[Zawgyi] 


Google Pixel 2


Render of Pixel 3


Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Google Pixel 3 ဖုန်းတွေမှာ Wireless Charging ပါလာနိုင်တယ်

၂၀၁၈ အတွက် Google ထုတ်ပြမယ့် Pixel ဖုန်းတွေကိုတော့ Pixel Fan တွေကြားမှာ စိတ်ဝင်စားမှုတွေမြင့်တက်လာပါပြီ။ Google အနေနဲ့ Pixe ဖုန်းမှာပထမဆုံးအနေနဲ့ Wireless Charging ထည့်ပေးလာမယ်လို့ သတင်းထွက်လာတာကြောင့်ပါ။ 

Google Pixel 2

Google က Pixel ဖုန်းတွေ စထုတ်ကတည်းက တခြားဖုန်းတွေနဲ့လုံးဝမတူတဲ့ Design အယူအဆကို အသုံးပြုခဲ့ပါတယ်။ Pixel ရဲ့ Design အမှတ်အသားတစ်ခုဖြစ်တာကတော့ နောက်ကျောဖက်မှာ Glass ကို ဖုန်းရဲ့ပေါ်ဖက်ကိုသာ သီးသန့်သုံးပေးထားတဲ့ အချက်ပါ။ Wireless Charging ထည့်ပေးလာမယ်ဆိုရင် Glass ကို Google ကဘယ်လို Design ပြန်ပြောင်းမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

Render of Pixel 3

လက်ရှိသတင်းပေါက်လာတာကတော့ Google ရဲ့ Android P Developer Beta 2 ကြောင့်ပါ။ Android P မှာ Google က Pixel ဖုန်းအတွက် Wireless Charging Dock ကို Support လုပ်လာနိုင်တာမျိုးပါဝင်လာတယ်လို့ သိရပါတယ်။ Wireless Charging ကောင်းကောင်းအလုပ်လုပ်ဖို့နဲ့ အဆင်ပြေပြေအသုံးပြုနိုင်ဖို့အတွက် Pixel 3 ရဲ့နောက်ဖက်အခြမ်းတစ်ခုလုံးကို Glass သုံလာမှအဆင်ပြေမှာပါ။ Google ကလည်း Pixel 3 အတွက် Original Design ကို အပျက်ခံမလားးဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။