[Zawgyi]

လာမယ့္ ေအာက္တိုဘာ ၉ ရက္ေန႔မွာေတာ့ Google က Pixel 3 ဖုန္းေတြကို ထုတ္ျပသြားေတာ့မွာပါ။ ဒါေပမယ့္ Pixe 3 ဖုန္းေတြနဲ႔ ပတ္သက္လို႔ Online ေပၚက Social Media ေတြ၊ YouTube က Video Channel ေတြနဲ႔ သတင္း Website ေတြမွာ သတင္းေပါက္တာေတြ မ်ားေနပါၿပီ။

Leaked Pixel 3 XL

မၾကာေသးခင္ကပဲ တ႐ုတ္ျပည္ကေစ်းကြက္တစ္ခုမွာ Pixel 3 XL ေတြကို စၿပီးေရာင္းေနၿပီဆိုတဲ့ သတင္းက ဆက္တိုက္တက္လာခဲ့ပါတယ္။ တကယ္ပဲ ဝယ္လို႔ရေနၿပီးေတာ့ ဖုန္းေတြကလည္း Android 9 ပါၿပီးသား Notch ပါတဲ့ Pixel 3 XL ဖုန္း အစစ္ေတြလို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

Specification ေတြက ထင္သေလာက္ေတာ့ စိတ္ဝင္စားဖို႔မေကာင္းပါဘူး

ၿပီးေတာ့ Hardware က Pixel ဖုန္းေတြမွာ ထုတ္ႂကြားရေလာက္ေအာင္ အေရးမပါလို႔ပါ။

Pixel 3 ဖုန္းေတြက ၂၀၁၉ အတြက္ျဖစ္လာမယ့္ Flagship ဖုန္ေတြျဖစ္တာနဲ႔အညီ Qualcomm Snapdragon 845 Processor ၊ 4GB RAM နဲ႔ OLED Display ေတြပါလာမယ္ဆိုတာကေတာ့ ျငင္းစရာမရွိပါဘူး။ သတင္းေပါက္ထားတဲ့ Pixel 3 XL ေတြမွာလည္း RAM က 4GB ပဲပါေနတာပါ။ ထူးျခားတာကေတာ့ Google က Software ပိုင္းမွာ ဘယ္ေလာက္ေတာင္ ေကာင္းေအာင္လုပ္ထားေပးလို႔ RAM 4GB နဲ႔ အဆင္ေျပေနတာလဲဆိုတာပါ။

Notch on Pixel 3 XL

Pixel ဖုန္းအသစ္ေတြမွာ အရင္ကထြက္ခဲ့တဲ့ Pixel 2 ဖုန္းေတြနဲ႔ တူေနတဲ့အခ်က္ေတြ ပါေနဦးမွာပါ။ အဲ့တာေတြကေတာ့ Stereo Speakers ၊ Single Camera နဲ႔ Fast Charging Feature ေတြပါ။ အသစ္ပါလာဖို႔ရွိတာေတြကေတာ့ Glass Design နဲ႔ Wireless Charging ပါ။ ဒါေတြအားလံုးက Flagship ဖုန္းတစ္လံုးမွာ ေတြ႕ေနက်လိုျဖစ္ေနတာေၾကာင့္ ဘာမွေတာ့ မထူးဆန္းပါဘူး။ ဒါေပမယ့္ တကယ္စိတ္ဝင္စားဖို႔ေကာင္းတဲ့အပို္င္းေတြက သတင္းေပါက္တဲ့အထဲမွာ ပါမလာေသးပါဘူး။

OLED Display

အဲ့တာကေတာ့ Google Pixel 3 ဖုန္းေတြမွာ ပါလာမယ့္ AI ပါ။ Pixel 2 မွာအထိ AI ပိုင္းနဲ႔ ပတ္သက္လို႔ ေတာ္ေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းခဲ့ၿပီးသားပါ။ ဒါေပမယ့္ Pixel 3 က လူေတြကို AI နဲ႔ ပတ္သက္လို႔ ေတြးမိတဲ့အေတြးေတြ၊ စိတ္ဝင္စားမႈေတြအေပၚ ေျပာင္းလဲမႈေတြျဖစ္ေစမယ့္ ဖုန္းတစ္လံုးျဖစ္လာမွာပါ။ ဖုန္းတစ္လံုးက ဓာတ္ပံု႐ုိက္တာကအစ၊ App ေတြဖြင့္သံုးတဲ့ေနရာအထိ အေသးစိတ္ လိုက္ၿပီးေလ့လာေနမယ္၊ သက္ဆိုင္ရာအပိုင္းေတြအတြက္ အသံုးျပဳရတဲ့အေတြ႕အႀကံဳကို ပိုေကာင္းေအာင္လုပ္ေနမယ္ တနည္းေျပာရရင္ ႐ံုးတစ္ခုမွာ အလုပ္လုပ္ေနတဲ့လူတစ္ေယာက္လိုပဲ အလုပ္ကို ပိုၿပီးေကာင္းေအာင္ ႀကိဳးစားေနတာမ်ိဳးပါ။

Dual Selfie Camera ပါလာပါတယ္

Pixel 2 မွာ ေျပာစရာရွိတာက ဓာတ္ပံုေတြအပိုင္းပါ။ အခုအခ်ိန္အထိ ဖုန္းေတြထဲမွာ ဓာတ္ပံု႐ုိက္လိုက္တိုင္း စိတ္တိုင္းက်ခ်င္စရာေကာင္းတာ ဆိုရင္ Pixel 2 ကို ေျပးျမင္မိမွာပါ။ ပထမဦးဆံုးအခ်က္ကိုေျပာရရင္ Detail နဲ႔ Single Camera Portrait Mode ပါ။ Google က Pixel 2 ကို မိတ္ဆက္တုန္း Single Camera နဲ႔ Portrait Mode ကို ေကာင္းေကာင္းလုပ္ျပႏိုင္တာ AI ေၾကာင့္လို႔ ေျပာသြားခဲ့ပါတယ္။ Hardware နဲ႔ AI နဲ႔ေပါင္းလိုက္ေတာ့ Pixel 2 က ထြက္လာတဲ့ ဓာတ္ပံုေတြက Detail ပိုင္းမွာ အားရဖို႔ေကာင္းသလို Portrait Mode မွာ Dual Camera ပါတဲ့ဖုန္းေတြထက္ပိုေကာင္းတယ္လို႔ေျပာလို႔ရပါတယ္။ ေနာက္တစ္ခုက HDR+ ပါ။ အလင္းနဲ႔ အေမွာင္ႏွစ္ခုေရာေနတဲ့အခ်ိန္မွာ ဓာတ္ပံုေကာင္းတစ္ပံု႐ုိက္ဖို႔က ေတာ္ေတာ္ကို ခက္ပါတယ္။ ဒါေပမယ့္ Google က လက္ထဲကဖုန္းနဲ႔ အလြယ္တကူ ႐ုိက္ႏိုင္ေအာင္ AI ပါတဲ့ HDR Mode ကို ခ်ျပခဲ့တာပါ။ Google က Hardware ေတြကို အမ်ားႀကီး အားမကိုးဘဲ Software နဲ႔ AI ကိုပဲ ေကာင္းေအာင္လုပ္ေပးထားတာေၾကာင့္ Pixel ဖုန္းေတြက အခုလို စိတ္ဝင္စားဖို႔ေကာင္းေနတာပါ။

Always Listening

Internet Connection မရွိရင္ေတာင္ အနီးအနားက ဖြင့္ထားတဲ့သီခ်င္းေတြကို Always On Display မွာျပေပးတဲ့ AI Feature ေတြက Pixel ဖုန္းေတြမွာပဲ သံုးလို႔ရတာပါ။ လက္ရွိအခ်ိန္မွာ Android Pie ရဲ႕ Feature ေတြကလည္း Pixel 2 ဖုန္းေတြမွာ သံုးလို႔ရေနေပမယ့္ Pixel 3 ဖုန္းေတြအတြက္ ဘယ္လို Feature အသစ္ေတြကို မိတ္ဆက္ေပးလာဦးမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ Google ရဲ႕ ဖုန္းေတြက တျခား Flagship ဖုန္းေတြနဲ႔ယွဥ္ရင္ စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္က နည္းေနပါတယ္။ ဒါေပမယ့္ AI ပိုင္းေတြ၊ Software Optimization ေတြနဲ႔ Google ရဲ႕ Pixel Exclusive Feature ေတြေၾကာင့္ Smooth အျဖစ္ဆံုးနဲ႔ အေကာင္းဆံုး Android ဖုန္းေတြအျဖစ္ ေစ်းကြက္ရဲ႕ တစ္ေနရာမွာ အၿမဲရွိေနမွာပါ။ Pixel 3 ဖုန္းေတြကေတာ့ AI နဲ႔ပတ္သက္ၿပီး လူေတြရဲ႕ အျမင္ေတြကို ဘယ္လိုေျပာင္းေပးသြားႏုိင္မလဲဆိုတာက မနက္ျဖန္မွာေစာင့္ၾကည့္ရမွာပါ။

Ref: Tom’s Guide | Engadget

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

Pixel 3 ဖုန္းေတြမွာ သတင္းမေပါက္ၾကားေသးတဲ့ အရာတစ္ခု

လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာတော့ Google က Pixel 3 ဖုန်းတွေကို ထုတ်ပြသွားတော့မှာပါ။ ဒါပေမယ့် Pixe 3 ဖုန်းတွေနဲ့ ပတ်သက်လို့ Online ပေါ်က Social Media တွေ၊ YouTube က Video Channel တွေနဲ့ သတင်း Website တွေမှာ သတင်းပေါက်တာတွေ များနေပါပြီ။

Leaked Pixel 3 XL

မကြာသေးခင်ကပဲ တရုတ်ပြည်ကဈေးကွက်တစ်ခုမှာ Pixel 3 XL တွေကို စပြီးရောင်းနေပြီဆိုတဲ့ သတင်းက ဆက်တိုက်တက်လာခဲ့ပါတယ်။ တကယ်ပဲ ဝယ်လို့ရနေပြီးတော့ ဖုန်းတွေကလည်း Android 9 ပါပြီးသား Notch ပါတဲ့ Pixel 3 XL ဖုန်း အစစ်တွေလို့ သေချာသလောက်ရှိနေပါတယ်။

Specification တွေက ထင်သလောက်တော့ စိတ်ဝင်စားဖို့မကောင်းပါဘူး

ပြီးတော့ Hardware က Pixel ဖုန်းတွေမှာ ထုတ်ကြွားရလောက်အောင် အရေးမပါလို့ပါ။

Pixel 3 ဖုန်းတွေက ၂၀၁၉ အတွက်ဖြစ်လာမယ့် Flagship ဖုန်တွေဖြစ်တာနဲ့အညီ Qualcomm Snapdragon 845 Processor ၊ 4GB RAM နဲ့ OLED Display တွေပါလာမယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ သတင်းပေါက်ထားတဲ့ Pixel 3 XL တွေမှာလည်း RAM က 4GB ပဲပါနေတာပါ။ ထူးခြားတာကတော့ Google က Software ပိုင်းမှာ ဘယ်လောက်တောင် ကောင်းအောင်လုပ်ထားပေးလို့ RAM 4GB နဲ့ အဆင်ပြေနေတာလဲဆိုတာပါ။

Notch on Pixel 3 XL

Pixel ဖုန်းအသစ်တွေမှာ အရင်ကထွက်ခဲ့တဲ့ Pixel 2 ဖုန်းတွေနဲ့ တူနေတဲ့အချက်တွေ ပါနေဦးမှာပါ။ အဲ့တာတွေကတော့ Stereo Speakers ၊ Single Camera နဲ့ Fast Charging Feature တွေပါ။ အသစ်ပါလာဖို့ရှိတာတွေကတော့ Glass Design နဲ့ Wireless Charging ပါ။ ဒါတွေအားလုံးက Flagship ဖုန်းတစ်လုံးမှာ တွေ့နေကျလိုဖြစ်နေတာကြောင့် ဘာမှတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတွေက သတင်းပေါက်တဲ့အထဲမှာ ပါမလာသေးပါဘူး။

OLED Display

အဲ့တာကတော့ Google Pixel 3 ဖုန်းတွေမှာ ပါလာမယ့် AI ပါ။ Pixel 2 မှာအထိ AI ပိုင်းနဲ့ ပတ်သက်လို့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းခဲ့ပြီးသားပါ။ ဒါပေမယ့် Pixel 3 က လူတွေကို AI နဲ့ ပတ်သက်လို့ တွေးမိတဲ့အတွေးတွေ၊ စိတ်ဝင်စားမှုတွေအပေါ် ပြောင်းလဲမှုတွေဖြစ်စေမယ့် ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဖုန်းတစ်လုံးက ဓာတ်ပုံရိုက်တာကအစ၊ App တွေဖွင့်သုံးတဲ့နေရာအထိ အသေးစိတ် လိုက်ပြီးလေ့လာနေမယ်၊ သက်ဆိုင်ရာအပိုင်းတွေအတွက် အသုံးပြုရတဲ့အတွေ့အကြုံကို ပိုကောင်းအောင်လုပ်နေမယ် တနည်းပြောရရင် ရုံးတစ်ခုမှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်လိုပဲ အလုပ်ကို ပိုပြီးကောင်းအောင် ကြိုးစားနေတာမျိုးပါ။

Dual Selfie Camera ပါလာပါတယ်

Pixel 2 မှာ ပြောစရာရှိတာက ဓာတ်ပုံတွေအပိုင်းပါ။ အခုအချိန်အထိ ဖုန်းတွေထဲမှာ ဓာတ်ပုံရိုက်လိုက်တိုင်း စိတ်တိုင်းကျချင်စရာကောင်းတာ ဆိုရင် Pixel 2 ကို ပြေးမြင်မိမှာပါ။ ပထမဦးဆုံးအချက်ကိုပြောရရင် Detail နဲ့ Single Camera Portrait Mode ပါ။ Google က Pixel 2 ကို မိတ်ဆက်တုန်း Single Camera နဲ့ Portrait Mode ကို ကောင်းကောင်းလုပ်ပြနိုင်တာ AI ကြောင့်လို့ ပြောသွားခဲ့ပါတယ်။ Hardware နဲ့ AI နဲ့ပေါင်းလိုက်တော့ Pixel 2 က ထွက်လာတဲ့ ဓာတ်ပုံတွေက Detail ပိုင်းမှာ အားရဖို့ကောင်းသလို Portrait Mode မှာ Dual Camera ပါတဲ့ဖုန်းတွေထက်ပိုကောင်းတယ်လို့ပြောလို့ရပါတယ်။ နောက်တစ်ခုက HDR+ ပါ။ အလင်းနဲ့ အမှောင်နှစ်ခုရောနေတဲ့အချိန်မှာ ဓာတ်ပုံကောင်းတစ်ပုံရိုက်ဖို့က တော်တော်ကို ခက်ပါတယ်။ ဒါပေမယ့် Google က လက်ထဲကဖုန်းနဲ့ အလွယ်တကူ ရိုက်နိုင်အောင် AI ပါတဲ့ HDR Mode ကို ချပြခဲ့တာပါ။ Google က Hardware တွေကို အများကြီး အားမကိုးဘဲ Software နဲ့ AI ကိုပဲ ကောင်းအောင်လုပ်ပေးထားတာကြောင့် Pixel ဖုန်းတွေက အခုလို စိတ်ဝင်စားဖို့ကောင်းနေတာပါ။

Always Listening

Internet Connection မရှိရင်တောင် အနီးအနားက ဖွင့်ထားတဲ့သီချင်းတွေကို Always On Display မှာပြပေးတဲ့ AI Feature တွေက Pixel ဖုန်းတွေမှာပဲ သုံးလို့ရတာပါ။ လက်ရှိအချိန်မှာ Android Pie ရဲ့ Feature တွေကလည်း Pixel 2 ဖုန်းတွေမှာ သုံးလို့ရနေပေမယ့် Pixel 3 ဖုန်းတွေအတွက် ဘယ်လို Feature အသစ်တွေကို မိတ်ဆက်ပေးလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ Google ရဲ့ ဖုန်းတွေက တခြား Flagship ဖုန်းတွေနဲ့ယှဉ်ရင် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က နည်းနေပါတယ်။ ဒါပေမယ့် AI ပိုင်းတွေ၊ Software Optimization တွေနဲ့ Google ရဲ့ Pixel Exclusive Feature တွေကြောင့် Smooth အဖြစ်ဆုံးနဲ့ အကောင်းဆုံး Android ဖုန်းတွေအဖြစ် ဈေးကွက်ရဲ့ တစ်နေရာမှာ အမြဲရှိနေမှာပါ။ Pixel 3 ဖုန်းတွေကတော့ AI နဲ့ပတ်သက်ပြီး လူတွေရဲ့ အမြင်တွေကို ဘယ်လိုပြောင်းပေးသွားနိုင်မလဲဆိုတာက မနက်ဖြန်မှာစောင့်ကြည့်ရမှာပါ။

Ref: Tom’s Guide | Engadget

Min Than Htike (Akhayar)

www.akhayar.com