[Zawgyi]

သူ႔ကို အသက္ၾကီးျပီလို႔ ေျပာတဲ့သူကုိ အထာက်က် တံု႔ျပန္လိုက္တဲ့ Pink

Pink  တစ္ေယာက္ တျဖည္းျဖည္း အသက္အရြယ္ၾကီးလာတဲ့ ကိစၥကို သူ႔ကို သေဘာမက်တဲ့သူတစ္ေယာက္က Twitter မွာ “Pink looks so old that she should be named purple instead”. ဆိုျပီး Pink ၾကည့္ရတာ အရမ္းအုိေနျပီျဖစ္တဲ့အတြက္ Pink အစား နာမည္ကို Purple လို႔ ေျပာင္းသင့္ေၾကာင္း တင္ခဲ့ပါတယ္။

Pink

ဒါကို Pink က “You must be from la လို႔ အစခ်ီျပီးေတာ့ “ငါ့အသက္ ၃၈ ႏွစ္အတြင္းမွာ မိနစ္တုိင္းဝင္ေငြရေနတာပါ၊ မင္းကေရာ”လို႔ သေဘာရတဲ့ စာကို Tweet ျပန္လုပ္ခဲ့ပါတယ္။

ဒါ့အျပင္ “အသက္ၾကီးလာတယ္ဆိုတာ ေကာင္းမြန္ျခင္းတစ္ခုပါပဲ။ မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြရွိေနတယ္ဆိုတာ ေပ်ာ္ရႊင္စရာေတြနဲ႔ အမ်ားၾကီးရယ္ေမာခဲ့ျပီးျပီဆိုတာ ျပေနတာပါ”လို႔ ပညာသားပါပါ တံု႔ျပန္ခဲ့ပါတယ္။

သူ႔ရဲ့ ဒီလို ေျပာၾကားခ်က္ကို သူ႔ပရိသတ္ေတြနဲ႔ Reese Witherspoon တိုိ႔လို နာမည္ၾကီး အႏုပညာရွင္ေတြကလည္း ခုလို ေထာက္ခံခဲ့ပါတယ္။

Pink

Pink ဟာ တကယ္လည္း အသက္ၾကီးလာတာနဲ႔အမွ် ရင့္က်က္မႈေတြနဲ႔ လန္းေနဆဲမို႔ ေဝဖန္တာကို ဒီလိုမ်ိဳး ခပ္မိုက္မိုက္တံု႔ျပန္ႏုိင္တာလည္း ျဖစ္ပါေၾကာင္း။

Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com
[Unicode]

သူ့ကို အသက်ကြီးပြီလို့ ပြောတဲ့သူကို အထာကျကျ တုံ့ပြန်လိုက်တဲ့ Pink

Pink  တစ်ယောက် တဖြည်းဖြည်း အသက်အရွယ်ကြီးလာတဲ့ ကိစ္စကို သူ့ကို သဘောမကျတဲ့သူတစ်ယောက်က Twitter မှာ “Pink looks so old that she should be named purple instead”. ဆိုပြီး Pink ကြည့်ရတာ အရမ်းအိုနေပြီဖြစ်တဲ့အတွက် Pink အစား နာမည်ကို Purple လို့ ပြောင်းသင့်ကြောင်း တင်ခဲ့ပါတယ်။

Pink

ဒါကို Pink က “You must be from la လို့ အစချီပြီးတော့ “ငါ့အသက် ၃၈ နှစ်အတွင်းမှာ မိနစ်တိုင်းဝင်ငွေရနေတာပါ၊ မင်းကရော”လို့ သဘောရတဲ့ စာကို Tweet ပြန်လုပ်ခဲ့ပါတယ်။

ဒါ့အပြင် “အသက်ကြီးလာတယ်ဆိုတာ ကောင်းမွန်ခြင်းတစ်ခုပါပဲ။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေရှိနေတယ်ဆိုတာ ပျော်ရွှင်စရာတွေနဲ့ အများကြီးရယ်မောခဲ့ပြီးပြီဆိုတာ ပြနေတာပါ”လို့ ပညာသားပါပါ တုံ့ပြန်ခဲ့ပါတယ်။

သူ့ရဲ့ ဒီလို ပြောကြားချက်ကို သူ့ပရိသတ်တွေနဲ့ Reese Witherspoon တို့လို နာမည်ကြီး အနုပညာရှင်တွေကလည်း ခုလို ထောက်ခံခဲ့ပါတယ်။

Pink

Pink ဟာ တကယ်လည်း အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေနဲ့ လန်းနေဆဲမို့ ဝေဖန်တာကို ဒီလိုမျိုး ခပ်မိုက်မိုက်တုံ့ပြန်နိုင်တာလည်း ဖြစ်ပါကြောင်း။

Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com