[Zawgyi]

အလြန္အက်ဴး ျမဴးလို႔ေကာင္းတဲ႔ ဆယ္လီတို႔ စံုရပ္ အထာက်က် Pine 24

Pine 24 တဲ႔။ တူညီတဲ႔ လူသားေတြထဲက မတူညီတဲ႔ Character ေတြ စုဆံုရာ Minimalist ဆန္ဆန္ ၿမိဳ႕ျပညေတြကို ရွာေဖြလို႔ရမယ့္ တစ္ခုတည္းေသာ နီယြန္မီးေရာင္ေတြနဲ႔ ကမ႓ာေလး။

Pine 24 ရဲ႕ ဝင္ေပါက္တံခါးဝကို တြန္းဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတာက Neon Ligh ခရမ္းေဖ်ာ့ေရာင္နဲ႔ Same Same but Different တဲ႔။
တူညီတဲ့ ျခားနားသူေတြကို တစ္သီးတစ္ျခားထဲ ေတြ႕ရမယ့္ ရန္ကုန္ရဲ႕ အထာအက်ဆံုး ေခတ္သစ္ Bar ေလး။

လြန္ခဲ့တဲ့ ေအာက္တိုဘာတစ္ညမွာ ရန္ကုန္ၿမိဳ႕ရဲ႕ ထိတ္ထိတ္ႀကဲ ေမာ္ဒယ္လ္ M Seng Lu ကိုယ္တိုင္ က်င္းပတဲ႔ Halloween Party က စၿပီး လူေတြၾကားထဲ နာမည္ႀကီးခဲ့တဲ႔ Pine 24 ဆိုတာ နာနတ္ေတာလမ္း နံပါတ္ ၂၄ ကို အေၾကာင္းျပဳၿပီး ေပးခဲ့တာဆိုရံုကလြဲ အျဖဴေရာင္ခပ္မ်ားမ်ား၊ အျပင္အဆင္ ခပ္ရွင္းရွင္းနဲ႔ လြင့္စရာ ေမ်ာစရာ…


လမ္းမႀကီးနဲ႔ ကားေတြကို မွန္တံခါးခပ္က်ဲက်ဲ အကြက္ေတြၾကားက ေငးစရာ လြင့္စရာ…


လူသူရႈပ္ရႈပ္ၿမိဳ႕ျပညေတြက ေျပးထြက္စရာ ေနရာေလးတစ္ခုအျဖစ္ အသက္ဝင္ခဲ့ပါတယ္။

ညေန ၄နာရီကေန ည ၁၂ နာရီထိ သက္ဝင္လႈပ္ရွားတဲ့ ဒီေနရာေလးက ညေန၆နာရီေနာက္ပိုင္းဆို နီယြန္မီးေရာင္ေတြနဲ႔ ျမဴးလို႔႐ူးလို႔ ေကာင္းတဲ႔ စိတ္ထြက္ေပါက္ေနရာေလးအျဖစ္ လူသိမ်ားပါတယ္။

ေနရာေလးကေတာ့ အထာက်ပါရဲ႕? စားေသာက္စရာေတြအေနနဲ႔ဆိုေရာ?

Pine 24 ရဲ႕ Specialized Drinks က ေရာင္စံုအရသာစံု ရီေဝေစမယ့္ Cocktail ေတြပါ။ နာမည္အႀကီးဆံုး Signature Special Cocktail ကစၿပီး နာမည္ဆန္းဆန္းနဲ႔ စိတ္ကိုျမဴးေစရီေဝေစမယ့္ Cocktail ၁၇ မ်ိဳးေက်ာ္ရပါတယ္။ တျခား ဘီယာ၊ Soda ၊ Juice နဲ႔ Smoothie ေတြကေတာ့ Alcohol ေရွာင္တဲ့သူေတြအတြက္ အေထာက္ကူျပဳမွာပါ။

အစားအစာကေတာ့ European Foods ေတြကိုမွ Pine 24 ရဲ႕ ကိုယ္ပိုင္ပံုစံျပန္တီထြင္ထားတဲ့ ဆန္းဆန္းျပားျပား အရသာမ်ိဳးကို ရႏိုင္ပါတယ္။

Local Beef ကိုမွ Texture ေရာ အရသာေရာပါ ႏူးအိေနေအာင္ Red Wine Sauce နဲ႔ ျပင္ဆင္ေပးတဲ့ Carne Asada နာမည္နဲ႔ Mexican ႐ိုးရာ Beef Steak က လူၾကိုက္မ်ားပါတယ္။

Red Wine နံ့ခပ္သင္းသင္း ဆမ္းခ်ထားတဲ့ အမဲသားရဲ႕ ႏူးညံ့မႈက ပါးစပ္ဖ်ားထဲဝင္လာတာနဲ႔ ခ်ိဳျမျမအရည္ရႊမ္းရႊမ္း အညႇီနံ့ခပ္ပါးပါးေတာင္မပါေအာင္ ဆြဲေဆာင္ႏိုင္ပါတယ္။ ေစ်းက ၈၅၀၀ ဆိုေတာ့ မဆိုးဘူးေလ။ Steak Sauce မဟုတ္ဘဲ Red Wine Sauce ဆိုေတာ့ အရမ္းၾကီးေတာ့ မၾကိုက္မိပါဘူး။

Pine 24 မွာ ကိုယ္တိုင္ ဝက္သားကို ကိုယ္ပိုင္ Recipe နဲ႔ႀကိတ္တဲ႔ Sausage ကေတာ့ နာမည္အႀကီးဆံုးပါ။ အေမႊးနံ့သာ Spice ေတြႁပြမ္းသိပ္ေနေအာင္မမ်ားဘဲ အလံုး ခပ္တုတ္တုတ္နဲ႔ အသားအနံ့အရသာ ေမႊးသင္းေနတဲ့ Sausage တစ္ပြဲက ဘီယာတစ္ခြက္နဲ႔ဆို ဘယ္ေလာက္ေတာင္ လိုက္ဖက္လိုက္မလဲေနာ္။

ဒါကေတာ့ အခရာကိုယ္တိုင္ပါ ထပ္ထပ္စားခ်င္ေအာင္ႀကိဳက္တဲ့ပြဲပါ။ တစ္ေခ်ာင္းကို ၄၅၀၀ ေပးရပါတယ္။

Pine 24 ေရာက္တဲ့သူတိုင္း အခ်ိန္တကူးတက မိနစ္၂၀ ေလာက္ေစာင့္ၿပီးကို ထိုက္ထိုက္တန္တန္မစားမျဖစ္ စားေစခ်င္တဲ့အရာက ၾကက္ေပါင္သားပါ။ မီးေအးေအးနဲ႔ ၃ နာရီေလာက္ Grilled လုပ္ထားတဲ့ၾကက္ေပါင္က အျပင္ခြံႂကြပ္မြေနေအာင္ေမႊးၿပီး ငါးကင္ထဲထည့္တဲ့ အဆာပလာေလးေတြကိုေဆာ့စ္လုပ္ထားေပးတာမို႔ Pine 24 ရဲ႕ နာမည္ေက်ာ္ ၾကက္ကင္လို႔ေျပာရေလာက္တဲ့ထိပါ။ ေၿပာင္းဖူးေထာပတ္ကင္နဲ႔ ဆိုေတာ့ အလြန္အက်ူးပါပဲ။


အသားကလည္း အ႐ိုးထဲထိႏူးအိေနတာဆိုေတာ့ ႐န္ကုန္မွာၾကက္သားကိုဒီေလာက္စားေကာင္းေအာင္ ျပင္ဆင္ႏိုင္တာ တကယ္ဆရာက်ပါတယ္။

ခုခ်ိန္မွာေတာ့ မီႏူးေတြေရာ၊ ဆိုင္အျပင္အဆင္ကိုပါေသခ်ာေလးျပန္အဆင့္ျမႇင့္ေနတာမို႔ ဒီဇင္ဘာလထဲမွာေတာ့ Grand Opening လုပ္ေတာ့မယ္လို႔သိရပါတယ္။

ဒါေပမယ့္ Grand Opening မလုပ္ခင္တည္းကကို ရန္ကုန္ၿမိဳ႕ရဲ႕ ဆယ္လီအသိုင္းအဝိုင္းၾကားထဲ Pine 24 မွမေရာက္ဖူးရင္ေခတ္မမီဘူးလို႔ဆိုရေလာက္တဲ့ထိ နာမည္ႀကီးေနတာမို႔ တရက္ေလာက္ေတာ့ ညခ်မ္းအခ်ိန္ေလး အေရာက္သြားၿပီး အခရာက ၫႊန္ထားတဲ့ Special Item ေတြ ျမည္းစမ္းၾကည့္ပါဦးလို႔…

ညေန ၄ နာရီကေန ည၁၂ နာရီထိ လူစည္တဲ့ Pine 24 ရဲ႕လိပ္စာက အမွတ္ ၂၄၊ နာနတ္ေတာလမ္းမေပၚ၊ Junction Square နားမွာပါ။

[Unicode]

အလွန်အကျူး မြူးလို့ကောင်းတဲ့ ဆယ်လီတို့ စုံရပ် အထာကျကျ Pine 24

Pine 24 တဲ့။ တူညီတဲ့ လူသားတွေထဲက မတူညီတဲ့ Character တွေ စုဆုံရာ Minimalist ဆန်ဆန် မြို့ပြညတွေကို ရှာဖွေလို့ရမယ့် တစ်ခုတည်းသော နီယွန်မီးရောင်တွေနဲ့ ကမ္ဘာလေး။

Pine 24 ရဲ့ ဝင်ပေါက်တံခါးဝကို တွန်းဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက Neon Ligh ခရမ်းဖျော့ရောင်နဲ့ Same Same but Different တဲ့။
တူညီတဲ့ ခြားနားသူတွေကို တစ်သီးတစ်ခြားထဲ တွေ့ရမယ့် ရန်ကုန်ရဲ့ အထာအကျဆုံး ခေတ်သစ် Bar လေး။

လွန်ခဲ့တဲ့ အောက်တိုဘာတစ်ညမှာ ရန်ကုန်မြို့ရဲ့ ထိတ်ထိတ်ကြဲ မော်ဒယ်လ် M Seng Lu ကိုယ်တိုင် ကျင်းပတဲ့ Halloween Party က စပြီး လူတွေကြားထဲ နာမည်ကြီးခဲ့တဲ့ Pine 24 ဆိုတာ နာနတ်တောလမ်း နံပါတ် ၂၄ ကို အကြောင်းပြုပြီး ပေးခဲ့တာဆိုရုံကလွဲ အဖြူရောင်ခပ်များများ၊ အပြင်အဆင် ခပ်ရှင်းရှင်းနဲ့ လွင့်စရာ မျောစရာ…


လမ်းမကြီးနဲ့ ကားတွေကို မှန်တံခါးခပ်ကျဲကျဲ အကွက်တွေကြားက ငေးစရာ လွင့်စရာ…


လူသူရှုပ်ရှုပ်မြို့ပြညတွေက ပြေးထွက်စရာ နေရာလေးတစ်ခုအဖြစ် အသက်ဝင်ခဲ့ပါတယ်။

ညနေ ၄နာရီကနေ ည ၁၂ နာရီထိ သက်ဝင်လှုပ်ရှားတဲ့ ဒီနေရာလေးက ညနေ၆နာရီနောက်ပိုင်းဆို နီယွန်မီးရောင်တွေနဲ့ မြူးလို့ရူးလို့ ကောင်းတဲ့ စိတ်ထွက်ပေါက်နေရာလေးအဖြစ် လူသိများပါတယ်။

နေရာလေးကတော့ အထာကျပါရဲ့? စားသောက်စရာတွေအနေနဲ့ဆိုရော?

Pine 24 ရဲ့ Specialized Drinks က ရောင်စုံအရသာစုံ ရီဝေစေမယ့် Cocktail တွေပါ။ နာမည်အကြီးဆုံး Signature Special Cocktail ကစပြီး နာမည်ဆန်းဆန်းနဲ့ စိတ်ကိုမြူးစေရီဝေစေမယ့် Cocktail ၁၇ မျိုးကျော်ရပါတယ်။ တခြား ဘီယာ၊ Soda ၊ Juice နဲ့ Smoothie တွေကတော့ Alcohol ရှောင်တဲ့သူတွေအတွက် အထောက်ကူပြုမှာပါ။

အစားအစာကတော့ European Foods တွေကိုမှ Pine 24 ရဲ့ ကိုယ်ပိုင်ပုံစံပြန်တီထွင်ထားတဲ့ ဆန်းဆန်းပြားပြား အရသာမျိုးကို ရနိုင်ပါတယ်။

Local Beef ကိုမှ Texture ရော အရသာရောပါ နူးအိနေအောင် Red Wine Sauce နဲ့ ပြင်ဆင်ပေးတဲ့ Carne Asada နာမည်နဲ့ Mexican ရိုးရာ Beef Steak က လူကြိုက်များပါတယ်။

Red Wine နံ့ခပ်သင်းသင်း ဆမ်းချထားတဲ့ အမဲသားရဲ့ နူးညံ့မှုက ပါးစပ်ဖျားထဲဝင်လာတာနဲ့ ချိုမြမြအရည်ရွှမ်းရွှမ်း အညှီနံ့ခပ်ပါးပါးတောင်မပါအောင် ဆွဲဆောင်နိုင်ပါတယ်။ ဈေးက ၈၅၀၀ ဆိုတော့ မဆိုးဘူးလေ။ Steak Sauce မဟုတ်ဘဲ Red Wine Sauce ဆိုတော့ အရမ်းကြီးတော့ မကြိုက်မိပါဘူး။

Pine 24 မှာ ကိုယ်တိုင် ဝက်သားကို ကိုယ်ပိုင် Recipe နဲ့ကြိတ်တဲ့ Sausage ကတော့ နာမည်အကြီးဆုံးပါ။ အမွှေးနံ့သာ Spice တွေပြွမ်းသိပ်နေအောင်မများဘဲ အလုံး ခပ်တုတ်တုတ်နဲ့ အသားအနံ့အရသာ မွှေးသင်းနေတဲ့ Sausage တစ်ပွဲက ဘီယာတစ်ခွက်နဲ့ဆို ဘယ်လောက်တောင် လိုက်ဖက်လိုက်မလဲနော်။

ဒါကတော့ အခရာကိုယ်တိုင်ပါ ထပ်ထပ်စားချင်အောင်ကြိုက်တဲ့ပွဲပါ။ တစ်ချောင်းကို ၄၅၀၀ ပေးရပါတယ်။

Pine 24 ရောက်တဲ့သူတိုင်း အချိန်တကူးတက မိနစ်၂၀ လောက်စောင့်ပြီးကို ထိုက်ထိုက်တန်တန်မစားမဖြစ် စားစေချင်တဲ့အရာက ကြက်ပေါင်သားပါ။ မီးအေးအေးနဲ့ ၃ နာရီလောက် Grilled လုပ်ထားတဲ့ကြက်ပေါင်က အပြင်ခွံကြွပ်မွနေအောင်မွှေးပြီး ငါးကင်ထဲထည့်တဲ့ အဆာပလာလေးတွေကိုဆော့စ်လုပ်ထားပေးတာမို့ Pine 24 ရဲ့ နာမည်ကျော် ကြက်ကင်လို့ပြောရလောက်တဲ့ထိပါ။ ပြောင်းဖူးထောပတ်ကင်နဲ့ ဆိုတော့ အလွန်အကျူးပါပဲ။


အသားကလည်း အရိုးထဲထိနူးအိနေတာဆိုတော့ ရန်ကုန်မှာကြက်သားကိုဒီလောက်စားကောင်းအောင် ပြင်ဆင်နိုင်တာ တကယ်ဆရာကျပါတယ်။

ခုချိန်မှာတော့ မီနူးတွေရော၊ ဆိုင်အပြင်အဆင်ကိုပါသေချာလေးပြန်အဆင့်မြှင့်နေတာမို့ ဒီဇင်ဘာလထဲမှာတော့ Grand Opening လုပ်တော့မယ်လို့သိရပါတယ်။

ဒါပေမယ့် Grand Opening မလုပ်ခင်တည်းကကို ရန်ကုန်မြို့ရဲ့ ဆယ်လီအသိုင်းအဝိုင်းကြားထဲ Pine 24 မှမရောက်ဖူးရင်ခေတ်မမီဘူးလို့ဆိုရလောက်တဲ့ထိ နာမည်ကြီးနေတာမို့ တရက်လောက်တော့ ညချမ်းအချိန်လေး အရောက်သွားပြီး အခရာက ညွှန်ထားတဲ့ Special Item တွေ မြည်းစမ်းကြည့်ပါဦးလို့…

ညနေ ၄ နာရီကနေ ည၁၂ နာရီထိ လူစည်တဲ့ Pine 24 ရဲ့လိပ်စာက အမှတ် ၂၄၊ နာနတ်တောလမ်းမပေါ်၊ Junction Square နားမှာပါ။