။ Pixel 2 ကတော့ သာမန် 5 Inch 16:9 Ratio နဲ့ဖြစ်တာကြောင့် စိတ်ဝင်စားမှုနည်းခဲ့တာပါ။ Pixel 2 XL ကတော့ 18:9 Ratio နဲ့ဖြစ်တာကြောင့် လူကြိုက်များခဲ့ပါတယ်။ Pixel 2 XL ရဲ့ Display မှာပြဿနာအချို့ရှိခဲ့ပေမယ့် Google က Software Update နဲ့ဖြေရှင်းပေးခဲ့ပါတယ်။ OLED Display တော်တော်များများဖြစ်လေ့ရှိတဲ့ Blue Shift ပြဿနာပါ။

Pixel 3 ကိုလည်း သေချာပေါက် Version နှစ်မျိုးနဲ့ပဲတွေ့ရဖို့ရှိပြီး Pixel 3 ရော 3 XL ပါ 18:9 Ratio နဲ့ပဲလာဖို့မျှော်လင့်ရပါတယ်။ ထပ်တိုး Feature တွေအနေနဲ့တော့ Qi Standard နဲ့ Wireless Charging နဲ့ Face Unlock လို Feature တွေပါလာဖို့မျှော်လင့်ရပါတယ်။ USB-C Fast Charging ကတော့အခုထက်ပိုမြန်လာမှာဖြစ်ပါတယ်။

Display တွေကိုတော့ OLED ပဲဆက်သုံးမှာဖြစ်ပြီးတော့ Pixel 2 XL မှာဖြစ်ခဲ့တဲ့ Blue Shift လိုမျိုးပြဿနာတွေကတော့ Display အသစ်ကိုသုံးမှာကြောင့် အဆင်ပြေသွားမှာပါ။ Camera ကတော့ AI ကြောင့်ပိုကောင်းလာမှာဖြစ်ပြီး Single Camera ပဲဖြစ်မှာပါ။ Dual Camera မလိုဘူးဆိုတဲ့စကားက Pixel Phone တွေအတွက်ပုံသေတစ်ခုလိုဖြစ်လာတော့မှာပါ။  Pixel 3 ကို 2018 နှစ်ကုန်ပိုင်းမှာတွေ့ရနိုင်ပြီး $1000 ဝန်းကျင်ရှိနိုင်ပါတယ်။

Ref: Androidcentral

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[Unicode]