This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒူးဒဏ္ရာေၾကာင့္ စပိန္အသင္း ေလ့က်င့္ေရး အစီအစဥ္ကေန ထြက္ခြာခဲ့တဲ့ ေနာက္ခံလူ ပီေကး

စပိန္အသင္းရဲ႕ အဓိက ေနာက္ခံလူ ပီေကး Pique ဒူးဒဏ္ရာေၾကာင့္ အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ကေန ထြက္ခြာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ စပိန္အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြ မၿပီးဆံုးခင္မွာတင္ ေနာက္ခံလူ ပီေကး Pique ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္ ရုရွားႏိုင္ငံရွိ ခရက္စ္ႏိုဒါအသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ ျပဳလုပ္ေနတဲ့ စပိန္အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ ဒဏ္ရာျပႆနာရွိေနတဲ့ ေနာက္ခံလူ ကာဗာဟယ္လ္ Carvajal ကလြဲလို႔ အသင္းသားအားလံုး ပါဝင္ခဲ့ပါတယ္။ တစ္စံုတစ္ေယာက္နဲ႔မွ ထိခိုက္မႈ မရွိခဲ့ဘဲ ေဘာလံုးထိန္းဖို႔ ႀကိဳးစားရာကေန ပီေကး Pique ရဲ႕ ဘယ္ဘက္ဒူးေခါင္းမွာ ဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။

Pique-leaves-training-with-knee-pain

Pique-leaves-training-with-knee-pain

ဒဏ္ရာ ရရွိခဲ့တဲ့ေနာက္မွာေတာ့ အသင္းေဖာ္ ေဒးဗစ္ေဆးလ္ဗား David Silva နဲ႔ အေပါ့စား ေလ့က်င့္ခန္းတခ်ိဳ႔ကို ျပဳလုပ္ခဲ့ေပမယ့္ နာက်ဥ္မႈဒဏ္ကို ခံစားေနခဲ့ရလုိ႔ ေလ့က်င့္ေရးကြင္းကေန ပီေကး Pique ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဒဏ္ရာ ျပႆနာ အနည္းငယ္ရွိတဲ့ ေနာက္ခံလူ ပီေကး Pique ကို နည္းျပ လိုပက္တက္ဂီ Lopetegui ကလည္း အနားေပးဖို႔ ဆံုးျဖတ္ခဲ့ၿပီး အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြကေန ထြက္ခြာခြင့္ ျပဳခဲ့ပါတယ္။ ေလ့က်င့္ေရးကြင္းက ထြက္ခြာခဲ့တဲ့ ပီေကး Pique ရဲ႕ ဒဏ္ရာ ျပႆနာနဲ႔ ပတ္သက္လို႔ စပိန္အသင္းဘက္က အတိအက် သတင္းထုတ္ျပန္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရပါတယ္။ စပိန္အသင္းဟာ လာမယ့္ စေနေန႔မွာ ကမၻာ႔ဖလားၿပိဳင္ပြဲ အုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ ဥေရာပခ်န္ပီယံ ေပၚတူဂီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။

REF:Mirror
Photo:Goal.com, Marca
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒူးဒဏ်ရာကြောင့် စပိန်အသင်း လေ့ကျင့်ရေး အစီအစဉ်ကနေ ထွက်ခွာခဲ့တဲ့ နောက်ခံလူ ပီကေး

စပိန်အသင်းရဲ့ အဓိက နောက်ခံလူ ပီကေး Pique ဒူးဒဏ်ရာကြောင့် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကနေ ထွက်ခွာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ စပိန်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ မပြီးဆုံးခင်မှာတင် နောက်ခံလူ ပီကေး Pique ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ရုရှားနိုင်ငံရှိ ခရက်စ်နိုဒါအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်နေတဲ့ စပိန်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဒဏ်ရာပြဿနာရှိနေတဲ့ နောက်ခံလူ ကာဗာဟယ်လ် Carvajal ကလွဲလို့ အသင်းသားအားလုံး ပါဝင်ခဲ့ပါတယ်။ တစ်စုံတစ်ယောက်နဲ့မှ ထိခိုက်မှု မရှိခဲ့ဘဲ ဘောလုံးထိန်းဖို့ ကြိုးစားရာကနေ ပီကေး Pique ရဲ့ ဘယ်ဘက်ဒူးခေါင်းမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Pique-leaves-training-with-knee-pain

Pique-leaves-training-with-knee-pain

ဒဏ်ရာ ရရှိခဲ့တဲ့နောက်မှာတော့ အသင်းဖော် ဒေးဗစ်ဆေးလ်ဗား David Silva နဲ့ အပေါ့စား လေ့ကျင့်ခန်းတချို့ကို ပြုလုပ်ခဲ့ပေမယ့် နာကျဉ်မှုဒဏ်ကို ခံစားနေခဲ့ရလို့ လေ့ကျင့်ရေးကွင်းကနေ ပီကေး Pique ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာ ပြဿနာ အနည်းငယ်ရှိတဲ့ နောက်ခံလူ ပီကေး Pique ကို နည်းပြ လိုပက်တက်ဂီ Lopetegui ကလည်း အနားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကနေ ထွက်ခွာခွင့် ပြုခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းက ထွက်ခွာခဲ့တဲ့ ပီကေး Pique ရဲ့ ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်လို့ စပိန်အသင်းဘက်က အတိအကျ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။ စပိန်အသင်းဟာ လာမယ့် စနေနေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဥရောပချန်ပီယံ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

REF:Mirror
Photo:Goal.com, Marca
Aung Kyaw Wai (Akhayar)
www.akhayar.com