[Zawgyi]

အာဆင္နယ္၏ ဂႏၳ၀င္ေက်ာနံပါတ္ (၁၄) ၀တ္ဆင္ခြင့္ရတဲ႔အတြက္ အူဘာမီယန္း ဂုဏ္ယူ

အာဆင္နယ္အသင္းဟာ ေဒါ့မြန္တိုက္စစ္မွဴး အူဘာမီယန္းကို အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ (၅၆)သန္းနဲ႔ (၃)ႏွစ္ခြဲ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အာဆင္နယ္အသင္းဟာ ဆန္းခ်က္ဇ္နဲ႔ ဂီေရာ့ဒ္တုိ႔ကို ၿပိဳင္ဘက္မန္ယူနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဆီ လက္လႊတ္ခဲ့ရၿပီးေနာက္ အူဘာမီယန္းကို ျပန္လည္ေခၚယူအားျဖည့္ႏုိင္ခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္းဟာ အာဆင္နယ္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္(၁၈၀,၀၀၀)ထိ ရရိွသြားမွာျဖစ္ၿပီး အသင္းရဲ႕ ဂႏၳဝင္ကစားသမား အြန္နရီရဲ႕ ေက်ာနံပါတ္(၁၄)ကို ဝတ္ဆင္သြားမွာျဖစ္ပါတယ္။ အသက္ (၂၈) ႏွစ္အရြယ္ အူဘာမီယန္းက “ ပထမဦးဆံုးအေနနဲ႔ ဒီမွာရိွေနရတာကို ေပ်ာ္ရႊင္မိပါတယ္။ မက္ခီတာယန္နဲ႔လည္း အသင္းမွာ ပူးေပါင္းႏုိင္တာေၾကာင့္ ဒီလိုခမ္းနားတဲ့အသင္းမ်ိဳးမွာ ကစားရမွာကို ေပ်ာ္ရႊင္မိပါတယ္။ အာဆင္နယ္ဟာ အြန္နရီလို ကစားသမားမ်ိဳးရဲ႕ သမုိင္းေၾကာင္းေတြကို ပိုင္ဆုိင္ခဲ့တဲ့အသင္းပါ။ ဒါဟာ တုိက္စစ္မွဴးေတြအတြက္ ဥပမာပါပဲ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

Aubameyang and Mkhitaryan

Aubameyang and Mkhitaryan

အာဆင္နယ္အသင္းဟာ ဆန္းခ်က္ဇ္အေျပာင္းအေရႊ႕မွာ ေဒ့ါမြန္မွာကစားခဲ့ဖူးတဲ့ မန္ယူကြင္းလယ္လူ မက္ခီတာယန္းနဲ႔ လဲလွယ္ခဲ့တာေၾကာင့္ လက္က်န္ရာသီဝက္မွာ အူဘာမီယန္းနဲ႔ မစ္ခီတာရီယန္တိုက္စစ္အတြဲကို အသင္းမွာ ျပန္လည္ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အာဆင်နယ်၏ ဂန္ထဝင်ကျောနံပါတ် (၁၄) ဝတ်ဆင်ခွင့်ရတဲ့အတွက် အူဘာမီယန်း ဂုဏ်ယူ

အာဆင်နယ်အသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၅၆)သန်းနဲ့ (၃)နှစ်ခွဲ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်နဲ့ ဂီရော့ဒ်တို့ကို ပြိုင်ဘက်မန်ယူနဲ့ ချယ်လ်ဆီးအသင်းတို့ဆီ လက်လွှတ်ခဲ့ရပြီးနောက် အူဘာမီယန်းကို ပြန်လည်ခေါ်ယူအားဖြည့်နိုင်ခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၁၈၀,၀၀၀)ထိ ရရှိသွားမှာဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်ကစားသမား အွန်နရီရဲ့ ကျောနံပါတ်(၁၄)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ အသက် (၂၈) နှစ်အရွယ် အူဘာမီယန်းက “ ပထမဦးဆုံးအနေနဲ့ ဒီမှာရှိနေရတာကို ပျော်ရွှင်မိပါတယ်။ မက်ခီတာယန်နဲ့လည်း အသင်းမှာ ပူးပေါင်းနိုင်တာကြောင့် ဒီလိုခမ်းနားတဲ့အသင်းမျိုးမှာ ကစားရမှာကို ပျော်ရွှင်မိပါတယ်။ အာဆင်နယ်ဟာ အွန်နရီလို ကစားသမားမျိုးရဲ့ သမိုင်းကြောင်းတွေကို ပိုင်ဆိုင်ခဲ့တဲ့အသင်းပါ။ ဒါဟာ တိုက်စစ်မှူးတွေအတွက် ဥပမာပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Aubameyang and Mkhitaryan

Aubameyang and Mkhitaryan

အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်အပြောင်းအရွှေ့မှာ ဒေ့ါမွန်မှာကစားခဲ့ဖူးတဲ့ မန်ယူကွင်းလယ်လူ မက်ခီတာယန်းနဲ့ လဲလှယ်ခဲ့တာကြောင့် လက်ကျန်ရာသီဝက်မှာ အူဘာမီယန်းနဲ့ မစ်ခီတာရီယန်တိုက်စစ်အတွဲကို အသင်းမှာ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။